ရေညှောင့်နှုတ်ဝိုင်းငှက်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
အရေးမကြီး ဒီလုံးငှက် စာမျက်နှာကို ရေညှောင့်နှုတ်ဝိုင်းငှက် သို့ ပြန်ညွှန်းပေါ်ထပ်၍ Zawthet က ရွှေ့ခဲ့သည်
(ကွဲပြားမှု မရှိ)

၁၇:၄၂၊ ၂၃ အောက်တိုဘာ ၂၀၂၀ ရက်နေ့က မူ

ဒီလုံးငှက် (ခေါ်) ရေညှောင့်နှုတ်ဝိုင်းငှက်
မျိုးရိုးခွဲခြားခြင်း
လောက:
မျိုးပေါင်းစု:
မျိုးပေါင်း:
မျိုးစဉ်:
မျိုးရင်း:
မျိုးစု:
Eurynorhynchus

Nilsson, 1821
မျိုးစိတ်:
E. pygmeus
ဒွိနာမ
Eurynorhynchus pygmeus
(Linnaeus, 1758)

ဆောင်းခိုငှက်မျိုးဖြစ်သော ရေညှောင့် နှုတ်ဝိုင်းငှက် (ခေါ်) ဒီလုံးငှက် (Spoon-Billed Sandpiper)သည် မြန်မာနိုင်ငံ မုတ္တမပင်လယ်ကွေ့ ကမ်းရိုးတန်းဒေသ ၊ ရခိုင်ပြည်နယ် စစ်တွေတွင် ကျက်စားသည့် ကမ္ဘာ့ရှားပါး ငှက်မျိုးဖြစ်သည်။ ဖမ်းဆီးရောင်းချ ခံရခြင်းကြောင့် ကမ္ဘာပေါ်တွင် ကောင်ရေတစ်ထောင်ခန့်ပင် မကျန်ရှိတော့ဟု Birdlife International အဖွဲ့က ခန့်မှန်းထားသည်။

ရေညှောင့် နှုတ်ဝိုင်းငှက်သည် မိုးဥတုအခါ ရုရှားနိုင်ငံ အရှေ့မြောက်ဘက်ခြမ်း ချူကိုတာ ပြည်နယ်တွင် သားပေါက်ပြီး ဆောင်းတွင်းတွင် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ ကမ်းရိုးတန်းဒေသများ၌ လာရောက် ဆောင်းခိုခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ မုတ္တမပင်လယ်ကွေ့နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့တို့တွင် ၂၀၀၈ ခုနှစ်မှ စတင်တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအနေဖြင့် ၎င်းငှက်ကို ၂၀၀၈-ခုနှစ်မှ စတင်ကာ လေ့လာသုတေသနပြုလုပ်ခဲ့ကြသည်။ တစ်ကမ္ဘာလုံးတွင် ကောင်ရေ ၅၀၀ လောက်သာ ကျန်တော့သည်ဟု ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA)မှ ဥက္ကဋ္ဌ ဒေါက်တာထင်လှက ပြောကြားသည်။ မြန်မာနိုင်ငံတွင် ရေညှောင့် နှုတ်ဝိုင်းငှက် အဓိကကျက်စားရာနေရာမှာ မုတ္တမပင်လယ်ကွေ့ ဒေသ ဖြစ်သည်။ [၁]

ဓာတ်ပုံများ

ကိုးကား

  1. ကြေးမုံသတင်းစာ