မာတိကာသို့ ခုန်သွားရန်

ဘားလ်ဘက်ခ်မြို့

ဝီကီပီးဒီးယား မှ
ဘားလ်ဘက်ခ်
Baalbek

بعلبك
မြို့တော်
ဘားကပ်စ်ဗိမာန်
ဘားကပ်စ်ဗိမာန်
အုပ်ချုပ်ရေးဒေသဘားလ်ဘက်ခ်-ဟာမယ်
ခရိုင်ဘားလ်ဘက်ခ်
ဧရိယာ
 • မြို့တော်၇ စတုရန်းကီလိုမီတာ (၃ စတုရန်းမိုင်)
 • မြို့ပြကြီး၁၆ စတုရန်းကီလိုမီတာ (၆ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၁၁၇၀ မီတာ (၃၈၄၀ ပေ)
လူဦးရေ [ကိုးကားချက်လိုသည်]
 • မြို့တော်၈၂,၆၀၈
 • မြို့ပြကြီး၁၀၅၀၀၀
အချိန်ဇုန်EET (UTC+2)
 • နွေရာသီ (DST)+3 (UTC)
တရားဝင်အမည်ဘားလ်ဘက်ခ်
အမျိုးအစားယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်းi, iv
ရွေးချယ်ခြင်း၁၉၈၄ (အဋ္ဌမအကြိမ်)
ရည်ညွှန်းနံပါတ်294
နိုင်ငံလက်ဘနွန်နိုင်ငံ
ဒေသအာရှနှင့် ပစိဖိတ်

ဘားလ်ဘက်ခ်မြို့ ( /ˈbɑːlbɛk/ ), [] အသံထွက်အမှန် ဘားလဘက်ခ် [] ( အာရပ်: بعلبك‎, ရောမအက္ခရာ: Ba’labakk , ဆီးရီးယား-အာရာမိုက် : ܒܥܠܒܟ) သည် လက်ဘနွန်နိုင်ငံ လစ်တနီမြစ်၏ အရှေ့ဘက် ဘက်ကာ တောင်ကြားတွင် တည်ရှိသော မြို့တစ်မြို့ဖြစ်ပြီး ဘေရွတ် ၏အရှေ့မြောက်ဘက် ၈၅ ကီလိုမီတာ (၅၃ မိုင်) ခန့် အကွာတွင် တည်ရှိသည်။ ၎င်းသည် ဘားလ်ဘက်ခ်-ဟာမယ်အုပ်ချုပ်ရေးဒေသ၏ မြို့တော် ဖြစ်သည်။ [] ဂရိနှင့် ရောမခေတ်တွင် ဘားလ်ဘက်ခ် ကို ဟီလီယိုပိုလစ် ( Ἡλιούπολις ,ဂရိ ဘာသာ "နေမြို့တော်") ဟုလည်း သိကြသည်။ ၁၉၉၈ တွင် ဘားလ်ဘက်ခ်မြို့၏ လူဦးရေသည် ၈၂,၆၀၈ ဦး ရှိပြီး အများစုမှာ ရှီအာ့မွတ်စလင်များ ဖြစ်ပြီး ကျန်သူများမှာ ဆွန်နီမူဆလင်များ နှင့် ခရစ်ယာန်များ ဖြစ်ကြသည်။ []

၎င်းသည် ဘားလ်ဘက်ခ် ဘုရားကျောင်း အဆောက်အဦး အစုအဝေး တည်ရှိရာ နေရာဖြစ်ပြီး အကြီးဆုံးနှင့် အခမ်းနားဆုံး ရောမဗိမာန် အပျက်အယွင်းနှစ်ခု ဖြစ်သော ဘားကပ်စ် ဘုရားကျောင်းနှင့် ဂျူပီတာဘုရားကျောင်းတို့ ပါဝင်သည်။ ၎င်းကို ၁၉၈၄ ခုနှစ်တွင် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. The Editors
  2. Cook's (1876).
  3. Mohafazah de Baalbek-Hermel။ Localiban။
  4. Syria – Lebanon။ Hunter Publishing, Inc.။