ဘာဘရာ စတွိုင်းဆာန်

ဝီကီပီးဒီးယား မှ
ဘာဘရာ စတွိုင်းဆာန်
၁၉၆၆ ခုနှစ်တွင် တွေ့မြင်ရသော စတွိုင်းဆာန်
မွေးဖွားဘာဘရာ ဂျုံး စတွိုင်းဆာန်
(1942-04-24) ဧပြီ ၂၄၊ ၁၉၄၂ (အသက် ၈၁)
အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့
ပညာရေးအစ်ရက်ဇ်မာ့စ် ဟောလ် အထက်တန်းကျောင်း
အလုပ်အကိုင်
  • အဆိုတော်
  • သရုပ်ဆောင်မင်းသမီး
  • ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်သူ
အိမ်ထောင်ဖက်(များ)Elliott Gould
(လက်ထပ် 1963; ကွာရှင်း 1971)
James Brolin
(လက်ထပ် ၁၉၉၈)
သားသမီးJason Gould
ဆွေမျိုးသားချင်းRoslyn Kind (half-sister)
ဂီတခရီးလမ်း
ဂီတဟန်
  • Broadway
  • traditional pop
  • disco
တူရိယာအသံ
တက်ကြွသည့်နှစ်များ၁၉၆၀ – လက်ရှိ
တေးသံသွင်း ကုမ္ပဏီColumbia
ပူးတွဲ ပါဝင်မှု
ဝက်ဘ်ဆိုက်barbrastreisand.com

ဘာဘရာ ဂျုံး "ဘာဘရာ" စတွိုင်းဆာန် (အင်္ဂလိပ်: Barbara Joan "Barbra" Streisand) (၁၉၄၂ ဧပြီလ ၂၄ မွေးဖွား) သည် အမေရိကန်အဆိုတော်၊ သရုပ်ဆောင်နှင့် ရုပ်ရှင်ရိုက်ကူးထုတ်လုပ်သူဖြစ်သည်။ ဆယ်စုနှစ်ခြောက်ခုကြာကြာ ဖျော်ဖြေရေးနယ်ပယ်များစွာတွင် အောင်မြင်မှုများရရှိခဲ့ပြီး အကယ်ဒမီဆု နှစ်ဆု၊ ဂန္ထဝင်ဂရမ်မီဆု (Grammy Legend Award )၊ တစ်သက်တာအောင်မြင်မှုဂရမ်မီဆု (Grammy Lifetime Achievement Award) အပါအဝင် စုစုပေါင်း ဂရမ်မီဆု ဆယ်ဆုရရှိသော သူဖြစ်သည်။[၁] အမ်မီဆု ငါးဆု(Emmy Award)[၂] တိုနီအထူးဆု(Special Tony Award)၊ အမေရိကန်ရုပ်ရှင်အဖွဲ့ဆု(American Film Institute award)၊ ကနေဒီဌာနဂုဏ်ပြုဆု (Kennedy Center Honors prize)[၃] ပီးဘားဒီဆုလေးဆု (Peabody Award)[၄] သမ္မတ၏ လွပ်လပ်မှု ဆုတံဆိပ်နှင့်(Presidential Medal of Freedom)[၅] ရွှေကမ္ဘာလုံး (၉)ဆု(Golden Globe Award)[၆] စသည်တို့ကိုလည်း ရရှိခဲ့သည်။ အကယ်ဒမီ၊ တိုနီ၊ အမ်မီ၊ ဂရမ်မီဆု သုံးခုလုံးကို ရရှိသောသူအနည်းငယ်အနက်က တစ်ဦးလည်းဖြစ်သည်။

၁၉၆၀ပြည့်နှစ်များတွင် အောင်မြင်သည့်အဆိုတော်လုပ်ငန်းစတင်ခဲ့ပြီးနောက် စတွိုင်းဆာန်သည် ထိုဆယ်စုနှစ်ကုန်ပိုင်းလောက်၌ ရုပ်ရှင်လုပ်ငန်းနယ်ပယ်ထဲသို့ စွန့်စားဝင်ရောက်ခဲ့သည်။[၇] ဝေဖန်သုံးသပ်လက်ခံမှုကောင်းခဲ့သော Funny Girl ရုပ်ရှင်တွင် သရုပ်ဆောင်ခဲ့ရာ အကယ်ဒမီဆုနှင့် ရွှေကမ္ဘာလုံးဆုကို အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုဖြင့် ဆွတ်ခူးနိုင်ခဲ့သည်။[၈] အခြားသောရုပ်ရှင်များတွင် The Owl and the PussycatThe Way We Were တိုဖြစ်ကြ၍ A Star Is Born ဇာတ်ကား၌ အချစ်သီချင်း Evergreen ကိုရေးစပ်သူအဖြစ် သီချင်းဆုအကယ်ဒမီဆုကို ဒုတိယမြောက်ရရှိခဲ့၍ ထိုဆုသည် တေးရေးသူအဖြစ်ပထမဆုံးအမျိုးသမီးတစ်ယောက်ကို ပေးသောဆုလည်းဖြစ်သည်။[၉] Yentl ရုပ်ရှင်ကား ၁၉၈၃တွင် ထွက်ရှိလာသောအခါ စတွိုင်းဆာန်သည်အဓိကစတူဒီယိုရုပ်ရှင်ကားကြီးတစ်ခုကို သရုပ်ဆောင်၊ ရေးသား၊ ရိုက်ကူး၊ ထုတ်လုပ်ခဲ့သော ပထမဆုံးအမျိုးသမီးလည်းဖြစ်ပေသည်။[၁၀] ထိုရုပ်ရှင်သည် အကောင်းဆုံး ဂီတဆုကဏ္ဍ၌(Best Score) အကယ်ဒမီဆုနှင့် ရွှေကမ္ဘာလုံးဆုရရှိခဲ့သည်။ ယင်းရုပ်ရှင်ဖြင့်ပင် အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိကာ ယနေ့ခေတ်ထိတိုင်ထိုဆုကို လက်ခံရရှိသော ပထမဆုံး အမျိုးသမီးတစ်ဦးလည်းဖြစ်သည်။

စတွိုင်းဆာန်သည် ယူအက်စ်တွင် သီချင်းချပ်ရေ (၆၈.၅) သန်း၊ ကမ္ဘာအနှံ့ စုစုပေါင်း သန်း(၁၅၀)ကျော် ရောင်းချခဲ့ရသဖြင့် ရောင်းအားအကောင်းဆုံး အနုပညာရှင်တစ်ဦးဖြစ်သည်။[၁၁][၁၂] အမေရိကတေးသံသွင်းလုပ်ငန်းအဖွဲ့ (RIAA) မှအသိအမှတ်ပြုသော ထိပ်တန်းရောင်းအားအကောင်းဆုံး အနုပညာရှင်များ၌လည်း ပထမဆုံးအမျိုးသမီးအနုပညာသည်ပင်ဖြစ်သည်။[၁၂][၁၃] အမေရိကတေးသံသွင်းလုပ်ငန်းအဖွဲ့နှင့် ဘီလ်ဘော့ဒ် (မဂ္ဂဇင်း)က စတွိုင်းဆာန်ကို အမျိုးသမီးအဆိုတော်တစ်ဦး၌ ထိပ်တန်းအကျဆုံးအခွေ(၁၀)ခွေအတွက် စံချိန်တစ်ရပ်ကိုပိုင်ဆိုင်သူအဖြစ် အသိအမှတ်ပြုကြသည်။ ၁၉၆၃မှစ၍ ယခုထိ စုစုပေါင်း (၃၄)ခွေဖြစ်သည်။ ဘီလ်ဘော့ဒ်အရဆိုလျှင် အဆင့်(၁)ရသော တေးအယ်လ်ဘမ်အများဆုံးပိုင်ဆိုင်သော အမျိုးသမီးဆိုသည့် စံချိန်(၁၁ ခွေ)ကိုလည်းရယူခဲ့သည်။[၁၄]ဘီလ်ဘော့ဒ်က ၎င်း၏ ထိပ်တန်းသီချင်း (၂၀၀)ဇယားတွင် သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး အနုပညာရှင်အဖြစ်လည်းကောင်း ရေပန်းစားသီချင်း (၁၀၀)ဇယားတွင် ပါဝင်ခဲ့သော အကြီးကျယ်ဆုံးအမျိုးသမီးအနုပညာရှင်အဖြစ်လည်းကောင်း အသိအမှတ်ပြုခဲ့လေသည်။[၁၅][၁၆] စတွိုင်းဆာန်သည် ရွှေအဆင့်ရအခွေ (၅၃)ခွေ၊ ပလက်တီနမ်ပဆင့်ရအခွေ (၃၁)ခွေ၊ ထပ်ဆင့် ပလက်တီနမ်ရအခွေ (၁၄)ခွေကို အမေရိက၌ ထုတ်ဝေဖြန့်ချိခဲ့ရင်း လွန်ခဲ့သည့် နှစ်ခြောက်ဆယ်အတွင်းက ဆယ်စုနှစ်တစ်ခုချင်းဆီ၌ အဆင့်တစ်ရသော တေးအယ်လ်ဘမ်ရှိသည့် တစ်ဦးတည်းသော တေးသံသွင်းအနုပညာရှင်လည်းဖြစ်သည်။[၁]

ထွက်ရှိပြီးသော တေးအယ်လ်ဘမ်များ[ပြင်ဆင်ရန်]

  • The Barbra Streisand Album (1963)
  • The Second Barbra Streisand Album (1963)
  • The Third Album (1964)
  • People (1964)
  • My Name Is Barbra (1965)
  • My Name Is Barbra, Two... (1965)
  • Color Me Barbra (1966)
  • Je m'appelle Barbra (1966)
  • Simply Streisand (1967)
  • A Christmas Album (1967)
  • What About Today? (1969)
  • Stoney End (1971)
  • Barbra Joan Streisand (1971)
  • Barbra Streisand...and Other Musical Instruments (1973)
  • The Way We Were (1974)
  • ButterFly (1974)
  • Lazy Afternoon (1975)
  • Classical Barbra (1976)
  • Superman (1977)
  • Songbird (1978)
  • Wet (1979)
  • Guilty (1980)
  • Emotion (1984)
  • The Broadway Album (1985)
  • Till I Loved You (1988)
  • Back to Broadway (1993)
  • Higher Ground (1997)
  • A Love Like Ours (1999)
  • Christmas Memories (2001)
  • The Movie Album (2003)
  • Guilty Pleasures (2005)
  • Love Is the Answer (2009)
  • What Matters Most (2011)
  • Partners (2014)
  • Encore: Movie Partners Sing Broadway (2016)
  • Walls (2018)

ရိုက်ကူးခဲ့သော ရုပ်ရှင်များ[ပြင်ဆင်ရန်]

ခုနှစ် အမည် ပါဝင်သည့်အခန်း မှတ်ချက်
1968 Funny Girl Fanny Brice အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် အကယ်ဒမီဆု ပူးတွဲ (Katharine Hepburn for The Lion in Winter (1968 film))
အကောင်းဆုံး နိုင်ငံခြား အမျိုးသမီးဇာတ်ဆောင်အတွက် David di Donatello ဆု ပူးတွဲ (Mia Farrow for Rosemary's Baby (film))
အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ရွှေကမ္ဘာလုံးဆု – Motion Picture Musical or Comedy
အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် BAFTA ဆု ဆန်ကာတင်
1969 Hello, Dolly! Dolly Levi အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် BAFTA ဆု ဆန်ကာတင်
အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ရွှေကမ္ဘာလုံးဆု ဆန်ကာတင်– Motion Picture Musical or Comedy
1970 On a Clear Day You Can See Forever Daisy Gamble / Melinda Tentrees
The Owl and the Pussycat Doris Wilgus / Wadsworth / Wellington / Waverly အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ရွှေကမ္ဘာလုံးဆု ဆန်ကာတင်– Motion Picture Musical or Comedy
1972 What's Up, Doc? Judy Maxwell
Up the Sandbox Margaret Reynolds
1973 The Way We Were Katie Morosky အကောင်းဆုံး နိုင်ငံခြား အမျိုးသမီးဇာတ်ဆောင်အတွက် David di Donatello ဆု ပူးတွဲ (Tatum O'Neal for Paper Moon (film))
အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် အကယ်ဒမီဆု ဆန်ကာတင်
အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် BAFTA ဆု ဆန်ကာတင်
အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ရွှေကမ္ဘာလုံးဆု ဆန်ကာတင်– Motion Picture Musical or Comedy
1974 For Pete's Sake Henrietta "Henry" Robbins
1975 Funny Lady Fanny Brice အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ရွှေကမ္ဘာလုံးဆု ဆန်ကာတင်– Motion Picture Musical or Comedy
1976 A Star Is Born (1976 film) Esther Hoffman Howard အကောင်းဆုံး မူရင်းသီချင်း အကယ်ဒမီဆုPaul Williams (တေးရေးသူ နှင့်အတူ) (lyrics)/ "Evergreen (Love Theme from A Star Is Born)" ဖြင့်ဆုရရှိခြင်း။
အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ရွှေကမ္ဘာလုံးဆု – Motion Picture Musical or Comedy
အကောင်းဆုံး မူရင်းသီချင်း ရွှေကမ္ဘာလုံးဆု Paul Williams (တေးရေးသူ နှင့်အတူ) (lyrics)/ "Evergreen (Love Theme from A Star Is Born)" ဖြင့်ဆုရရှိခြင်း။
အကောင်းဆုံး ရုပ်ရှင်ဂီတ BAFTA ဆု Paul Williams (တေးရေး), Kenneth Ascher, Rupert Holmes, Leon Russell, Kenny Loggins, Alan and Marilyn Bergman, Donna Weiss များနှင့်အတူ
1979 The Main Event Hillary Kramer
1981 All Night Long Cheryl Gibbons အညံ့ဆုံး အမျိုးသမီးဇာတ်ဆောင် ရတ်စ်ဘယ်ရီဆု ဆန်ကာတင်
1983 Yentl Yentl Mendel / Anshel Mendel ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ ပူးတွဲဇာတ်ညွှန်းရေးသူ အဖြစ်လည်း
အကောင်းဆုံး ဒါရိုက်တာ ရွှေကမ္ဘာလုံးဆု
အကောင်းဆုံး နိုင်ငံခြား ဒါရိုက်တာဆုအတွက် Special Nastro d'Argento ဆု
အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ရွှေကမ္ဘာလုံးဆု ဆန်ကာတင်– Motion Picture Musical or Comedy
အညံ့ဆုံး အမျိုးသားဇာတ်ဆောင် ရတ်စ်ဘယ်ရီဆု ဆန်ကာတင်
1987 Nuts (1987 film) Claudia Faith Draper အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ရွှေကမ္ဘာလုံးဆု ဆန်ကာတင် – Drama
1991 The Prince of Tides Dr. Susan Lowenstein ဒါရိုက်တာ၊ ထုတ်လုပ်သူ အဖြစ်လည်း
အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် အကယ်ဒမီဆု ဆန်ကာတင် (ပူးတွဲ) Andrew S. Karsch
အမေရိကဒါရိုက်တာများအဖွဲ့ဆု ဆန်ကာတင်
အကောင်းဆုံး ဒါရိုက်တာ ရွှေကမ္ဘာလုံးဆု ဆန်ကာတင်
1996 The Mirror Has Two Faces Rose Morgan ဒါရိုက်တာ၊ ထုတ်လုပ်သူ အဖြစ်လည်း
အကောင်းဆုံး မူရင်းသီချင်း အကယ်ဒမီဆု ဆန်ကာတင်(Marvin Hamlisch, Robert John Lange and Bryan Adams) နှင့်အတူ၊ "I Finally Found Someone" သီချင်းဖြင့်
အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ရွှေကမ္ဘာလုံးဆု ဆန်ကာတင် – Motion Picture Musical or Comedy
အကောင်းဆုံး မူရင်းသီချင်း ရွှေကမ္ဘာလုံးဆု ဆန်ကာတင် (Marvin Hamlisch, Robert John Lange and Bryan Adams) နှင့်အတူ၊ "I Finally Found Someone" သီချင်းဖြင့်
2004 Meet the Fockers Rozalin "Roz" Focker
2010 Little Fockers Rozalin "Roz" Focker အညံ့ဆုံး အမျိုးသမီးဇာတ်ပို့ ရတ်စ်ဘယ်ရီဆု ဆန်ကာတင်
2012 The Guilt Trip Joyce Brewster အညံ့ဆုံး အမျိုးသမီးဇာတ်ပို့ ရတ်စ်ဘယ်ရီဆု ဆန်ကာတင်

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ "Barbra Streisand Goes Platinum for History-Making 31st Time with Partners". Broadway World. January 20, 2015.
  2. Awards Search။ Academy of Television Arts & Sciences။ 13 December 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 10, 2013 တွင် ပြန်စစ်ပြီး။
  3. AFI Life Achievement Award: Barbra Streisand။ American Film Institute။ December 9, 2009 တွင် ပြန်စစ်ပြီး။
  4. The Ultimate Show Biz Coup: PEGOT။ The Peabody Awards။ 4 February 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 10, 2014 တွင် ပြန်စစ်ပြီး။
  5. Steven Spielberg, Barbra Streisand to Receive Presidential Medal of FreedomVariety။ Yahoo!။ November 17, 2015 တွင် ပြန်စစ်ပြီး။
  6. Awards Search။ Hollywood Foreign Press Association။ April 2, 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 10, 2014 တွင် ပြန်စစ်ပြီး။
  7. Mhairi Graham (2012-04-24)။ Barbra Streisand: Hollywood Rebel။ 2020-03-23 တွင် ပြန်စစ်ပြီး။
  8. Barbra Streisand's Awards (March 2, 2013)။ March 2, 2013 တွင် ပြန်စစ်ပြီး။
  9. Barbra Streisand to Sing 'The Way We Were' for the Oscars Memorial Segment။ movies.broadwayworld.com (February 22, 2013)။ March 2, 2013 တွင် ပြန်စစ်ပြီး။
  10. Kagan, Jeremy. Directors Close Up, Scarecrow Press (2006) p. 297
  11. Embley၊ Jochan။ "Barbra Streisand to headline British Summer Time: How to get tickets for BST Hyde Park"၊ Evening Standard၊ March 6, 2019။ March 6, 2019 တွင် ပြန်စစ်ပြီး 
  12. ၁၂.၀ ၁၂.၁ Top Selling Artists (albums)။ RIAA (March 25, 2015)။ March 25, 2015 တွင် ပြန်စစ်ပြီး။
  13. After 51-year absence, Barbra Streisand takes the host chair at 'The Tonight Show'။ June 17, 2015 တွင် ပြန်စစ်ပြီး။
  14. Chart Watch Extra: The Acts With The Most Top 10 Albums, Ever – Chart Watch။ Yahoo! Music (October 17, 2008)။ December 9, 2009 တွင် ပြန်စစ်ပြီး။
  15. Greatest of All Time (Billboard 200 Artists)Billboard။ November 13, 2015 တွင် ပြန်စစ်ပြီး။
  16. Greatest of All Time (Hot 100 Artists)Billboard။ November 13, 2015 တွင် ပြန်စစ်ပြီး။