ဂရင်းနစ် စံတော်ချိန်
ပုံပန်းသွင်ပြင်
(ဂရင်းနစ်စံတော်ချိန် မှ ပြန်ညွှန်းထားသည်)
ဂရင်းနစ် စံတော်ချိန် | |
---|---|
အချိန်ဇုန် | |
World map with the time zone highlighted | |
UTC offset | |
GMT | UTC±00:00 |
လက်ရှိအချိန် | |
14:00, 6 December 2024 GMT [refresh] | |
DST အား အသုံးပြု | |
DST အား ဤအချိန်ဇုန်တဝှမ်း အသုံးပြုသည်။ |
ကမ္ဘာ၏ တည်နေရာဒေသ သတ်မှတ်မှု လွယ်ကူရန် မြောက်ဝင်ရိုးစွန်းမှ တောင်ဝင်ရိုးစွန်းသို့ ဒေါင်လိုက်မျဉ်းများ မှန်းဆခွဲဝေရာ၌ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့အနီး ဂရင်းနစ် အရပ်ဒေသနှင့် အတည့်ဖြတ်မျဉ်းကို သုံညဒီဂရီ အမှတ်ထား၍ အရှေ့အနောက် အသီးသီးသို့ တိုး၍ ရေတွက်လေသည်။ ထိုဒေသ၏ အချိန်ကို ကမ္ဘာ့စံချိန် သတ်မှတ်ပြီး အခြား နိုင်ငံများသည် မိမိတို့နိုင်ငံ နေမွန်းတက်ချိန်ကို မွန်းတည့် ၁၂-နာရီ အမှတ်ထား၍ အချိန်သတ်မှတ်ကြသည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အချိန်ချင်း မတူညီသည့်အတွက် ကမ္ဘာ့စံချိန်အဖြစ် ဂရင်းနစ်စံချိန်ကို ယူကာ သက်ဆိုင်ရာနိုင်ငံနှင့် အချိန်ကွာခြားမှုကို တွက်ချက်၍ လျော့ခြင်း၊ ပေါင်းခြင်းပြု၍ မှတ်သားထားကြသည်။ မြန်မာအချိန်သည် ဂရင်းနစ်စံတော်ချိန် ၆-နာရီခွဲ စောသည်။ အယ်လ်ဂျီရီးယား၊ ပေါ်တူဂီ၊ ဂမ်ဘီယာ စသောနိုင်ငံအချို့သည် ဂရင်းနစ်စံတော်ချိန်ကိုပင် လက်ခံကြသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ လှသမိန် (ဧပြီ ၁၉၇၈)။ "ဂရင်းနစ် စံတော်ချိန်" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။