မာတိကာသို့ ခုန်သွားရန်

ဆမ်ဆောင်း အီလက်ထရွန်းနစ် ကုမ္ပဏီ

ဝီကီပီးဒီးယား မှ
Samsung Electronics Co., Ltd
삼성전자
အမျိုးအစားအများနှင့်သက်ဆိုင်သော ကုမ္ပဏီ
တည်ထောင်သည့်နှစ်၁၉၆၉ (Samsung Electric Industries)
၁၉၈၈ (Samsung Electronics)
ဌာနချုပ်ဆိုးလ်မြို့ တောင်ကိုရီးယား
ဝန်ဆောင်မှု ဧရိယာကမ္ဘာတစ်ဝှန်း
အရေးပါ ပုဂ္ဂိုလ်များလီကွန်ဟီး
(Chairman)
Lee Jae-yong
(Vice chairman)
Kwon Oh-hyun
(Vice chairman and CEO)
JK Shin
(President)
BK Yoon (President and CEO)
ထုတ်ကုန်ပစ္စည်းလူသုံးအီလက်ထရွန်းနစ်ပစ္စည်းများ
ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများ
တစ်ပိုင်းလျှပ်ကူး ပစ္စည်းများ
မီးဖိုချောင်သုံး လျှပ်စစ်ပစ္စည်းများ
ဝင်ငွေIncrease ဝမ် ၂၂၈.၆၉၂ တြီလီယံ (၂၀၁၃)[]
အခွန်မဆောင်မီ ဝင်ငွေIncrease ဝမ် ၃၆.၇၈၅ တြီလီယံ (၂၀၁၃)[]
အသားတင်ဝင်ငွေIncrease ဝမ် ၂၉.၈၂၁ တြီလီယံ (၂၀၁၃)[]
ရင်းနှီးမြှုပ်နှံမှုIncrease ဝမ် ၂၁၄.၀၇၅ တြီလီယံ (၂၀၁၃)[]
စုစုပေါင်း ရှယ်ယာတန်ဖိုးIncrease ဝမ် ၁၅၀.၀၁၆ တြီလီယံ (၂၀၁၃)[]
အလုပ်သမားဦးရေ၃၂၆,၀၀၀ (၂၀၁၄)[]
မိခင်ကုမ္ပဏီဆမ်ဆောင်း အုပ်စု
ဝက်ဘ်ဆိုက်samsung.com


ဆမ်ဆောင်း အီလက်ထရွန်းနစ် ကုမ္ပဏီ (Samsung Electronics Co., Ltd.) သည် တောင်ကိုရီးယားနိုင်ငံ အခြေစိုက် အီလက်ထရွန်းနစ်ပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီကြီးတစ်ခု ဖြစ်သည်။ ဆမ်ဆောင်း အုပ်စု၏ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၁၂ ခုနှစ်အတွက် ဆမ်ဆောင်းအုပ်စု၏ ဝင်ငွေ ၇၀% ခန့်ကို ရှာဖွေပေးနိုင်ခဲ့သော ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။[] ၂၀၀၉ ခုနှစ်တွင် ကမ္ဘာ့ဝင်ငွေအများဆုံး သတင်းအချက်အလက်နှင့် နည်းပညာကုမ္ပဏီ အဖြစ်ရောက်ရှိခဲ့သည်။[] ဆမ်ဆောင်း အီလက်ထရွန်းနစ် ကုမ္ပဏီအနေဖြင့် နိုင်ငံပေါင်း ၈၀ ကျော်တွင် လုပ်ငန်းများ ဖြန့်ကျက်ထားကာ ဝန်ထမ်းပေါင်း ၃၇၀,၀၀၀ ကျော်ဖြင့် လုပ်ငန်းများ ဆောင်ရွက်နေသည်။[]

အက်ပဲဆိုနီHTC နှင့် နိုကီယာ အစရှိသော ကုမ္ပဏီများအတွက် အီလက်ထရွန်းနစ် ဆက်စပ်ပစ္စည်းများ၊ လီသီယမ်-အိုင်ရွန် (lithium-ion) ဘက်ထရီများ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ flash memory နှင့် ဟတ်ဒစ်စ် ဒရိုက်ဗ်များ) ကို အဓိက ထုတ်လုပ်ပေးနေသော ကုမ္ပဏီတစ်ခု ဖြစ်သည်။[][]

များမကြာမီနှစ်များတွင် ကုမ္ပဏီအနေဖြင့် လူသုံးအီလက်ထရွန်းနစ်ပစ္စည်းဈေးကွက်သို့ ဝင်ရောက်လာကာ ဆမ်ဆောင်း ဂလက်ဆီ အမျိုးအစားဖုန်းများဖြင့် နာမည်ရလာပြီး ကမ္ဘာ့အကြီးဆုံး မိုဘိုင်းလ်ဖုန်းနှင့် စမတ်ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ Samsung Electronics Co., Ltd Financial StatementsBloomberg။ 17 April 2013 တွင် ပြန်စစ်ပြီး။
  2. မော်ကွန်းတင်ပြီးမိတ္တူ။ 2 May 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 November 2014 တွင် ပြန်စစ်ပြီး။
  3. Samsung Beats HP to Pole PositionFinancial Times။ 28 January 2010 တွင် ပြန်စစ်ပြီး။
  4. How Samsung Became the World's No. 1 Smartphone MakerBusiness Week (28 March 2013)။ 2013-05-07 တွင် ပြန်စစ်ပြီး။
  5. Apple spent nearly $5.7 billion on Samsung parts in 2010, faces 'strong' response to its patent suitengadget.com (19 April 2011)။ 2013-05-07 တွင် ပြန်စစ်ပြီး။
  6. HTC ditches Samsung components for other suppliers, a la Applewww.techradar.com (10 October 2012)။ 2013-05-07 တွင် ပြန်စစ်ပြီး။
  7. Samsung overtakes Apple as world's most profitable mobile phone maker | Technology. theguardian.com. Retrieved on 2013-12-08.

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]