ဘားလ်ဘက်ခ်မြို့
| ဘားလ်ဘက်ခ် Baalbek بعلبك | |
|---|---|
| မြို့တော် | |
ဘားကပ်စ်ဗိမာန် | |
| အုပ်ချုပ်ရေးဒေသ | ဘားလ်ဘက်ခ်-ဟာမယ် |
| ခရိုင် | ဘားလ်ဘက်ခ် |
| ဧရိယာ | |
| • မြို့တော် | ၇ စတုရန်းကီလိုမီတာ (၃ စတုရန်းမိုင်) |
| • မြို့ပြကြီး | ၁၆ စတုရန်းကီလိုမီတာ (၆ စတုရန်းမိုင်) |
| ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၁၁၇၀ မီတာ (၃၈၄၀ ပေ) |
| လူဦးရေ [ကိုးကားချက်လိုသည်] | |
| • မြို့တော် | ၈၂,၆၀၈ |
| • မြို့ပြကြီး | ၁၀၅၀၀၀ |
| အချိန်ဇုန် | EET (UTC+2) |
| • နွေရာသီ (DST) | +3 (UTC) |
| တရားဝင်အမည် | ဘားလ်ဘက်ခ် |
| အမျိုးအစား | ယဉ်ကျေးမှု |
| ရွေးချယ်သည့်စံနှုန်း | i, iv |
| ရွေးချယ်ခြင်း | ၁၉၈၄ (အဋ္ဌမအကြိမ်) |
| ရည်ညွှန်းနံပါတ် | 294 |
| နိုင်ငံ | လက်ဘနွန်နိုင်ငံ |
| ဒေသ | အာရှနှင့် ပစိဖိတ် |
ဘားလ်ဘက်ခ်မြို့ ( /ˈbɑːlbɛk/ ), [၁] အသံထွက်အမှန် ဘားလဘက်ခ် [၂] ( အာရပ်: بعلبك, ရောမအက္ခရာ: Ba’labakk , ဆီးရီးယား-အာရာမိုက် : ܒܥܠܒܟ) သည် လက်ဘနွန်နိုင်ငံ လစ်တနီမြစ်၏ အရှေ့ဘက် ဘက်ကာ တောင်ကြားတွင် တည်ရှိသော မြို့တစ်မြို့ဖြစ်ပြီး ဘေရွတ် ၏အရှေ့မြောက်ဘက် ၈၅ ကီလိုမီတာ (၅၃ မိုင်) ခန့် အကွာတွင် တည်ရှိသည်။ ၎င်းသည် ဘားလ်ဘက်ခ်-ဟာမယ်အုပ်ချုပ်ရေးဒေသ၏ မြို့တော် ဖြစ်သည်။ [၃] ဂရိနှင့် ရောမခေတ်တွင် ဘားလ်ဘက်ခ် ကို ဟီလီယိုပိုလစ် ( Ἡλιούπολις ,ဂရိ ဘာသာ "နေမြို့တော်") ဟုလည်း သိကြသည်။ ၁၉၉၈ တွင် ဘားလ်ဘက်ခ်မြို့၏ လူဦးရေသည် ၈၂,၆၀၈ ဦး ရှိပြီး အများစုမှာ ရှီအာ့မွတ်စလင်များ ဖြစ်ပြီး ကျန်သူများမှာ ဆွန်နီမူဆလင်များ နှင့် ခရစ်ယာန်များ ဖြစ်ကြသည်။ [၄]
၎င်းသည် ဘားလ်ဘက်ခ် ဘုရားကျောင်း အဆောက်အဦး အစုအဝေး တည်ရှိရာ နေရာဖြစ်ပြီး အကြီးဆုံးနှင့် အခမ်းနားဆုံး ရောမဗိမာန် အပျက်အယွင်းနှစ်ခု ဖြစ်သော ဘားကပ်စ် ဘုရားကျောင်းနှင့် ဂျူပီတာဘုရားကျောင်းတို့ ပါဝင်သည်။ ၎င်းကို ၁၉၈၄ ခုနှစ်တွင် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ The Editors
- ↑ Cook's (1876).
- ↑ Mohafazah de Baalbek-Hermel။ Localiban။
- ↑ Syria – Lebanon။ Hunter Publishing, Inc.။