ပြည့်ဖြိုးမြဲစွမ်းအင်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.2) (ရိုဘော့က ပေါင်းထည့်နေသည် - kk:Жаңартылатын энергия
အရေးမကြီး r2.7.2) (ရိုဘော့က တည်းဖြတ်နေသည် - ms:Tenaga boleh diperbaharui
စာကြောင်း ၁၀၈ - စာကြောင်း ၁၀၈ -
[[mn:Сэргээгдэх эрчим хүч]]
[[mn:Сэргээгдэх эрчим хүч]]
[[mr:अपारंपरिक ऊर्जास्रोत]]
[[mr:अपारंपरिक ऊर्जास्रोत]]
[[ms:Tenaga boleh baharu]]
[[ms:Tenaga boleh diperbaharui]]
[[new:पूर्ननविकरणीय उर्जा]]
[[new:पूर्ननविकरणीय उर्जा]]
[[nl:Duurzame energie]]
[[nl:Duurzame energie]]

၁၇:၃၇၊ ၉ ဩဂုတ် ၂၀၁၂ ရက်နေ့က မူ

အစားထိုး စွမ်းအင်များ ရှာဖွေရခြင်း အတွက် အကြောင်းရင်း အမြောက်အမြား ရှိပါတယ်။ လေထု ညစ်ညမ်းစေတဲ့ အရာများနဲ့ ဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့များ လျှော့ချရေး ကြိုးပမ်းမှုအနေနဲ့ အမေရိကန်နဲ့ နိုင်ငံ အများအပြား ရေးထိုးခဲ့ကြတဲ့ ကျိုတို သဘောတူညီချက်ဟာ ယနေ့ခေတ်ရဲ့ အဓိက အာရုံစိုက်နေကြတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။ အစားထိုးစွမ်းအင် (သို့မဟုတ်) ပြန်လည် ဖြည့်တင်းနိုင်သော စွမ်းအင် ရင်းမြစ်တွေက လက်ရှိ စွမ်းအင် သုံးစွဲမှုရဲ့ ဘေးထွက် ဆိုးကျိုး ဖြစ်တဲ့ အဆိပ်သင့်ပစ္စည်းများ ထုတ်လွှတ်မှုကို လျှော့ချနိုင်စေဖို့ အတော်လေး အထောက်အကူ ပြုစေမှာ သေချာပါတယ်။ အစားထိုး စွမ်းအင်သုံးစွဲခြင်းဖြင့် ဘေးဖြစ်စေတဲ့ ဘေးထွက်ပစ္စည်းထုတ်လွှတ်မှုကို တားဆီးနိုင်ရုံမကဘဲ ယနေ့ခေတ်ရဲ့ အဓိက စွမ်းအင် ရင်းမြစ်အနေနဲ့ သုံးစွဲနေကြရတဲ့ သဘာဝ သယံဇာတရင်းမြစ်များကိုလည်း ယုတ်လျော့မှု မရှိစေအောင် ထိန်းသိမ်းနိုင်ပါတယ်။

ဇီဝရုပ်ကြွင်းလောင်စာများကဲ့သို့ ပြန်လည်ဖြည့်တင်းခြင်း မပြုနိုင်တဲ့ စွမ်းအင် ရင်းမြစ်တွေကို ထိန်းသိမ်းဖို့နဲ့ အလွန်တရာမှ သိမ်မွေ့တဲ့ကမ္ဘာမြေရဲ့ သဘာဝမျှခြေကို ထိန်းထားနိုင်ရေးအတွက် အစားထိုး လောင်စာ သုံးစွဲမှုက ဘယ်ပုံဘယ်နည်း အထောက်အကူပြုတယ်ဆိုတာ သဘောပေါက်စေဖို့အတွက် ဘယ်လိုမျိုး အစားထိုး လောင်စာတွေ ရယူသုံးစွဲနိုင်မလဲ ဆိုတာ သိဖို့ အရေးကြီးပါတယ်။

လေစွမ်းအင်

လေအားလျှပ်စစ်ထုတ်စက်

လေအားလျှပ်စစ်ထုတ်စက် တာဘိုင်ရဲ့ ဒလက်များ လည်ပတ်စေဖို့အတွက် လေတိုက်ခတ်မှု စွမ်းအားကို အသုံးပြုပါတယ်။ ဒလက်များက လျှပ်ထုတ်စက် ဂျင်နရေတာကို လည်ပတ်စေခြင်းဖြင့် လျှပ်စီးရအောင် ပြောင်းလဲပေးပါတယ်။ ရှေးကျတဲ့ လေအားနဲ့လည်တဲ့ စက်တွေမှာ လေစွမ်းအင်ကို အသုံးချပြီး စက်ပစ္စည်းများကို လည်ပတ်စေခြင်းဖြင့် ပဲမျိုးစုံ ကြိတ်ခွဲခြင်း၊ ရေတင်ခြင်း အစရှိတဲ့ အလုပ်မျိုးကို လုပ်ဆောင်စေတယ်။ ဒလက်တပ်ထားတဲ့ တိုင်အမြင့် (တာဝါ) ကို လေတိုက်နှုံးမြင့်တဲ့ ကွင်းပြင်လို နေရာမျိုးမှာ တည်ဆောက်ရတယ်။ လေအားလျှပ်စစ်ကို ပမာဏ အမြောက်အမြားရအောင် ထုတ်ယူပြီး နိုင်ငံနဲ့ ချီတဲ့ လျှပ်စစ်ဓာတ်အားပေး စနစ်တွေမှာ အသုံးပြု သလို အိမ်တစ်လုံးချင်း သို့မဟုတ် သတ်မှတ်ထားတဲ့ နေရာ ဒေသ တစ်ခုအတွက် လေအားလျှပ်စစ် ထုတ်စက် တစ်လုံးချင်း တည်ဆောက်ပြီးလည်း သုံးကြတယ်။ သက္ကရာဇ် ၂၀၀၅ ခုနှစ်မှာတော့ တကမ္ဘာလုံး စုစုပေါင်း လေအားလျှပ်စစ် ထုတ်လုပ်မှု ပမာဏဟာ ၅၈,၉၈၂ မက်ဂါဝက် အထိ ရှိပြီး ဒီပမာဏဟာ တကမ္ဘာလုံး လျှပ်စစ်သုံးစွဲမှုရဲ့ ၁ ရာခိုင်နှုံးထက် နည်းသေးတာတွေ့ရတယ်။

အားသာချက်များ

  • ရုပ်ကြွင်းလောင်စာတွေ မီးရှို့သုံးတာလိုမျိုး ဓာတုဓာတ်ပြုမှု မရှိတဲ့ အတွက် သဘာဝ ပတ်ဝန်းကျင်အတွက် ညစ်ညမ်းစေမှု ကင်းတယ်။ လေအားလျှပ်စစ်ထုတ်ယူမှုကနေ ဘေးထွက် ဆိုးကျိုးလည်း လုံးဝကို ကင်းရှင်းတယ်။
  • ပြန်လည် ဖြည့်တင်းနိုင်တဲ့ စွမ်းအင် ရင်းမြစ်ဖြစ်တဲ့ အတွက်ကြောင့် စွမ်းအင် ကုန်ဆုံး ခမ်းခြောက်သွားဖို့ မရှိဘူး။
  • လေအားလျှပ်စစ် ထုတ်စက် တည်ဆောက်ထားရာ နေရာမှာ လယ်ယာလုပ်ငန်း ဆက်လက် လုပ်ဆောင်နိုင်တဲ့ အတွက်ကြောင့်လည်း ဇီဝလောင်စာ ထုတ်လုပ်မှု ကိုလည်း အထောက် အကူ ပြုတယ်။
  • လေအားလျှပ်စစ်ထုတ်စက်ကို ကမ်းလွန်ပင်လယ်ပြင်မှာလည်းပဲ တည်ဆောက်နိုင်တယ်။

အားနည်းချက်များ

  • လေတိုက်နှုံးသည် တသမတ်တည်း မရှိဘူး။ ပုံမှန် စွမ်းအင် ပမာဏ ရရှိစေဖို့ လေတိုက်နှုံး တသမတ်တည်း လိုအပ်ပါတယ်။ အကယ်၍ လေတိုက်နှုံး လျော့သွား ခဲ့မယ်ဆိုရင် တာဘိုင်လည်နှုံး လျော့ကျသွားမှာ မို့လို့ လျှပ်စစ်ထုတ်လုပ်မှုလည်း လျော့ကျသွားပါလိမ့်မယ်။
  • သဘာဝကွင်းပြင်ကျယ်မှာ ရှုခင်းအားဖြင့် အကျည်းတန်စေတယ်။


နေရောင်ခြည် စွမ်းအင်

ဖိုင်:Satyone1.JPG
နေစွမ်းအင်သုံး လျှပ်စစ်ထုတ်စက်များ

နေစွမ်းအင်ကို အပူပေးခြင်း၊ ချက်ပြုတ်ခြင်း၊ လျှပ်စစ် ထုတ်ခြင်း သာမက ပင်လယ်ရေမှ ရေချိုထုတ်ခြင်း လုပ်ငန်းတွေမှာပါ ပုံမှန်အားဖြင့် အသုံးပြုတယ်။ နေရောင်ခြည် ထိတာနဲ့ လျှပ်စစ်ထုတ်လုပ်ပေးနိုင်တဲ့ နေစွမ်းအင်သုံး ဆဲလ်တွေနဲ့ နေရောင်ခြည်ကို ဖမ်းယူတယ်။ ဒါ့အပြင် နေရဲ့ နေရောင်ခြည်ကို အသုံးပြုပြီး ရေ (သို့မဟုတ်) လေကို အပူပေးနိုင်ဖို့လည်း အသုံးပြု ကြပါသေးတယ်။ ဘဲဥပုံ မှန်ခုံးကို အသုံးပြုပြီး နေရောင်ခြည်စွမ်းအင်နဲ့ ရေကို ကြိုချက်ပြီး ရေနွေးငွေ့ထုတ်လုပ်ခြင်း၊ အိမ်တွေမှာ ပြူတင်းပေါက်၊ တရုပ်ကပ်တွေကို ဖွင့်ပြီး နေရောင်ခြည်ကို အခန်းတွင်း ဝင်ရောက်စေခြင်းဖြင့် အခန်းကို တဆင့်ခံ အနွေးဓာတ်ပေးခြင်းတို့တွေ အတွက်လည်း အသုံးပြုတယ်။

အားသာချက်များ

  • နေစွမ်းအင်ဟာ ပြန်လည်ဖြည့်တင်းနိုင်သော စွမ်းအင်ရင်းမြစ်ဖြစ်တယ်။ နေ တည်ရှိနေသမျှ ကာလပတ်လုံး နေစွမ်းအင်သည် ကမ္ဘာမြေကို ကျရောက်နေမှာဖြစ်တယ်။
  • လောင်စာများ လောင်ကျွမ်းမှု မရှိတဲ့ အတွက် နေစွမ်းအင် ထုတ်လုပ်မှုကနေပြီး ရေလေ ညစ်ညမ်းစေမှု လုံးဝ မရှိပါဘူး။
  • အပူပေးခြင်း အလင်းရောင်ပေးခြင်း တို့အတွက် နေစွမ်းအင်ကို အလွန်အကျိုးရှိစွာ အသုံးချနိုင်တယ်။
  • ရေကူးကန်၊ ရေတိုင်ကီ တို့မျိုး အပူပေးခြင်းစတဲ့ အကျိူးကျေးဇူး တွေကတော့ အလွယ်တကူ မြင်လွယ်တွေ့လွယ်ပါတယ်။

အားနည်းချက်များ

  • နေမပူတဲ့ အချိန်ဆိုရင် နေစွမ်းအင် ထုတ်လို့ မရဘူး။ ညဖက်တွေနဲ့ တိမ်ဖုံးတဲ့နေ့တွေမှာ ထုတ်လုပ်နိုင်တဲ့ စွမ်းအင်ပမာဏ အကန့်အသတ်ရှိတယ်။်
  • နေစွမ်းအင်ထုတ်စက် တည်ဆောက်မှု ကုန်ကျစရိတ် အလွန်ကြီးမားတယ်။


ဘူမိအပူစွမ်းအင်

ဖိုင်:Satyone2.jpg
ဘူမိအပူစွမ်းအင်ထုတ် စက်ရုံ

စာပေ အသုံးအနှုံးအရ ဘူမိအပူဆိုသည်မှာ မြေကမ္ဘာ၏ အပူဖြစ်ပါတယ်။ မြေအောက်တွင် သိုအောင်း လျက်ရှိသော အပူဓာတ်ကို ထုတ်ယူအသုံးချခြင်း ဖြစ်ပါတယ်။ အပူဓာတ် ခိုအောင်းလျက် ရှိတဲ့ ကျောက်လွှာများက ရေကို အပူပေးကာ ရေနွေးငွေ့အဖြစ် ပြောင်းလဲစေတယ်။ မြေပြင်ကို လွန်သွားများဖြင့် တွင်းများ တူးပြီး ပန်းထွက်လာသော ရေနွေးငွေ့ကို သန့်စင်ကာ တာဘို်င်များ လည်ပတ်စေရန် အသုံးပြုပြီး လျှပ်စစ်ထုတ်လုပ်သည်။

အားသာချက်များ

· စည်းစနစ်မှန်ကန်စွာ လုပ်ဆောင်မယ်ဆိုရင် ဘူမိအပူစွမ်းအင်သည် ဘေးထွက် ဆိုးကျိုးဖြစ်ပစ္စည်း မထွက်ပါဘူး။ · ဘူမိအပူလျှပ်စစ်ထုတ်စက်ရုံ တစ်ကြိမ်တည်ဆောက်ပြီးရင် ပုံမှန်အားဖြင့် စွမ်းအင်ကို အကျိုးရှိစွာ အသုံးချနိုင်တယ်။ · ဘူမိအပူစွမ်းအင်ထုတ်စက်တွေဟာ အများအားဖြင့် သေးငယ်ပြီး သဘာဝ မြေမျက်နှာပြင်သွင်ပြင်ကို ထိခိုက်စေမှု နည်းတယ်။

အားနည်းချက်များ

  • တည်ဆောက် ပုံ မှားယွင်းမယ်ဆိုရင်တော့ ဘူမိအပူစွမ်းအင်ဟာ ညစ်ညမ်းမှု ထုတ်လွှတ်နိုင်ပါတယ်။
  • မြေပြင်ကို ထွင်းဖောက်တူးတဲ့ အခါမှာ ပုံစံမကျခဲ့ရင် ဘေးဖြစ်စေတတ်တဲ့ သတ္တုနဲ့ ဓာတ်ငွေ့တွေ ထွက်လာတတ်တယ်။
  • ဘူမိအပူ လျှပ်စစ်ထုတ်စက် တွေမှာ ရေနွေးငွေ့တွေ ပန်းထွက်တာမျိုး ဖြစ်လေ့ဖြစ်ထရှိတယ်။


ရေအားလျှပ်စစ်

ဆည်တွေ ရေကာတာတွေနဲ့ သိုလှောင်ထားတဲ့ ရေကို ဖွင့်ချစီးဆင်းစေရာက ရတဲ့ ရေစီးအားနဲ့ တာဘိုင်နဲ့ လျှပ်စစ်ထုတ်စက်တွေကို လည်ပတ်စေရာကနေ လျှပ်စစ်ထုတ်ယူတယ်။ ရေအားလျှပ်စစ် ထုတ်နည်း နောက်တစ်နည်းကတော့ သိုလှောင်ထားစရာ မလိုတဲ့ ဒီရေလိုမျိုး အတက်အကျရှိတဲ့ ရေအားကို အသုံးပြု၍ လျှပ်စစ်ထုတ်ယူခြင်း ဖြစ်တယ်။ ရေကာတာ (သို့မဟုတ်) တူးမြောင်း လိုမျိုး တစ်နေရာကနေ ဆီးပြီး မြစ်ရဲ့ ကမ္ဘာမြေဆွဲအားကြောင့် ဖြစ်ပေါ်လာတဲ့ စီးဆင်းမှု အရှိန်ကို အသုံးချပြီး ရေအားလျှပ်စစ်ထုတ်လုပ်တယ်။ အဲဒီ ဆည်တည်ထားတဲ့ နေရာမှာ ဖြစ်ပေါ်တဲ့ ရေရဲ့ ဖိအားစီးနင်းတဲ့ အရှိန်ကို တာဘိုင်ဒလက်တွေ လည်စေဖို့ အသုံးချတယ်။ ရေအားနဲ့ ထုတ်ယူရရှိတဲ့ လျှပ်စစ်ကနေပဲ ရေကို နောင်တစ်ချိန်သုံးစွဲနိုင်စေဖို့ မော်တာနဲ့ ပြန်လည် မောင်းတင် ထိမ်းသိန်းထားနိုင်တယ်။

အားသာချက်များ

  • ရေကို လှောင်ကန်နဲ့ လှောင်ပြီး ပြန်လည် လွှတ်ချတယ်။ ဒါ့ကြောင့် အခြား အစားထိုး စွမ်းအင်တွေနဲ့ မတူတာက ချက်ချင်း လိုအပ်တဲ့ ရေအားပမာဏ၊ ရေရရှိနိုင်မှုကို ထိခိုက်စေမဲ့ ပြင်ပသက်ရောက်မှုတွေ မရှိတဲ့ အတွက် လျှပ်စစ်စွမ်းအင်ကို ပုံမှန်နှုံးနဲ့ ထုတ်ယူနိုင်တယ်။
  • စွမ်းအင်ထုတ်လုပ်မှု အတွက် ဓာတု ဓာတ်ပြုမှု မရှိတဲ့ အတွက် ပတ်ဝန်းကျင် ညစ်ညမ်းစေမှု မရှိဘူး။
  • ရေအားလျှပ်စစ်အတွက် သုံးသော ရေကို ပြန်လည် သုံးစွဲနိုင်သည်။

အားနည်းချက်များ

  • ရေလှောင်ကန်ဆည်များ တည်ဆောက်မှု ကုန်ကျငွေ မြင့်မားသည်။
  • စွမ်းအင်ထုတ်လုပ်မှုအတွက် လိုအပ်သော ရေစီးအားနှင့် လုံလောက်သော ပမာဏ ရရှိရန် လိုအပ်သည်။