အက်ပဲ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
Apple Inc.
အမျိုးအစား အများဆိုင်
လုပ်ငန်း
ဌာနချုပ် အက်ပဲ ပရဝုဏ်၊ ကူပါတီနိုမြို့၊ ကယ်လီဖိုးနီးယားပြည်နယ်, အမေရိကန်ပြည်ထောင်စု
တည်နေရာ ၁၆ နိုင်ငံတွင်း အက်ပဲအရောင်းဆိုင်ပေါင်း ၄၅၃ ဆိုင် (၂၀၁၅ မတ်လ အထိ)[၁]
ဝန်ဆောင်မှု ဧရိယာ ကမ္ဘာတစ်ဝှမ်း
အရေးပါ ပုဂ္ဂိုလ်များ
ထုတ်ကုန်ပစ္စည်း
ဝန်ဆောင်မှု
ဝင်ငွေ Increase US$ ၂၃၃.၇၁၅ ဘီလီယံ (၂၀၁၅)[၃]
အခွန်မဆောင်မှီ ဝင်ငွေ Increase US$ 0၇၁.၂၃၀ ဘီလီယံ (၂၀၁၅)[၃]
အသားတင် ဝင်ငွေ Increase US$ 0၅၃.၃၉၄ ဘီလီယံ (၂၀၁၅)[၃]
ရင်းနှီးမြှုပ်နှံမှု Increase US$ ၂၉၀.၄၇၉ ဘီလီယံ (၂၀၁၅)[၃]
စုစုပေါင်း ရှယ်ယာတန်ဖိုး Increase US$ ၁၁၉.၃၅၅ ဘီလီယံ (၂၀၁၅)[၃]
အလုပ်သမားဦးရေ ၁၁၅,၀၀၀ (၂၀၁၅ ဇူလိုင်အထိ)[၄]
ကုမ္ပဏီခွဲ
ဝက်ဘ်ဆိုက် apple.com

အက်ပဲ ကုမ္ပဏီ (အင်္ဂလိပ်: Apple Inc. ) သည် အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် အမေရိကန် နည်းပညာကုမ္ပဏီ တစ်ခုဖြစ်သည်။ အီလက်ထရွန်နစ်၊ ကွန်ပျူတာ ဆော့ဖ်ဝဲလ်နှင့် အွန်လိုင်း ဝန်ဆောင်မှုများကို ရောင်းချသည့် ကုမ္ပဏီဖြစ်သည်။ ယင်း၏ အဓိက ပစ္စည်းထုတ်ကုန် များအဖြစ် အိုင်ဖုန်း (စမတ်ဖုန်း), iPad (Tablet ကွန်ပျူတာ) , Mac (ကိုယ်ရေးကိုယ်တာ ကွန်ပျူတာ), iPod (အိတ်ဆောင်မီဒီယာ) နှင့် Apple Watch (စမတ်နာရီ) တို့ကို ထုတ်လုပ်ရောင်းချခဲ့သည်။ Apple ၏ အခြားဆော့ဖ်ဝဲ ထုတ်ကုန်များအနေနှင့် OS X နှင့် iOS (လုပ်ငန်းလည်ပတ်မှု စနစ်များ), iTunes (Media Player), Safari (ဝဘ်ဘရောက်ဆာ) , iLife, iWork ဆော့ဖ်ဝဲတို့ကိုလည်း ထုတ်လုပ်နေသည်။ သူ၏အွန်လိုင်း ဝန်ဆောင်မှုများ အနေနှင့်ဖြင့် iTunes Store, iOS App Store, Mac App Store နှင့် iCloud တို့ကို မိတ်ဆက်ပေးခဲ့သည်။

Apple ကို တစ်ကိုယ်ရေသုံး ကွန်ပျူတာများထုတ်လုပ်ရန်နှင့် ရောင်းချရန် ဧပြီ ၁၊ ၁၉၇၆ တွင် စတိဗ်ဂျော့စ်၊ စတိဗ် ဝေါ့ဇနစ် နှင့် Ronald Wayne တို့ကဦးဆောင်၍ တည်ထောင် ခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီလ ၃၊ ၁၉၇၇ တွင် Apple Computer , Inc အဖြစ် ထည့်သွင်းခဲ့ပြီး ဇန်နဝါရီလ ၉၊ ၂၀၀၇ ခုနှစ်တွင် Apple Inc. , အဖြစ် အမည်ပြောင်းလဲခဲ့သည်။

Apple သည် စုစုပေါင်း ပိုင်ဆိုင်မှုများအနေဖြင့် ကမ္ဘာ့အကြီးဆုံး နည်းပညာကုမ္ပဏီ၊ ကမ္ဘာ့တတိယအကြီးဆုံး မိုဘိုင်းဖုန်း ထုတ်လုပ်သူ၊ အခွန်ဘဏ္ဍာငွေအားဖြင့် ကမ္ဘာ့အကြီးဆုံး သတင်းအချက်အလက်နည်းပညာကုမ္ပဏီ တစ်ခုဖြစ်သည်။ နိုဝင်ဘာလ ၂၅၊ ၂၀၁၄ တွင် ဈေးကွက်အရင်းအနှီး အားဖြင့် ကမ္ဘာပေါ်တွင် အကြီးဆုံး လူသိရှင်ကြား ကုန်သွယ်ကော်ပိုရေးရှင်း ဖြစ်လာခဲ့ပြီး အမေရိကန် ဒေါ်လာ ၇၀၀ ဘီလီယံခန့် တန်ဖိုးရှိ ပထမဦးဆုံး အမေရိကန်ကုမ္ပဏီ ဖြစ်လာခဲ့သည်။ အဆိုပါကုမ္ပဏီ တွင် အမြဲတမ်း အချိန်ပြည့်ဝန်ထမ်းအဖြစ် ၁၁၅,၀၀၀ ဦး (ဇူလိုင် ၂၀၁၅ အထိ) နှင့် နိုင်ငံပေါင်း (၁၆) နိုင်ငံတွင် လက်လီ စတိုးဆိုင်များ (၄၅၃) ဆိုင် (မတ်လ ၂၀၁၅ အရ) အထိ အောင်မြင်လာခဲ့ပြီး အွန်လိုင်းရှိ iTunes Storeမှာ ကမ္ဘာ့အကြီးဆုံး ဂီတလက်လီအရောင်းဆိုင် အဖြစ် ရပ်တည်လျက်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Apple 'springs forward' with more than just the Watch | Computerworld။ May 24, 2015 တွင် ပြန်စစ်ပြီး။
  2. Press Info – Apple Leadership။ February 22, 2012 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ Apple Reports Record Fourth Quarter Results။ Apple Inc. (October 27, 2015)။ October 27, 2015 တွင် ပြန်စစ်ပြီး။
  4. Apple Said to Lease Office Space in Seattle Tower (July 20, 2015)။ September 9, 2015 တွင် ပြန်စစ်ပြီး။