မာတိကာသို့ ခုန်သွားရန်

ရီပိုစစ်တရီ (ရင်းမြစ်ထိန်းချုပ်မှုစနစ်)

ဝီကီပီးဒီးယား မှ

ရီပိုစစ်တရီ (အင်္ဂလိပ်: Repository) ဆိုသည်မှာ ခြုံငုံပြီးပြောလျှင် ကွန်ပျူတာနည်းပညာဝေါဟာရတွင် အချက်အလက်များ(data)ကို သိမ်းဆည်းပေးသောနေရာဖြစ်သည်။[]ရင်းမြစ်ထိန်းချုပ်မှုစနစ် ဆိုင်ရာ ရီပိုစစ်တရီတစ်ခုတွင် ဆော့ဖ်ဝဲတည်ဆောက်မှုဆိုင်ရာ အချက်အလက်များကို အဓိကသိမ်းဆည်းပေးသည်။ ဆော့ဖ်ဝဲတည်ဆောက်မှုဆိုင်ရာ အချက်အလက်များတွင် အဓိကအားဖြင့် ရင်းမြစ်ကုဒ်(source)များပါဝင်ပြီး၊ အဆိုပါရင်းမြစ်ကုဒ်များနှင့် ဆက်နွယ်ပတ်သက်သော မက်တာဒေတာဟုခေါ်သော အခြားအချက်အလက်များ(metadata)ပါဝင်သည်။ မက်တာဒေတာများသည် မူလအချက်အလက်များ၏ ဆက်နွယ်ပတ်သက်သောအကြောင်းများ၊ ဥပမာအားဖြင့် ရင်းမြစ်ကုဒ်ကို ရေးသားချိန်၊ ရေးသားသူ၊ ရေးသားသည့်ရည်ရွယ်ချက်၊ ရင်းမြစ်ကုဒ်ကို မည်သို့သော ဒေတာဖွဲ့စည်းပုံ(data structure)ကို အသုံးပြု၍ မည်သို့ပြောင်းလဲသိမ်းဆည်းထားသလဲ၊ အစရှိသောအချက်အလက်များကို ဖော်ညွှန်းရှင်းပြခြင်းဖြစ်သည်။

ရင်းမြစ်ထိန်းချုပ်မှုစနစ်တစ်ခုရဲ့ ရီပိုစစ်တရီတစ်ခုတွင် အချက်အလက်နှင့် ရင်းမြစ်ဆိုင်ရာဖိုင်များ၏ မက်တာဒေတာများကို သိမ်းဆည်းပေးထားသည်။ အသုံးပြုသော ရင်းမြစ်ထိန်းချုပ်မှုစနစ် သည် ဗဟိုထိန်းချုပ်မဟုတ်သောစနစ်များ (ဥပမာ၊ ဂစ်တ် သို့မဟုတ် မကယူရီယယ်)တွင် ရီပိုစစ်တရီကို ချိတ်ဆက်ကူးယူသူတိုင်းဆီသို့ ပုံတူကူးယူသွားလေ့ရှိသည်။ ဗဟိုထိန်းချုပ်ဖြစ်သော ရင်းမြစ်ထိန်းချုပ်မှုစနစ် (ဥပမာ၊ အပါချီဆ(ဘ်)ဗားရှင်း)တို့တွင် ရီပိုစစ်တရီကို ဗဟိုဆာဗာတစ်ခုတည်း၌သာ သိမ်းဆည်းထားလေ့ရှိသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. Definition of Repository 2020-07-10 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-05-30 တွင် ပြန်စစ်ပြီး။
  2. Version control concepts and best practices (2018-03-03)။ 2020-04-27 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-07-10 တွင် ပြန်စစ်ပြီး။