ပြားတော
ပုံပန်းသွင်ပြင်
ပြားတော (Swamp) ဆိုသည်မှာ ရေဝပ်ဒေသသစ်တောတခုဖြစ်သည်။[၁] ပြားတောများသည် ကုန်းမြေနှင့် ရေထုနှစ်ခုစလုံးပါဝင်သောကြောင့် အကူးအပြောင်းဇုန်ဟု ခေါ်ဆိုနိုင်သည်။[၂] ပြားတောများသည် အရွယ်အစား အမျိုးမျိုးရှိပြီး ကမ္ဘာအနှံ့တွင် တည်ရှိကြသည်။ ပြားတောရှိ ရေသည် ရေချို သို့မဟုတ် ရေငန် ဖြစ်နိုင်သည်။ ရေချိုပြားတောများကို မိုးရေစီးဆင်းမှုကောင်းသော မြစ် သို့မဟုတ် ရေအိုင်များအနီးတွင် တွေ့ရှိရသည်။[၃] ရေငန်ပြားတောများကိုမူ အပူပိုင်းဇုန်နှင့် သမပိုင်းဇုန် ကမ်းရိုးတန်းဒေသများတွင် တွေ့ရသည်။ ကမ္ဘာ့အကြီးဆုံး ပြားတောများကို အမေဇုန်မြစ်၊ မစ္စစ္စပီမြစ်၊ ကွန်ဂိုမြစ်များတွင် တွေ့ရသည်။[၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Keddy, P.A. 2010. Wetland Ecology: Principles and Conservation (2nd edition). Cambridge University Press, Cambridge, UK. 497 p.
- ↑ Society၊ National Geographic (2011-01-21)။ swamp (in en)။ 2019-09-26 တွင် ပြန်စစ်ပြီး။
- ↑ Hughes, F.M.R. (ed.). 2003. The Flooded Forest: Guidance for policy makers and river managers in Europe on the restoration of floodplain forests. FLOBAR2, Department of Geography, University of Cambridge, Cambridge, UK. 96 p.
- ↑ Keddy, P.A., L.H. Fraser, A.I. Solomeshch, W.J. Junk, D.R. Campbell, M.T.K. Arroyo and C.J.R. Alho. 2009. Wet and wonderful: the world's largest wetlands are conservation priorities. BioScience 59: 39–51.