ကျော်ဇောဦး

ဝီကီပီးဒီးယား မှ
ဦးကျော်ဇောဦး
ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဖေဖော်ဝါရီ ၂၀၁၆
မဲဆန္ဒနယ်စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)
ကိုယ်ရေး အချက်အလက်များ
နိုင်ငံရေးပါတီရခိုင့်ဦးဆောင်ပါတီ (၂၀၁၈ – လက်ရှိ)

တစ်သီးပုဂ္ဂလ (၂၀၁၇ – ၂၀၁၈)
ရခိုင်အမျိုးသားပါတီ (၂၀၁၄ – ၂၀၁၇)

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (၂၀၁၂ – ၂၀၁၄)
အလုပ်အကိုင်နိုင်ငံရေးသမား
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ

ဦးကျော်ဇောဦးသည် ရခိုင့်ဦးဆောင်ပါတီ၏ ဒု-ဥက္ကဋ္ဌဖြစ်သည်။[၁]

ဦးကျော်ဇာဦးသည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် စစ်တွေမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မှ တစ်ဦးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။ ရွေးကောက်ခံခဲ့ရပြီးနောက် ရခိုင်အမျိုးသားပါတီသို့ ဝင်ရောက်ခဲ့ကာ ပါတီအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။[၂]

၂၀၁၇ ခုနှစ်တွင် ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်ခဲ့ပြီး[၃] ၂၀၂၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ဒေါက်တာအေးမောင်နှင့်အတူ ရခိုင့်ဦးဆောင်ပါတီကို ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် တည်ထောင်ခဲ့သည်။[၄][၅]

ဦးကျော်ဇောဦးသည် ရခိုင်ပြည်နယ် လွှတ်တော်တွင် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် အထူးကိစ္စရပ်များကြားနာစုံစမ်းရေးအဖွဲ့တွင် အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများအရေးလေ့လာရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။[၆]

ကိုးကား[ပြင်ဆင်ရန်]

  1. "AA ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်း ပြန်သုံးသပ်ပေးရန် ရခိုင့်ဦးဆောင်ပါတီ ဆောင်းဆို"၊ the Voice Myanmar၊ March 3, 2020။ 24 December 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 21 February 2021။ 
  2. “အဖ ရခိုင်ပါတီ” အမည်ဖြင့် ပါတီတည်ထောင်ခွင့် လျှောက်ထား (in en)။ The Voice။ 21 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 December 2020 တွင် ပြန်စစ်ပြီး။
  3. ရခိုင်ပြည်နယ် လွှတ်တော်အမတ်တစ်ဦး ANP ပါတီမှ ထပ်မံနုတ်ထွက်ပြန် (in en)။ 7Day Daily (4 ဒီဇင်ဘာ 2017)။ ၂၄ ဒီဇင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  4. ထွန်းခိုင် (နိရဉ္စရာ) (၁၆ စက်တင်ဘာ ၂၀၂၀)။ ရခိုင့်ဦးဆောင်ပါတီ (AFP) ကို ၇ ရက်အတွင်းကန့်ကွက်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင် ကြေညာ။ BNI Multimedia Group။ ၂၈ အောက်တိုဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  5. မောင်ကံ (၁၂ အောက်တိုဘာ ၂၀၁၈)။ ဒေါက်တာအေးမောင် ဦးဆောင်သော ပါတီ ရခိုင့်ဦးဆောင်ပါတီအမည်ဖြင့် တည်ထောင်ခွင့်ရ။ 7 Day News။ 31 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၈ အောက်တိုဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  6. ဒုတိယအကြိမ် ကော်မတီဖွဲ့စည်းမှု – ရခိုင်ပြည်နယ် လွတ်တော်။ ရခိုင်ပြည်နယ် လွှတ်တော်။ ၂၄ ဒီဇင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]