Wonder Woman (၂၀၁၇ ရုပ်ရှင်)

ဝီကီပီးဒီးယား မှ
(Wonder Woman မှ ပြန်ညွှန်းထားသည်)
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။
အံ့ဖွယ်အမျိူးသမီး
ရုံတင်ပိုစတာ
အခြေခံအချက်အလက်
ဒါရိုက်တာPatty Jenkins
ထုတ်လုပ်သူ
  • Charles Roven* Deborah Snyder * Zack Snyder * Richard Suckle
စာရေးသူAllan Heinberg[*]
ဇာတ်ညွှန်းAllan Heinberg
ဇာတ်လမ်း
  • Zack Snyder * Allan Heinberg * Jason Fuchs
အခြေခံထားသည်မှာWilliam Moulton Marston ၏
Wonder Woman
သရုပ်ဆောင်
  • Gal Gadot * Chris Pine * Robin Wright * Danny Huston * David Thewlis * Connie Nielsen * Elena Anaya
ဂီတမှူးRupert Gregson-Williams [၁]
ဓာတ်ပုံMatthew Jensen
တည်းဖြတ်Martin Walsh (film editor)
ထုတ်လုပ်ရေး
ကုမ္ပဏီ
  • DC Films * Atlas Entertainment* Cruel and Unusual Films * Tencent Pictures * Wanda Media
ကြာမြင့်ချိန်
၁၄၁ မိနစ် [၂][၃]
နိုင်ငံအမေရိကန်ပြည်ထောင်စု
ဘာသာစကားအင်္ဂလိပ်
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
  • မေ ၁၅၊ ၂၀၁၇ (၂၀၁၇-၀၅-၁၅) (ရှန်ဟိုင်း)
  • ဇွန် ၂၊ ၂၀၁၇ (၂၀၁၇-၀၆-၀၂) (အမေရိကန်)
ထုတ်ဝေသူWarner Bros. Pictures
ကုန်ကျငွေ$149 သန်း[၄]
ရောင်းရငွေ$436.5 သန်း[၄]
နောင်တော်များနှင့် နောက်ဆက်တွဲများ
နောက်ထွက်ဇာတ်လမ်းWonder Woman 1984[*]

အံ့ဖွယ်အမျိုးသမီး (အင်္ဂလိပ်: Wonder Woman) သည် အမေရိကန် လူစွမ်းကောင်း ဇာတ်လမ်းဖြစ်ပြီး DC ကာတွန်းများမှ Wonder Woman (အမည်တူ) ဇာတ်ကောင်ကို အခြေခံထားပြီး Warner Bros. Pricture မှ ဖြန့်ချိသည်။ ဒါရိုက်တာ Patty Jenkins က ရိုက်ထားပြီး ဇာတ်ညွှန်း Allan Heinberg နှင့် ဇာတ်လမ်း Heinberg, Zak Snyder နှင့် Jason Fuchs တို့ဖြစ်သည်။ Gal Galdo မှာ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ပြီး Chris Pine, Robin Wright, Danny Huston, David Thewlis, Connie Nielsen, and Elena Anaya တို့က ပါဝင်သရုပ်ဆောင်ထားသည်။ Wonder Woman ဇာတ်ကားမှာ ဒုတိယကားဖြစ်ပြီး Batman vs Superman: Dawn of Justice တွင် မိတ်ဆက်ပါဝင်ထားပြီး ဖြစ်သည်။[၅] Jenkins သည်လဲ လူစွမ်းကောင်း ရုပ်ရှင်ရိုက်ကူးသော ပထမဦးဆုံး အမျိုးသမီး ဒါရိုက်တာဖြစ်လာသည်။[၆]

ဇာတ်လမ်းမှာ ၁၉၁၈ ခုနှစ်ဝန်းကျင်၊ မင်းသမီး ဒိုင်ယာနာ အကြောင်းဖြစ်ပြီး သူမသည် Themyscira အမေဇုန်ကျွန်းမှ မင်းသမီးဖြစ်သည်။ အမေရိကန် လေယာဉ်မှူး Steve Trevor မှ ကျွန်းအနီး လေယာဉ်ပျက်ကျပြီး ဒိုင်ယာနာမှ ကယ်တင်ထားလိုက်သည်။ ထို့နောက်သူမသည် ကမ္ဘာစစ်အကြောင်း ကြားသိသည်။ သူမသည် အငြင်းပွားမှုများကို ဖြေရှင်းပေးရန်နှင့် စစ်ကြီးမဖြစ်ပွားစေရန်အတွက် အိမ်မှထွက်လာပြီး Wonder Woman စတင်ဖြစ်လာခဲ့သည်။ ရုပ်ရှင်ရိုက်ကူးဖို့ကို ၁၉၉၆ ကတည်းက စတင်ခဲ့ပြီး Jankins မှ ဒါရိုက်တာအဖြစ်ရိုက်ကူးပေးရန် ၂၀၁၅ တွင်လက်မှတ်ထိုးခဲ့သည်။ ရုပ်ရှင်ရိုက်ကူးမှုကို နိုဝင်ဘာ ၂၁၊ ၂၀၁၅ (၂၀၁၅-၁၁-၂၁) တွင် စတင်ခဲ့ပြီး ယူနိုက်တက် ကင်းဒမ်းပြင်သစ် နှင့် အီတလီတို့တွင် ရိုက်ကူးခဲ့ပြီး မေ ၉၊ ၂၀၁၆ (၂၀၁၆-၀၅-၀၉) တွင်ပြီးစီးခဲ့သည်။ လိုအပ်သည်များကို ထပ်မံရိုက်ကူးခဲ့ခြင်းများလဲ ရှိခဲ့ရာ နိုဝင်ဘာ ၂၀၁၆ (၂၀၁၆-၁၁) တွင် အားလုံးပြီးစီးခဲ့သည်။

Wonder Woman ရုပ်ရှင်ကို ရှန်ဟိုင်းတွင် မေ ၁၅၊ ၂၀၁၇ (၂၀၁၇-၀၅-၁၅) တွင် ပွဲဦးထွက် ပြသခဲ့ပြီး အမေရိကန်တွင် ဇွန် ၂၊ ၂၀၁၇ (၂၀၁၇-၀၆-၀၂) တွင် ရုံစတင်ခဲ့ပြီး 2D, 3D နှင့် IMAX 3D တို့ဖြင့် ပြသခဲ့သည်။ ၎င်းရုပ်ရှင်သည် အကောင်းဘက်မြင်သော အပြုသဘောဆောင်သော သုံးသပ်ချက်များ ဝေဖန်မူများ ရရှိခဲ့ပြီး အထူးသဖြင့် Gadot နှင့် Pine တို့၏ သရုပ်ဆောင်မှုများကို ချီးကျူးကြသည်။ ထို့ပြင် အမျိုးသမီး ဒါရိုက်တာရိုက်ကူးသော ဇာတ်ကားများတွင် ပြည်တွင်း ဝင်ငွေအများဆုံးအဖြစ် (ဒေါ်လာ သန်း၁၀၃.၃) မှတ်တမ်းတင်ခံရပြီး နိုင်ငံတကာတွင်လဲ အမျိုးသမီး လူစွမ်းကောင်းဇာတ်ကားတစ်ခုအနေဖြင့် ဝင်ငွေအများဆုံးရရှိထားသည်(ဒေါ်လာ သန်း၄၃၆ ကျော်)။ [၇]

ကိုးကား[ပြင်ဆင်ရန်]

  1. Davis၊ Edward (November 3, 2016)။ Exclusive: Stream Track From Rupert Gregson-Williams' 'Hacksaw Ridge' Score, Composer Talks 'Wonder Woman,' Mel Gibson, More။ November 3, 2016 တွင် ပြန်စစ်ပြီး။
  2. Wonder Woman။ Consumer Protection BC, Canada (May 5, 2017)။ 19 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ May 6, 2017 တွင် ပြန်စစ်ပြီး။
  3. Wonder Woman။ British Board of Film Classification။ 25 June 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ May 25, 2017 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ Wonder Woman (2017)Box Office Mojo။ IMDb။ June 12, 2017 တွင် ပြန်စစ်ပြီး။
  5. SPERLING၊ NICOLE (June 13, 2017)။ Wonder Woman: Gal Gadot interviewThe Mercury News။ 22 June 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 June 2017 တွင် ပြန်စစ်ပြီး။
  6. Strauss၊ Bob (May 31, 2017)။ How 'Wonder Woman' lassoed the first female director of a studio superhero movieThe Mercury News
  7. Shepherd၊ Jack (June 13, 2017)။ Wonder Woman review roundup - Critics conclude Patty Jenkins' film better than Batman v SupermanThe Independent။ 30 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 June 2017 တွင် ပြန်စစ်ပြီး။