ပြည်ထဲရေး ဝန်ကြီးဌာန
ပုံပန်းသွင်ပြင်
မြန်မာနိုင်ငံအစိုးရအဖွဲ့အစည်း | |
---|---|
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
အဖွဲ့အစည်းအမျိုးအစား | ဝန်ကြီးဌာန |
ဌာနချုပ် | ရုံးအမှတ် (၁၀)၊ နေပြည်တော် |
ဝန်ကြီးများ | ရာပြည့် (ဒုတိယဗိုလ်ချုပ်ကြီး) |
ဒုတိယဝန်ကြီးများ | ဗိုလ်ချုပ်တိုးရီ - |
ဌာနခွဲများ |
မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် ပြည်ထဲရေး နှင့် ပတ်သက်၍ ပြည်ထဲရေး ဝန်ကြီးဌာနထားရှိသည်။ လက်ရှိ ပြည်ထဲရေးဝန်ကြီးမှာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် (ဒုတိယဗိုလ်ချုပ်ကြီး) ဖြစ်သည်။[၁] ဒုတိယဝန်ကြီးမှာ ဗိုလ်ချုပ်တိုးရီနှင့် ညွှန်ကြားရေးမှူးချုပ်မှာ ဦးခိုင်ထွန်းဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန်မှာ ဦးဉာဏ်လင်းထွေး ဖြစ်ပြီး လက်ထောက်အမြဲတမ်းအတွင်းဝန်မှာ ဦးမောင်မောင်မြင့် ဖြစ်သည်။
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]ပြည်ထဲရေး ဝန်ကြီးဌာန၏ လက်အောက်တွင်အောက်ပါ ဦးစီးဌာနများကို ထပ်မံခွဲထားသည်။ ၎င်းဦးစီးဌာနများမှာ
- မြန်မာနိုင်ငံ ရဲတပ်ဖွဲ့
- အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန
- အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန
- အကျဉ်းဦးစီးဌာန
- မီးသတ်ဦးစီးဌာန တို့ဖြစ်သည်။
ယခင်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ထည့်သွင်းဖွဲ့စည်းခဲ့သော်လည်း ၂၀၁၈ခုနှစ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနလက်အောက်သို့ ပြောင်းကာဖွဲ့စည်းခဲ့သည်။၂၀၂၁ခုနှစ် မေလ ၅ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီမှ ပြည်ထဲရေး ဝန်ကြီးဌာနလက်အောက်သို့ ပြန်လည် ပြောင်းရွှေ့ခဲ့ပြန်သည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၆၁ / ၂၀၂၃ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၂ ရက် (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်) ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း။ MOI Myanmar (၃ ဩဂုတ်၂၀၂၃)။ ၃ ဩဂုတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန လက်အောက်မှ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်သို့ ပြောင်းရွှေ့။