WordPress

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။
WordPress
WordPress Dashboard
ဆော့ဖ်ဝဲလ်ရေးသူ(များ)WordPress Foundation
ပထမဆုံး ဖြန့်ချိခြင်းမေ ၂၇၊ ၂၀၀၃; ၂၀ နှစ် အကြာက (၂၀၀၃-၀၅-27)
ရီပိုစစ်တရီcore.trac.wordpress.org/browser
မွမ်းမံမှု အခြေနေActive
ကွန်ပျူတာ
စက်လည်ပတ်ရေး စနစ်
Cross-platform
ပလက်ဖောင်းPHP
ဆော့ဖ်ဝဲလ် အမျိုးအစားBlog software, Content Management System, Content Management Framework
လိုင်စင်GNU GPLv2+[၁]
ဝက်ဘ်ဆိုဒ်wordpress.org

wordpress ဆိုသည်မှာ blogging script တစ်မျိုးဖြစ်သည်။ wordpress 3.0နောက်ပိုင်းတွင် joomla နှင့် Drupal များကဲ့သို့ Content Management System နှင့်စွမ်းဆောင်ရည်လိုက်မှီလာသဖြင့် အချို့ကလည်း CMS အဖြစ်ရည်ညွန်းခေါ်ဆိုကြသည်။ ဝါ့ဒ်ပရက်စ် ကို WordPress.Com မှာ အကောင့် တစ်ခုလုပ် ခြင်းဖြင့် သော်လည်းကောင်း (Blogger.com ကဲ့သို့) ၊ ကိုယ်ပိုင် Premium Hosting ဒါမမဟုတ် Free Hosting တွေမှာ သော်လည်းကောင်း လွတ်လပ်လွယ်ကူစွာ အခမဲ့ ရယူအသုံးပြုနိုင်ပါတယ်။ wordpress မှာ စွမ်းဆောင်ရည်များစွာလုပ်ဆောင်နိုင်ဆောင်နိုင်ပြီး ကမ္ဘာပေါ်ရှိ အကြီးမားဆုံး website တစ်သန်းခန့် (၁၄ရာခိုင်နှုန်းသော ကမ္ဘာပေါ်ရှိ website) များဟာ wordpress ကိုအသုံးပြုထားကြသည်။ ဖြန့်ချိပြီးခဲ့သမျှ ဝေါ့ဒ်ပရက်စ် ဗားရှင်းတွေကို ဒီနေရာ မှာ လေ့လာဖို့ အတွက် သော်လည်းကောင်း၊ သုံးစွဲဖို့ အတွက် သော်လည်းကောင်း ရယူနိုင်ပါတယ်။ ဝါ့ဒ်ပရက်စ် ကို Matt Mullenweg က ၂၀၀၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ သူ့ရဲ့ ဘလော့ဂ် မှာရေးသားချက်အရ Matt ဟာ အဲဒီကာလတုန်းက ရှိတဲ့ Blogging Platform B2|Cafelo ကိုသုံးစွဲရမှု အပေါ်မှာ စိတ်ကျေနပ်မှု မရှိတဲ့ အတွက် ကိုယ်တိုင် Blogging Platform တစ်ခုကို လူအားလုံး အလွယ်တစ်ကူနဲ့ စွမ်းအင်အပြည့် အသုံးချနိုင်အောင် စတင်ရေးသားဖို့ ကြံစည်ရာက နေ WordPress ကို မွေးဖွားလာခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင်တော့ wordpress ဆော့ဝဲ ရဲ့ မျိုးဆက် ၃.၀ သည် အကြိမ်ရေ ၃၂သန်းခွဲခန့် ဒေါင်းလော့ချခြင်းကိုခံရသည်။

WordPress ကိုစတင်တည်ထောင်စဉ်က အသက် ၁၈ နှစ်သာရှိသေးတဲ့ Matt ဟာ အသက် ၂၂- အရွယ်အရောက် ၂၀၀၇ -ဇန်နဝါရီ မှာတော့ PCWorld မဂ္ဂဇင်းရဲ့ အင်တာနက်တခွင် အရေးအကြီးဆုံး လူသား (၅၀) စာရင်း မှာ နံပါတ် (၁၆) အဖြစ် နှင့် အသက်အငယ်ဆုံး အောင်မြင်သူတစ်ဦးအဖြစ်ပါ သတ်မှတ် ရွေးချယ်ခံရပါတယ်။

အနည်းဆုံး လိုအပ်ချက်[ပြင်ဆင်ရန်]

ဝါ့ဒ်ပရက်စ် ကို ကိုယ်ပိုင် Hosting တစ်ခုခုမှာ အသုံးပြုမည့် သူများအတွက် အနည်းဆုံး အနေဖြင့် အောက်ပါ အချက်များလိုအပ်ပါတယ်။

  1. PHP version 4.2 နှင့်အထက်
  2. MySQL version 4.0 နှင့်အထက်

ဒီနေ့ ဒီအချိန်မှာ များသောအားဖြင့် Web Hosting အများစုဟာ PHP နှင့် MySQL တို့ကို version 5 အထိ အဆင့်မြှင့်ထားကြပြီးနေပါပြီ။ အကယ်၍ မိမိ အသုံး ပြုနေတဲ့ Hosting Services က WordPress အသုံးပြုနိုင်လောက်အောင် PHP နှင့် MySQL ကို အဆင့်မြှင့်ပေးမထားသေးရင်လည်း သူတို့ ထံကို အကြောင်းကြား တောင်းဆိုသင့်ပါတယ်။

အသုံးပြုခွင့်လိုင်စင်[ပြင်ဆင်ရန်]

ဝါ့ဒ်ပရက်စ် ဟာ OpenSource Software တစ်ခုဖြစ်တာနဲ့ အညီ စိတ်ပါဝင်စားသူ မည်သူမဆိုက ထပ်မံဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်နိုင်၊ အခမဲ့ အသုံးပြုနိုင်ပြီး မည်သူမဆို အခမဲ့ရယူ အသုံးပြုနိုင်ပါတယ်။

ဖြန့်ချိတဲ့ လိုင်စင်အမျိုးအစားကတော့ GPL လိုင်စင်အမျိုးအစား ဖြစ်ပါတယ်။

ရရှိထားသော ဆုတံဆိပ်များ[ပြင်ဆင်ရန်]

  • ၂၀၀၇ ခုနှစ်တွင် wordpress သည် Packt Open Source CMS ဆုကိုရရှိခဲ့သည်။
  • ၂၀၀၉ ခုနှစ်တွင် wordpress သည် အကောင်းဆုံး Open Source CMS ဆုကိုရရှိခဲ့သည်။
  • ၂၀၁၀ ခုနှစ်တွင် wordpress သည် Hall of Fame CMS category in the 2010 Open Source ဆုကိုရရှိခဲ့သည်။
  • ၂၀၁၁ ခုနှစ်တွင် wordpress သည် Open Source Web App of the Year Award at The Critters ရရှိခဲ့သည်။

ဗာရှင်း[ပြင်ဆင်ရန်]

ဗာရှင်း အမည်ဝှက် ဖြန့်ဝေသည့်နေ့စွဲ မှတ်ချက်
၀.၇၀ ၂၇ မေ ၂၀၀၃ contained the same file structure as its predecessor, b2/cafelog, and continued the numbering from its last release, 0.6[၂]. Only 0.71-gold is available for download in the official WordPress Release Archive page.
၁.၂ Mingus ၂၂ မေ ၂၀၀၄ It's notable for containing the support of Plugins. The same Plugin identification headers are still used unchanged in the latest WordPress releases.
၁.၅ Strayhorn ၁၇ ဖေဖော်ဝါရီ ၂၀၀၅ Strayhorn added a range of vital features, such as the ability to manage static pages and a template/theme system. It was also equipped with a new default template (code named Kubrick[၃]) designed by Michael Heilemann.
၂.၀ Duke ၃၁ ဒီဇင်ဘာ ၂၀၀၅ This version added rich editing, better administration tools, image uploading, faster posting, an improved import system, and completely overhauled the back end. WordPress 2.0 also offered various improvements to plugin developers.[၄]
၂.၁ Ella ၂၂ ဇန်နဝါရီ ၂၀၀၇ In addition to correcting security issues, version 2.1 featured a redesigned interface, enhanced editing tools (including integrated spell check and auto save), and improved content management options.[၅]
၂.၂ Getz ၁၆ မေ ၂၀၀၇ Version 2.2 featured widget support for templates, updated Atom feed support, and speed optimizations.[၆]
၂.၃ Dexter ၂၄ စက်တင်ဘာ ၂၀၀၇ Version 2.3 featured native tagging support, new taxonomy system for categories, and easy notification of updates. 2.3 also fully supports Atom 1.0 along with the publishing protocol, and included some much needed security fixes.[၇]
၂.၅ Brecker ၂၉ မတ် ၂၀၀၈ Developers skipped the release of version 2.4 so version 2.5 contained two releases worth of new code. WordPress 2.5 saw a complete overhaul of the administration interface and the WordPress website was also redesigned to match the new style.[၈]
၂.၆ Tyner 15 ဇူလိုင် ၂၀၀၈ Tyner contained new features that made WordPress a more powerful CMS: you can now track changes to every post and page and easily post from wherever you are on the web.[၉]
၂.၇ Coltrane ၁၁ ဒီဇင်ဘာ ၂၀၀၈ It once again saw the administration interface completely redesigned. It also introduces an automated upgrade feature, and automatic installation of plugins from within the administration interface.[၁၀]
၂.၈ Baker ၁၀ ဂျွန် ၂၀၀၉ Baker offered improvements in speed, and automatic installation of themes from within the administration interface. It also introduces the CodePress editor for syntax highlighting and a redesigned widget interface.[၁၁]
၂.၉ Carmen ၁၉ ဒီဇင်ဘာ ၂၀၀၉ Carmen offers a global undo feature, a built-in image editor, batch plugin updating, and numerous under-the-hood tweaks.[၁၂]
၃.၀ Thelonious ၁၇ ဂျွန် ၂၀၁၀ Thelonious offers a new default theme called "Twenty Ten" along with new theme APIs; the merge of WordPress and WordPress MU, creating the new multi-site functionality; and numerous under-the-hood tweaks.[၁၃]
၃.၁ Reinhardt ၂၃ ဖေဖော်ဝါရီ ၂၀၁၁ Reinhardt is most notable for the addition of the Admin Bar, which is displayed on all blog pages when the admin is logged in. It provides easy access to many critical Wordpress functions, such as comments and updates. This version also includes internal linking capabilities, a newly streamlined writing interface, and numerous other changes.[၁၄]

ကိုးကား[ပြင်ဆင်ရန်]

  1. WordPress: About: GPL။ WordPress.org။ 12 June 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 June 2010 တွင် ပြန်စစ်ပြီး။
  2. Cafelog။ 2011-05-15 တွင် ပြန်စစ်ပြီး။
  3. Kubrick at Binary Bonsai။ Binarybonsai.com။ 11 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-06-15 တွင် ပြန်စစ်ပြီး။
  4. WordPress › Blog » WordPress 2။ Wordpress.org။ 2010-06-15 တွင် ပြန်စစ်ပြီး။
  5. WordPress 2.1 - codex။ Codex.wordpress.org (2007-01-22)။ 2010-06-15 တွင် ပြန်စစ်ပြီး။
  6. WordPress › Blog » WordPress 2.2။ Wordpress.org။ 2010-06-15 တွင် ပြန်စစ်ပြီး။
  7. WordPress › Blog » WordPress 2.3။ Wordpress.org။ 2010-06-15 တွင် ပြန်စစ်ပြီး။
  8. WordPress › Blog » WordPress 2.5။ Wordpress.org။ 2010-06-15 တွင် ပြန်စစ်ပြီး။
  9. WordPress › Blog » WordPress 2.6။ Wordpress.org။ 2010-06-15 တွင် ပြန်စစ်ပြီး။
  10. WordPress › Blog » WordPress 2.7 “Coltrane”။ Wordpress.org။ 2010-06-15 တွင် ပြန်စစ်ပြီး။
  11. WordPress › Blog » 2.8 Release Jazzes Themes and Widgets။ WordPress.org။ 2010-06-15 တွင် ပြန်စစ်ပြီး။
  12. WordPress › Blog » WordPress 2.9, oh so fine။ Wordpress.org။ 2010-06-15 တွင် ပြန်စစ်ပြီး။
  13. WordPress › Blog » WordPress 3.0 “Thelonious”။ Wordpress.org။ 2010-06-17 တွင် ပြန်စစ်ပြီး။
  14. WordPress › Codex » WordPress 3.1 “Reinhardt”။ Wordpress.org။ 2011-02-25 တွင် ပြန်စစ်ပြီး။
  • WikiPedia
  • WordPress.ORG
  • PCWorld, Photo Matt