မြသွဲ့သွဲ့ခိုင်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
စာကြောင်း ၁ - စာကြောင်း ၁ -
{{Infobox person
{{Infobox person
|name=မြသွဲ့သွဲ့ခိုင်
|name=မြသွဲ့သွဲ့ခိုင်
|birth_date = {{bda|2001|02|11}}
|death_cause=၂၀၂၁ ဆန္ဒပြမှုအတွင်း သေနတ်ဖြင့် ပစ်သတ်ခံရခြင်း
|death_cause=၂၀၂၁ ဆန္ဒပြမှုအတွင်း သေနတ်ဖြင့် ပစ်သတ်ခံရခြင်း
|death_date= {{death date|၂၀၂၁|၂|၁၂}}
|death_date= {{death date|၂၀၂၁|၂|၁၂}}

၀၇:၅၁၊ ၁၆ ဖေဖော်ဝါရီ ၂၀၂၁ ရက်နေ့က မူ

မြသွဲ့သွဲ့ခိုင်
မွေးဖွား (2001-02-11) ဖေဖော်ဝါရီ ၁၁၊ ၂၀၀၁ (အသက် ၂၃)
ကွယ်လွန်ဖေဖော်ဝါရီ ၁၂၊ ၂၀၂၁(၂၀၂၁-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။-၁၂)
နေပြည်တော် တောင်ညိုလမ်း သပြေကုန်းအဝိုင်းအနီး[၁]
သေဆုံးရခြင်း အကြောင်းရင်း၂၀၂၁ ဆန္ဒပြမှုအတွင်း သေနတ်ဖြင့် ပစ်သတ်ခံရခြင်း

မြသွဲ့သွဲ့ခိုင်[၁]သည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုအတွင်း ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ ကျည်အစစ်ထိမှန်ခံရသော အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။[၂] ဦးခေါင်းမှာကျည်ဆန်ထိမှန်ပြီး သေဆုံးလုနီးပါး ဖြစ်နေခဲ့ပြီး ထိုနေ့ညတွင်ပင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၌ brain death ဖြစ်နေခဲ့သည်။[၃] သူမမှာ အသက်ရှူစက်ဖြင့် အသက်ဆက်နေခဲ့ပြီး မိသားစုဝင်များ၏ သဘောတူချက်ဖြင့် အသက်ရှူစက်ဖြုတ်ခဲ့ရာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ သူမသည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှု၏ ပထမဆုံး ကျဆုံးသူဖြစ်သည်။

ဖြစ်ပွားခြင်း

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မိန်းကလေးကို ပစ်ခတ်မှုဖြစ်ပွားရာနေရာသည် နေပြည်တော်မြို့၊ သပြေကုန်းအဝိုင်း၏ အရှေ့တောင်ဖက်ရှိ တောင်ညိုလမ်း ဟူ၍ အတည်ပြုခဲ့သည်။[၄]

ဖြစ်ပွားချိန်မတိုင်မီတွင် ဆန္ဒပြသူများအား ရဲတပ်ဖွဲ့က ဖြိုခွင်းနေစဉ် မြသွဲ့သွဲ့ခိုင်နှင့် အစ်မဖြစ်သူတို့သည် လုံခြုံရေးစည်းကို ကျော်လွန်ခြင်းမရှိသကဲ့သို့ ပစ်ခတ်မှုများ ဖြစ်နေချိန်တွင် ပစ်ခတ်မှုများ ထိမှန်မည်စိုးရိမ်သောကြောင့် ပြန်လှည့်၍ အကာကွယ်ယူချိန်၌ ပစ်ခံရခြင်း ဖြစ်သည်ဟု မြသွဲ့သွဲ့ခိုင်၏ အစ်မက ဖြစ်သူက ပြောဆိုသည်။[၅]

သေဆုံးခြင်း

မြသွဲ့သွဲ့ခိုင်၏ ဦးခေါင်း၌ဝင်နေသော ကျည်ဆံစကို ခွဲထုတ်ရန် ကြိုးစားခဲ့သော်လည်း ၂၀၂၁ ဖေဖော်ဝါရီ ၁၂ မနက်ပိုင်းတွင် ဆရာဝန်များက လက်လျှော့ခဲ့ကြသည်။ ထို့နောက်တွင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၏ ဆရာဝန်တစ်ဦးက ဦးနှောက်သေဆုံးသွားပြီဟု သတ်မှတ်ကြောင်းနှင့် အသက်ရှူစက်ဖြုတ်ရန် မိသားစုဝင်များကို အကြောင်းကြားထားသည်ဟု ပြောဆိုခဲ့၍ ဆေးပညာအရ ဦးနှောက်သေဆုံးသည်ဟု သတ်မှတ်ခြင်းသည် အမှန်သေဆုံး သွားခြင်းဖြစ်ကြောင်းကိုလည်း ပြောဆိုခဲ့သည်။[၆]

စိစစ်တွေ့ရှိချက်များ

လူမှုကွန်ယက်အပေါ်တွင်တွေ့ရှိရသော သူမ၏ဆိုင်ကယ်စီးဦးထုပ်ပုံများအရ ကျည်ဆံမှာ ဦးထုပ်ကို ဖောက်ထွက်သွားပုံရပြီး ရာဘာကျည်မဖြစ်နိုင်ကြောင်း၊ ကျည်အစစ်သာ ဖြစ်နိုင်ကြောင်းကို မှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူဖြစ်သော ဒေါက်တာကိတ်ဟယူဝင်ဇ်( Kate Hewins)မှ ကောက်ချက်ဆွဲခဲ့သည်။[၁] ထို့အပြင် သူမ၏ လဲကျသွားသည့် ပုံသဏ္ဍာန်အရ ၎င်းကျည်ဆံ ပြန်စဉ်လာခြင်းမျိုးမဟုတ်ပဲ တိုက်ရိုက် ထိမှန်ခံရခြင်းဖြစ်ကြောင်းကို သူမက ကောက်ချက်ချခဲ့သည်။[၁]

၎င်းကို ကုသသော နေပြည်တော်ဆေးရုံရှိ ဆရာဝန်တစ်ဦးက ကျည်ဖူးမှာ သူမ၏ ဦးခေါင်းအတွင်းစိုက်ဝင်နေကြောင်း၊ သူမဦးနှောက်လုပ်ငန်း အများစုမှ အလုပ်မလုပ်တော့ကြောင်း၊ ဒဏ်ရာမှာ ကျည်အစစ်ကြောင့် ရရှိသော ဒဏ်ရာပုံဖြစ်ကြောင်း၊ သတ္တုကျည်ဖူးမှာ ညာဖက်နားအနောက်မှ ဖောက်ဝင်ပြီး ဦးခေါင်း၏ ဘယ်ဘက်ခြမ်းတွင် စိုက်နေကြောင်း ပြောဆိုခဲ့သည်။[၇]

မြန်မာတပ်မတော်သတင်းမှန်ပြန်ကြားရေးဌာနမှ လုံခြုံရေးတပ်များမှ သေစေနိုင်သောလက်နက်များအသုံးမပြုကြောင်း ထုတ်ပြန်ခဲ့သော်လည်း၊ ၎င်းဆန္ဒပြပွဲတွင် ပုလိပ်အဖွဲ့ဝင်တစ်ဦးမှ မြန်မာနိုင်ငံထုတ် အူဇီပုံစံတူ BA-94 သို့မဟုတ် BA-93 စက်သေနတ်အငယ်စား(sub-machine gun)ကို ကိုင်တွယ်ထားသည့်ပုံကို သတင်းထောက်များမှ ရရှိထားသည်။[၈] အဆိုပါရဲတပ်ဖွဲ့ဝင်သည် သူမ၏အပစ်ခံရသောနေရာနှင့် နီးကပ်သောနေရာတွင် ချိန်ရွယ်နေခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။[၈] သူမ၏ဒဏ်ရာပြင်းထန်မှုကို ကြည့်ခြင်းအားဖြင့် ကျည်အစစ်ကြောင့် ဖြစ်ကြောင်းကို အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အရေးအခင်းအထောက်အထားစစ်ဆေးဌာနအကြီးအကဲ ဆဲမ်ဒပ်ဘာလေ(Sam Dubberley)မှ ပြောကြားခဲ့သည်။[၈]

မြသွဲ့သွဲ့ခိုင်၏ ဦးခေါင်း၌ စစ်ဆေးတွေ့ရှိသော ဆေးမှတ်တမ်းများအရ ရဲတပ်ဖွဲ့၏ ကျည်ဆံသည် အဓိကရုဏ်းနှိမ်နင်းခြင်း၌သုံးသော ရာဘာကျည်မဟုတ်ဘဲ သံ[မှတ်စု ၁]ဖြင့်ပြုလုပ်ထားသော ကျည်ဆံအစစ် ဖြစ်သည်ဟု ထိုဆေးရုံမှ ဆရာဝန်တစ်ဦးက ပြောကြားခဲ့သည်။[၆]

မှတ်စု

  1. သံဆိုသည်မှာ ကျည်ဆံပြုလုပ်သော သတ္တုကို အလွယ်ဆိုလိုခြင်းဖြစ်သည်။

ကိုးကား

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ The shooting of a young protester။ 2021-02-11 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-02-12 တွင် ပြန်စစ်ပြီး။
  2. မမြသွဲ့သွဲ့ခိုင် ပစ်ခတ်ခံရမှုအပေါ် UN အထူးကိုယ်စားလှယ် မေးခွန်းထုတ်။ 2021-02-10 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-02-12 တွင် ပြန်စစ်ပြီး။
  3. Woman left brain-dead after Burmese police shooting is now a protest symbol။ 2021-02-11 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-02-12 တွင် ပြန်စစ်ပြီး။
  4. Myanmar police used machine guns against protesters, says Amnesty
  5. လူရမ်းကား တယောက်ကနေမှ နိုင်ငံသားတယောက်ကို လူသတ်မှု ကျူးလွန်လိုက်တာ
  6. ၆.၀ ၆.၁ ဦးခေါင်းကိုကျည်ထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင် ကွယ်လွန်လို့ ဆရာဝန်ပြော
  7. Myanmar: Lethal Force Used Against Protesters။ 2021-02-10 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-02-12 တွင် ပြန်စစ်ပြီး။
  8. ၈.၀ ၈.၁ ၈.၂ Myanmar: Evidence police deployed sub-machine guns against peaceful protesters, despite denials။ 2021-02-11 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-02-12 တွင် ပြန်စစ်ပြီး။