ဝီကီဒေတာ
ဝီကီဒေတာ၏ ပင်မစာမျက်နှာ | |
ဝဘ်ဆိုဒ် အမျိုးအစား |
|
---|---|
ဖတ်ရှုရရှိနိုင်မှု | Multilingual |
ပိုင်ဆိုင်သူ | ဝီကီမီဒီယာ ဖောင်ဒေးရှင်း |
ဖန်တီးသူ | ဝီကီမီဒီယာ အသိုက်အဝန်း |
ဝဘ်ဆိုဒ် | https://www.wikidata.org/wiki/Wikidata:Main_Page wikidata.org/, https://www.wikidata.org/wiki/Wikidata:Main Page |
Alexa အဆင့် | 12,901 (November 2017[update]) [၁] |
စီးပွားရေး | မရှိ |
မှတ်ပုံတင်ခြင်း | Optional |
ဝီကီဒေတာဆိုသည်မှာ အများမှ ပူးပေါင်းတည်းဖြတ်သည့် အသိပညာအခြေပြု ပရောဂျက်တစ်ခုဖြစ်ပြီး ဝီကီမီဒီယာ ဖောင်ဒေးရှင်းမှ စီမံခန့်ခွဲသည်။ ဝီကီပီးဒီးယားကဲ့သို့ ဝီကီမီဒီယာ ပရောဂျက်များအတွက် ဒေတာရင်းမြစ်များအဖြစ် ပေးနိုင်စေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။[၂] Wikimedia Commons ကဲ့သို့ပင် မီဒီယာဖိုင်များအား သိုလှောင်နိုင်ပြီး ထိုဖိုင်များကို ဝီကီမီဒီယာ ပရောဂျက်အားလုံးတွင် ခွင့်ပြုထားပြီး လွတ်လပ်စွာ တဖန်ပြန်၍ အသုံးပြုနိုင်သည်။ ဝီကီဒေတာကို Wikibase ဆော့ဝဲလ်ဖြင့် လည်ပတ်သည်။[၃]
သဘောတရား
[ပြင်ဆင်ရန်]ဝီကီဒေတာသည် document-oriented database ဖြစ်ပြီး အချက်အလက်များတွင် အဓိကထားသည်။ အချက်အလက်တိုင်းသည် အကြောင်းအရာတစ်ခု (သို့မဟုတ် ဝီကီပီးဒီးယား ထိန်းသိမ်းရေးအတွက် အသုံးပြုသော အုပ်ချုပ်မှု စာမျက်နှာများ)ကို ကိုယ်စားပြုပြီး ထိုသည်တို့ကို သီးသန့်ကိန်းဂဏန်းများဖြင့် သတ်မှတ်ထားကာ ထိုဂဏန်းများအစတွင် အင်္ဂလိပ်အက္ခရာ Q ဖြင့် စတင်ထားသည်။ ဥပမာအားဖြင့် နိုင်ငံရေးဟုသော အကြောင်းအရာအတွက် အချက်အလက်မှာ Q7163 ဖြစ်သည်။
တိုးတက်ပြောင်းလဲလာမှု သမိုင်း
[ပြင်ဆင်ရန်]ဤပရောဂျက်အား ဖန်တီးရာတွင် Allen Institute for Artificial Intelligence၊ Gordon and Betty Moore Foundation နှင့် ဂူဂယ် အင်စတီကျူတို့၏ ထောက်ပံ့လှူဒါန်းမှုများဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း €၁.၃ မီလီယံဖြင့် ဖြစ်သည်။[၄][၅] အစောပိုင်း ဤပရောဂျက်ကို ဝီကီမီဒီယာ ဂျာမနီမှ ကြီးကြပ်ကွပ်ကဲခဲ့ပြီး အပိုင်းသုံးပိုင်း ခွဲ၍ ဆောင်ရွက်ခဲ့သည်။[၆]
- ဘာသာစကားအချင်းချင်းကြား ချိတ်ဆက်မှုကို ထိန်းချုပ်ကွပ်ကဲခြင်း – မတူညီသော ဘာသာစကားများ ရေးသားထားသော အကြောင်းအရာတူ ဝီကီပီးဒီးယား ဆောင်းပါးများကြား ချိတ်ဆက်ပေးခြင်း
- ဝီကီပီးဒီးယားအားလုံးအတွက် infobox data များကို ဗဟိုနေရာအဖြစ် ထောက်ပံ့ပေးခြင်း
- ဝီကီဒေတာရှိ အချက်အလက်များတွင် အခြေခံထားသော စာရင်းဆောင်းပါးများအား ဖန်တီးခြင်းနှင့် အဆင့်မြှင့်တင်ခြင်း
လိုဂို"WlKl
[ပြင်ဆင်ရန်]လိုဂိုပေါ်ရှိ ဘားများတွင် "WIKI" ဟုသော စကားလုံးကို မော့ အချက်ပြသင်္ကေတဖြင့် ဝှက်၍ ရေးထားသည်။[၇]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Wikidata.org Site Info။ Alexa Internet။ 3 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2017-11-01 တွင် ပြန်စစ်ပြီး။
- ↑ Data Revolution for Wikipedia။ Wikimedia Deutschland (March 30, 2012)။ 11 September 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 11, 2012 တွင် ပြန်စစ်ပြီး။
- ↑ Wikibase — Home။
- ↑ Dickinson၊ Boonsri။ "Paul Allen Invests In A Massive Project To Make Wikipedia Better"၊ March 30, 2012။ September 11, 2012 တွင် ပြန်စစ်ပြီး။
- ↑ Perez၊ Sarah။ "Wikipedia’s Next Big Thing: Wikidata, A Machine-Readable, User-Editable Database Funded By Google, Paul Allen And Others"၊ March 30, 2012။ September 11, 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 11 September 2012။
- ↑ Wikidata - Meta။
- ↑ commons:File talk:Wikidata-logo-en.svg#Hybrid. Retrieved 2016-10-06.
ထပ်မံဖတ်ရှုရန်
[ပြင်ဆင်ရန်]- Denny Vrandečić, Markus Krötzsch: Wikidata: A Free Collaborative Knowledge Base. Communications of the ACM. ACM. 2014 (preprint).
- Claudia Müller-Birn, Benjamin Karran, Janette Lehmann, Markus Luczak-Rösch: Peer-production system or collaborative ontology development effort: What is Wikidata? In, OpenSym 2015 - Conference on Open Collaboration, San Francisco, US, 19 - 21 Aug 2015 (preprint).