စီစိလိယာပိန်

ဝီကီပီးဒီးယား မှ
Cecilia Payne-Gaposchkin
A woman in a white dress stands in front of a stone university building and looks down and to one side.
မွေးဖွား(1900-05-10)မေ ၁၀၊ ၁၉၀၀
Wendover, Buckinghamshire, England
ဆုံးပါးဒီဇင်ဘာ ၇၊ ၁၉၇၉(1979-12-07) (အသက် ၇၉)
Cambridge, Massachusetts, U.S.
နေထိုင်ရာLexington, Massachusetts
နိုင်ငံသားBritish, American (from 1931)
နယ်ပယ်နက္ခတ္တဗေဒနက္ခတ္တရူပဗေဒ
အဖွဲ့အစည်းဌာနHarvard College Observatory, Harvard University
ပညာရေးSt Paul's Girls' School
မိခင်ကျောင်းNewnham College, Cambridge, Radcliffe College (Harvard College Observatory)
ပါရဂူဘွဲ့ ကြီးကြပ်သူHarlow Shapley, Arthur Eddington
ပါရဂူဘွဲ့ယူ တပည့်များHelen Sawyer Hogg, Joseph Ashbrook, Frank Kameny, Frank Drake, Paul W. Hodge
ကျော်ကြားမှုအရင်းခံExplanation of spectra of Sun, more than 3,000,000 observations of variable stars
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များAnnie J. Cannon Award in Astronomy (1934), Rittenhouse Medal (1961), Award of Merit from Radcliffe College (1952), Henry Norris Russell Prize (1976)
လက်မှတ်

စီစိလိယာပိန် (/pn/; May 10, 1900 – December 7, 1979) သည် ဗြိတိသျ - အမေရိကန်နိုင်ငံသူ နက္ခတ္တဗေဒပညာရှင်တစ်ယောက်ဖြစ်ပြီး သူမ၏ ကြယ်များတွင် ပါဝင်သော ဟိုက်ဒရိုဂျင်နှင့် ဟီလီယမ်တို့အကြောင်း ပြုစုခဲ့သည့် ပါရဂူကျမ်းသည် ကျော်ကြားလှသည်။ အင်္ဂလန်တွင် သူမအား မွေးဖွားပြီး မွေးချင်းသုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။[၁] ၁၉၁၉ ခုနှစ်တွင် စိန်ပေါ့လ် အထက်တန်း မိန်းကလေးကျောင်း၌ ပညာသင်ကြားခဲ့ကာ ကိန်းဘရိတ် တက္ကသိုလ်၌ ရုက္ခဗေဒရူပဗေဒနှင့် ဓာတုဗေဒပညာရပ်ကို ဆည်းပူးခဲ့သည်။ ပညာ သင်ယူပြီးမြောက်ခဲ့သော်လည်း ဘွဲ့မရခဲ့ပေ။ အကြောင်းမှာ ၁၉၄၈ ခုနှစ်မတိုင်ခင်ထိ ကိန်းဘရိတ် တက္ကသိုလ်က အမျိုးသမီးများအား ဘွဲ့မပေးခဲ့သောကြောင့်ဖြစ်သည်။[၂] ထို့ကြောင့် သူမသည် ၁၉၂၃ ခုနှစ်တွင် အင်္ဂလန်မှာ အမေရိကန် ပြည်ထောင်စုသို့ ပြောင်းရွေ့ခဲ့သည်။ ၁၉၂၅ ခုနှစ်တွင် ပထမဆုံး ပါရဂူဘွဲ့ အပ်နှင်းခံခဲ့ရသည်။ သူမ၏ ဘွဲ့ကြိုစာတမ်းမှာ Stellar Atmospheres ဖြစ်ပြီး ကြယ်များ၏ အပူချိန်ကို လေ့လာချက်ဖြစ်သည်။[၃] သူမ၏ ယင်းပါရဂူဘွဲ့ကြိုစာတမ်းသည် နက္ခတ္တဗေဒနယ်ပယ်တွင် ကျော်ကြားလှပြီး ယနေ့တိုင် ကျောင်းသုံးစာအုပ်အဖြစ် အသုံးပြုလျက်ရှိသည်။ စီစိလိယာပိန်၏ ကြယ်များတွင် ဟိုက်ဒရိုဂျင်နှင့် အခြားဒြပ်စင်တို့ ပါဝင်သည့်စာတမ်းသည် နက္ခတ္တဗေဒဘာသာရပ်အား တစ်ခေတ်ဆန်းသစ်စေခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Payne၊ H.; Mackworth-Young၊ G. (1981)။ La scultura arcaica in marmo dell'Acropoli. La storiografia della scultura greca del VI sec. A. C.။ Edited by Arias, P.E.။ L'Erma Di Bretschneider။ p. 79။ ISBN 978-88-7062-500-4Payne, Humfrey Gilbert Garth... figlio unico dello storico Edward John Payne e di sua moglie Emma Leonora Helena Pertz, nipote di Georg Heinrich Pertz, il curatore dei «Monumenta Germaniae Historica», e di James John Garth Wilkinson, il discepolo di Swedenborg.
  2. Tullberg၊ Rita McWilliams (1998-09-24)။ Women at Cambridge (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Cambridge University Press။ p. 183။ ISBN 9780521644648
  3. Payne၊ C. H. (1925)။ Stellar Atmospheres; A Contribution to the Observational Study of High Temperature in the Reversing Layers of Stars (PhD Thesis)။ Radcliffe College။ Bibcode:1925PhDT.........1P