မေဆွိ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
စာကြောင်း ၁၁၈ - စာကြောင်း ၁၁၈ -
== ကိုးကား ==
== ကိုးကား ==
{{reflist}}
{{reflist}}
[[Category:အတ္ထုပ္ပတ္တိ]]

[[Category:အဆိုတော်]]
[[Category:အဆိုတော်]]



၀၆:၀၈၊ ၁၂ ဇွန် ၂၀၁၁ ရက်နေ့က မူ

မေဆွိ
[[Image:|200px]]
{{{သက်တမ်း}}}
မွေးသက္ကရာဇ် ၁၉၆၂-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃)ရက်
အမည်ရင်း ဆွေအေးမြင့်
မိဘအမည် ဦးခင်မောင်ညွန့် + ဒေါ်မြင့်မြင့်ခင်
မွေးဖွားရာဒေသ ရန်ကုန်မြို့
နိုင်ငံသား
လူမျိုး မြန်မာ
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း
အလုပ်အကိုင် သရုပ်ဆောင်၊ အဆိုတော်
ကြင်ဖော် ဦးဇော်ဝင်း
သားသမီး
ထင်ပေါ်ကျော်ကြားမှု နိုင်ငံကျော် အဆိုတော်
ထင်ရှားသည့်လက်ရာများ {{{ထင်ရှားသည့်လက်ရာများ}}}
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ {{{ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ}}}
ကွယ်လွန်ရက်
ကွယ်လွန်ရာဒေသ {{{ကွယ်လွန်ရာဒေသ}}}
လက်မှတ် [[Image:{{{လက်မှတ်}}}|100px]]
ကွန်ယက်


မေဆွိ (၁၉၆၂ ဖေဖော်ဝါရီ ၁၃ - ) ၏ အမည်ရင်းမှာ ဆွေအေးမြင့်ဖြစ်ပြီး မြန်မာနိုင်ငံတဝန်း ကျော်ၾကားသည့် တေးသံရှင်နှင့် သရုပ်ဆောင်တစ်ဦးဖြစ်သည်။ မြန်မာ့ခေတ်ပေါ် တေးဂီတလောကတွင် အအောင်မြင်ဆုံး အမျိုးသမီး တေးသံရှင်တစ်ဦးဖြစ်သည်။ သူမ၏ ကော်ပီသီချင်းများအပြင် မြန်မာဟန် ရိုးရာသီချင်းများလည်း လူကြိုက်များသည်။ မေဆွိသည် ၁၉၇၀ ပြည့်နှစ်များတွင် နာမည်ကျော် တေးရေးဆရာ သုခမိန်လှိုင် ရေးသားဖန်တီးသည့် ‘ပန်းသီးသီချင်းများ’ ကော်ပီစီးရီးဖြင့် လူသိများလာသည်။ မေဆွိသည် စိုင်းထီးဆိုင်အပါအဝင် အမျိုးသား တေးသံရှင်များ၏ သီချင်းများကို ပြန်ဆိုလေ့ရှိသည့်အပြင် ကိုယ်ပိုင်သံစဉ်များကိုလည်း ထုတ်ဝေခဲ့သည်။ ကိုင်ဇာနှင့် သီဆိုသည့် စုံတွဲသီချင်းများမှာလည်း အထူးအောင်မြင်သည်။

အောင်မြင်မှု အထွဋ်အထိပ်သို့ ရောက်ရှိသည့် ၁၉၈၀ ပြည့်နှစ်များတွင် မေဆွိသည် နာမည်ကျော် သရုပ်ဆောင်များဖြစ်သည့် ပြေငြိမ်းကျော်သူ တို့နှင့်အတူ ရုပ်ရှင်များလည်း ရိုက်ကူးခဲ့ဖူးသည်။ သို့သော်လည်း ၁၉၉၀ ပြည့်နှစ်များတွင် ရုပ်ရှင်အပိုင်းကို ရပ်နားလိုက်ပြီး ဂီတလုပ်ငန်းကို အာရုံစိုက်လာခဲ့သည်။ မြန်မာ့ခေတ်ပေါ်ဂီတ ရေစီးကြောင်းသည် ခေတ်နှင့်အလိုက် ရော့ခ် (Rock)၊ ပေါ့ပ် (Pop)၊ ဟဲဗီးမက်တယ် (heavy metal) စသည့် ဂီတဟန်များမှ အာရ်အင်ဘီ (R&B)၊ တက္ကနို (techno)၊ ဟစ်ပ်ဟော့ပ် (Hip-hop) စသည့် သဏ္ဌာန်သို့ ကူးပြောင်းလာသော်လည်း သူမသည် ကိုယ်ပိုင်ဟန်ဖြင့် တေးစီးရီးများကို ဆက်လက်ထုတ်ဝေခဲ့သည်။

မေဆွိသည် ၁၉၉၇ ခုနှစ်တွင် နယူးယောက်မြို့မှ အမေရိကန်ရောက် မြန်မာလူမျိုး ဦးဇော်ဝင်းနှင့် လက်ထပ်ထိမ်းမြားပြီးနောက် ဂီတလောကနှင့်ရော အမိမြေကိုပါ ခွဲခွာခဲ့သည်။ လက်ရှိတွင် ခင်ပွန်းနှင့်အတူ ဒယ်လာဝဲတွင် နေထိုင်သည်။ သူမသည် ကမ္ဘာတဝန်းရှိ မြန်မာပရိသတ်များအတွက် သီဆိုဖျော်ဖြေနေဆဲ ဖြစ်သည်။

တေးစီးရီးများ

မေဆွိသည် သူမ၏ ဂီတသက်တမ်းတလျှောက် ဂီတဟန် အမျိုးမျိုးရှိသည့် သီချင်းပေါင်း ရာကျော်၊ တစ်ကိုယ်တော် စီးရီးပေါင်း ၅၀ ကျော်ကို ထုတ်ဝေခဲ့သည်။ ၁၀ နှစ်ကျော် နားခဲ့ပြီးနောက် ၂၀၁၀ ခုနှစ်တွင် စီးရီးအသစ်တစ်ခုကို ထုတ်ဝေခဲ့သည်။[၁]

တစ်ကိုယ်တော်

  • မြတ်လေးငုံ
  • ချစ်ရေစင်
  • ရွှေလည်တိုင်
  • မြကြာယံ
  • ပန်းသီးသီချင်းများ ၁
  • ပန်းသီးသီချင်းများ ၂
  • ပန်းသီးသီချင်းများ ၃
  • ပန်းသီးသီချင်းများ ၄
  • ပန်းသီးသီချင်းများ ၅
  • ပန်းသီးသီချင်းများ ၆
  • ပန်းသီးသီချင်းများ ၇ (၁၉၈၇)
  • ပန်းသီးဖီလင်
  • ပုစွန်ဆိတ်ကလေး ၁
  • ပုစွန်ဆိတ်ကလေး ၂
  • မြီးကောင်ပေါက်
  • နတ်မြင်းပျံ (၁၉၈၂)
  • အချစ်ကြောင့် (၁၉၈၂)
  • အီသီယိုးပီးယား (၁၉၈၃)
  • နှလုံးသားထဲက စိုင်းထီးဆိုင် ၁ (၁၉၈၅)
  • နှလုံးသားထဲက စိုင်းထီးဆိုင် ၂ (၁၉၈၅)
  • ရင်ထဲက စိုင်းထီးဆိုင်
  • ဘိုင်စကုတ်ထဲက ဆွိ (၁၉၈၅)
  • တို့ရဲ့အချိန်
  • သုံးပင်လိန်
  • သိတယ်မဟုတ်လား
  • ရေဒီယိုဆွိ
  • ဦးနှောက်စားနေပြီ
  • နှစ်ထပ်ကွမ်းကိုကို
  • ရွှေရင်အေး
  • ဆူး ဆွိ ဒိုင်ယာရီ
  • ရင်ထဲက စိုးပိုင် ၁
  • ရင်ထဲက စိုးပိုင် ၂
  • အေရိုးဘစ် (၁၉၉၀)
  • ခြိုးခြိမ့်ခြိမ့်ညံ (၁၉၉၁)
  • အားလုံးကောင်းပါစေ (၁၉၉၁)
  • ရင်ထဲက စိုင်းထီးဆိုင် နှစ် (၁၉၉၂)
  • ကိုကိုဘာလို့မုန်းတာလဲ (၁၉၉၂)
  • ကာတွန်းဇာတ်လိုက် (၁၉၉၂)
  • အိုအေစစ်
  • နားပန်းဆံ (၁၉၉၃)
  • ဆန်ဖရန်စစ္စကို (၁၉၉၄)
  • အသည်းထဲက ဗစ်တာခင်ညို
  • နှလုံးသားလက်ဆောင်
  • ရွှေမှုံကြဲ
  • စွန်
  • ချယ်ရီလွင်ပြင်
  • အိပ်မက်သစ်တစ်ဖန် မွေးဖွားခြင်း
  • အမြဲတမ်းမင်း
  • မာကျူရီည
  • ထူးအိမ်သင်ဝိညဉ် (၁၉၉၇)
  • ရင်ထဲက ခွန်သန်းထွန်း
  • ပန်းပိတောက်ပွဲတော်
  • နားလည်ထားနော်
  • မေတ္တာသံဝေ
  • သူမရဲ့ကဗျာ
  • ချစ်သူရဲ့သီချင်း
  • မာယာကိုကို
  • ချစ်လူမိုက် (၁၉၉၈)
  • ချစ်သလား မုန်းသလား (၁၉၉၈)
  • အလွမ်းစာလေးရေးလိုက်မယ် (၁၉၉၉)
  • နံနက်ခင်း (၁၉၉၉)
  • မေဆွိနှင့် နှလုံးသား သံစဉ်ချိုချိုများ (2010)

ပူးတွဲသီဆိုမှု

  • ရွှေရုပ်ရှင်စုံတွဲ ၁ (သိန်းတန်)
  • ရွှေရုပ်ရှင်စုံတွဲ ၂ (သိန်းတန်)
  • ရွှေရုပ်ရှင်စုံတွဲ ၃ (ခင်မောင်ထူး)
  • မမ မောင်မောင် မိမိ (ခင်မောင်ထူး)
  • မင်္ဂလာရွှေစုံတွဲ (သုမောင်)
  • လှမဉ္ဇူ (သုမောင်)
  • မေတ္တာပေါင်းကူး (မာမာအေး)
  • တူနှစ်ကိုယ်တိုင်းပြည် (ကိုင်ဇာ)
  • အကြင်နာအိပ်မက် (ထူးအိမ်သင်အောင်ရင်)
  • ရင်ထဲက လားရှိုး (ကန့်ကော်တော မျိုးအောင်)
  • နွေမိုးဆောင်း (ရန်အောင်)
  • ရှေးရေစက် (ရန်အောင်)
  • ရွှေမင်္ဂလာဆောင် ၁ (၁၉၉၇)
  • ရွှေမင်္ဂလာဆောင် ၂
  • လူတွေသိလေ ပိုကောင်းလေ
  • အချစ်စုံတွဲ
  • အမြတ်နိုးဆုံးနှင်း (စိုင်းထီးဆိုင်) (၁၉၉၂)
  • မောင်ငြိမ်းချမ်း သံသရာ (စိုးပိုင်)
  • ချစ်သူတို့အတွက် စုံတွဲတေး ၁ (Duets for Lovers 1)
  • Kyunnaw Do Ne Khit Thon Khit
  • May Sweet and Successful Singers 1
  • May Sweet and Successful Singers 2
  • ရွှေရောင်အိပ်မက်များ
  • ရင်တွင်းဆု (ဟေမာနေဝင်းနီနီဝင်းရွှေ)

ကိုးကား

  1. May Sweet Discography (in Japanese)။ 2010-04-01 တွင် ပြန်စစ်ပြီး။