သဒ္ဒါ

ဝီကီပီးဒီးယား မှ

သဒ္ဒါ ဆိုသည်မှာ ဘာသာရပ်တစ်ခု၏ စည်းကမ်း ဥပဒေသဖြစ်သည်။ “မည်သို့ရေးရမည်။ အရေးအသား၊ အထားအသို၊ ဝါကျတည်ဆောက်ပုံ၊ ဘယ်စကားလုံးကို ဘယ်နေရာမှာ သုံးစွဲရမည်” စသည်တို့ကို စည်းစနစ်ကျမှု ရှိစေရန်အတွက် သဒ္ဒါ ဟူသော ဘာသာရပ်၏ ဥပဒေသ ဖြစ်ပေါ်ခဲ့သည်။ အင်္ဂလိပ်ဘာသာမြန်မာဘာသာ နှင့် အခြားသောဘာသာတိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင်သဒ္ဒါ များရှိသည်။ သဒ္ဒါတွင် စိတ္တဇသဒ္ဒါနှင့် ဥတဇသဒ္ဒါ ဟူ၍နှစ်မျိုးရှိပေသည်။

မြန်မာ သဒ္ဒါ ၏အခြေခံသည် မြန်မာစာအဖွဲ့ က ဦးစွာပြုစုသော မြန်မာ သဒ္ဒါ အခြေပြုကျမ်းပင်ဖြစ်သည်။ ထိုကျမ်းကို အခြေပြု၍ မျက်မှောက် ခေတ်မြန်မာ သဒ္ဒါ ကျမ်းကြီးကို မြန်မာစာအဖွဲ့ သည်ရေးသားပြုစုနိုင်ခဲ့သည်။