မော့၏ အချက်ပြသင်္ကေတ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

Morse Code[ပြင်ဆင်ရန်]

နိုင်ငံတကာ ဆိုင်ရာ Morse Code
အကြောင်းအရာ စာရေးနည်းများ
တီထွင်သူ ဆမ်မြူရယ် မော့စ်
တီထွင်သည့် ခုနှစ် ၁၈၄၀ ခုနှစ် အစောပိုင်း
အသုံးပြုပုံ ဆက်သွယ်ရေး

မော့စ် အချက်ပြသင်္ကေတ (သို့) မော့စ် ကုဒ်(Morse code)ဆိုသည်မှာ ၁၉ရာစုနှင့် ၂၀ရာစု ကာလများအတွင်း ဆက်သွယ်ရေးတွင် အရေးပါသည့် ဆက်သွယ်ရေး သင်္ကေတမျိုးဖြစ်သည်။

Telegraph နဲ့တွဲဖက်အသုံးပြုဖို့အတွက် Samuel F.B Morse ဟာအချက်ပြုဆက်သွယ်မှု စနစ်တစ်ခုကိုပါ တီထွင်ဖန်တီးခဲ့ပါတယ်။ အဆိုပါ ဆက်သွယ်မှုစနစ်ကို ကျွန်တော်တို့က Morse Code (မော့စ်-ကုတ်) လို့ခေါ်ဆိုကြပါတယ်။

Morse Code ဆိုတာ Dot (.) နဲ့ Dash (-) လို့ခေါ်တဲ့သင်္ကေတလေး နှစ်ခုကိုအခြေခံပြီး မတူညီတဲ့အက္ခရာတွေ ဖြစ်ပေါ်လာစေတဲ့ ဆက်သွယ်မှုစနစ်တစ်ခုပါ။ စတင်တီထွင်ကာစမှာ Morse Code သည် Dot (.) နဲ့ Dash (-) ကိုထားသိုပုံအမျိုးမျိုးပြောင်းလဲပြီး အင်္ဂလိပ်အက္ခရာ (၂၆) လုံးနဲ့ ကိန်းဂဏန်း (၀-၉) အထိ ဖော်ပြနိုင်တဲ့ စနစ်တစ်ခုပဲဖြစ်ပါတယ်။ ထိုမှတစ်ဆင့် ပုဒ်ဖြတ်/ပုဒ်ရပ်စနစ် (Punctuation) များကိုပါ ဖော်ပြနိုင်သည်အထိ တိုးတက်လာခဲ့ပါတယ်။ ယခုအချိန်မှာတော့ နိုင်ငံအလိုက် မတူညီတဲ့ဘာသာ စကား အက္ခရာတွေပေါ်မူတည်ပြီး Morse Code မူကွဲပေါင်းများစွာတည်ရှိနေပြီပဲ ဖြစ်ပါတယ်။

Morse Code ရဲ့အခြေခံသင်္ကေတနှစ်ခုကို တနည်းအားဖြင့် Dit (.) and Dah (-) လို့လည်းခေါ် ဆိုပါတယ်။ Morse Code မှာအရေးကြီးဆုံးကတော့ Timing, Duration ပဲဖြစ်ပါတယ်။ Dash (-) တစ်ခုစာရဲ့ကြာချိန်ဟာ Dot (.) တစ်ခုစာကြာချိန်ရဲ့ သုံးဆ ဖြစ်ရပါမယ်။ စာလုံးတစ်လုံး (word) အတွင်းမှာ ရှိတဲ့ Dot (.) နဲ့ Dash (-) ကြားကကြာချိန်က Dot (.) တစ်ခုစာကြာချိန်ဖြစ်ရပါမယ်။ အပေါ် ကပုံလေးကို ကြည့်လိုက်ရင်တော့ ရှင်းလင်းသွားမှာပါ။

Morse Code ကို ယနေ့ထက်တိုင်အသုံးပြုနေရခြင်းအကြောင်းကတော့ အသုံးပြုရတာ ရိုးရှင်းလွန်းလို့ပါပဲ။ ကျွန်တော်တို့ဟာ Morse Code အသုံးပြုပြီး အချက်အလက်ပေးပို့ဖို့အတွက် အဖွင့်/အပိတ် အချက်ပြနိုင်တဲ့ အသံ၊ အလင်း၊ ဘာဖြစ်ဖြစ်ကို အသုံးပြုပြီး လွယ်လွယ်ကူကူ ဆက်သွယ်နိုင်တာပဲဖြစ်ပါတယ်။ ဓာတ်မီးတစ်လက်ကို စည်းချက်ကျကျ အဖွင့်/အပိတ် ကစားပြီး တော့ဖြစ်ဖြစ်၊ နောက်ဆုံး မျက်နှာချင်းဆိုင်မှာ ရှိနေတဲ့လူနှစ်ယောက်သည် စကားတစ်ခွန်းမှ ‌ပြောစရာမလိုဘဲ လက်ချောင်းလေးတွေကို စည်းချက်ကျကျ လှုပ်ရှားပြီးတော့တောင် ပတ်ဝန်းကျင် ကသူတွေမသိအောင် ဆက်သွယ်နိုင်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာတပ်ဖွဲ့တွေ၊ စစ်သား တွေ၊ အထူးတပ်ဖွဲ့တွေဆိုရင် Morse Code ကိုကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်အောင် လေ့ကျင့်ထား ကြတာပဲဖြစ်ပါတယ်။ (ကိုယ်တိုင်လည်း လေ့ကျင့်ချင်တယ်ဆိုရင် Google Play Store မှာ Morse Code Apps တွေ၊ Games တွေအများအပြားရှိနေတာဖြစ်လို့ လေ့ကျင့်ကြည့်နိုင်ပါတယ်။)

Morse Code တွေဟာ ယနေ့ခေတ်မှာ နိုင်ငံပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံက မတူညီတဲ့ပုံစံ ပေါင်း များစွာအဆင့်မြင့်ပြောင်းလဲအသုံးပြုနေကြပေမယ့် နိုင်ငံတကာကအသုံးပြုနိုင်အောင် စံသတ် မှတ်ထားတဲ့ International Morse Code ဆိုတာရှိပါတယ်။ Morse Code ရဲ့အခြေခံအက္ခရာနှစ်ခုက E နဲ့ T ကစတင်ခဲ့တာဖြစ်ပါတယ်။ ထိုမှတစ်ဆင့် အက္ခရာ (၂၆) လုံးကို ပြန့်ပွားသွားစေတာပါ။

ယနေ့ခေတ်မှာ သဘာ၀ဘေးအန္တရာယ်ကြုံတွေ့ကြတဲ့အခါ ကယ်ဆယ်ရေးရဟတ်ယာဉ်တွေ ကို မြင်သာစေရန်အတွက် S O S ဆိုတဲ့အမှတ်အသားကို Distress Signal အနေနဲ့ အသုံးပြုကြတာကိုကျွန်တော်တို့အားလုံး မြင်တွေ့ဖူးကြပါတယ်၊ ရုပ်ရှင်တွေ အသိပညာပေးဇာတ်လမ်းတွေမှာ တိုက် ခေါင်မိုးထပ်ပေါ်မှာစုပြီး ရတဲ့ပစ္စည်းတွေနဲ့ S O S ဆိုတဲ့အမှတ်အသား ပုံဖော်ထားလေ့ ရှိကြပါတယ်။

၎င်း S O S ဆိုတဲ့အမှတ်အသားက ဘယ်ကလာတယ်ဆိုတာ သိတဲ့သူရှားပါတယ်၊ တော်တော် များများက SOS ဆိုတာကို Abbreviation အနေနဲ့ “Save Our Soul”, “Save Our Ship” စသဖြင့် ပြောဆိုနေလေ့ရှိကြပြီး အမှန်တော့မဟုတ်ပါဘူး။ တကယ်တမ်းတော့ SOS ဆိုတာကို International Morse Code ကနေဆင်းသက်လာတာဖြစ်ပါတယ်။

၁၉၀၅ ခုနှစ်မှာ ဂျာမန်ရေတပ်မှာစတင်အသုံးပြုခဲ့ကြပြီး တစ်နေရာနဲ့တစ်နေရာ အခက်အခဲ ဖြစ်နေချိန်မှာ အချက်ပြသင်္ကေတအနေနဲ့ လွယ်လွယ်ကူကူအသုံးပြုနိုင်ရန် သတ်မှတ်ထားတဲ့ Morse Code ပဲ ဖြစ်ပါတယ်။ Dot Dot Dot, Dash Dash Dash, Dot Dot Dot (. . .   _ _ _   . . .) ဆိုတဲ့ အဆိုပါရိုးရှင်းတဲ့ Morse Code သင်္ကေတကို International Morse Code အရကြည့်လိုက်ရင် Three Dots က အက္ခရာ ‘S’ ကိုကိုယ်စားပြုပြီး Three Dashs က အက္ခရာ ‘O’ ကိုကိုယ်စားပြုပါတယ်။ ဒါကြောင့် SOS ဆိုပြီး ဖြစ်လာတာပါ။

Samuel F.B Morse ဟာ သူ့ရဲ့ Telegraph နဲ့စတင်အသုံးပြုဖို့တီထွင်ကာစမှာ အက္ခရာသီးသန့် ကိုသာဖော်ပြနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှ သူ့ရဲ့တွဲဖက်ဖြစ်သူ Alfred Lewis Vail နဲ့အတူ အက္ခရာ အပြင် Punctuation နဲ့ ကိန်းဂဏန်းတွေပါဝင်အောင် ထပ်မံအဆင့်မြှင့်တင်ခဲ့ကြတာပါ။

ကိုးကား[ပြင်ဆင်ရန်]