ဝီကီပီးဒီးယား:အသုံးပြုသူအမည် မူဝါဒ

Page semi-protected
ဝီကီပီးဒီးယား မှ

"WP:U" နှင့် "WP:UN" ကို ဤနေရာသို့ ညွှန်းသည်။ အသုံးပြုသူ စာမျက်နှာ လမ်းညွှန်ချက်များ အတွက်၊ WP:UP ကို ကြည့်ပါ။ the File Upload Wizard အတွက်၊ WP:FUW ကို ကြည့်ပါ။
"WP:Nickname"ကို ဤနေရာသို့ ညွှန်းသည်။ ပင်မအမည်ညွှန်းရှိ အမည်ကွဲများ လမ်းညွှန်ချက်အတွက် WP:NICKNAMEကို ကြည့်ပါ။

တမ်းပလိတ်:Conduct policy list

ဤမူဝါဒသည် မြန်မာဝီကီပီးဒီးယားတွင် မည်ကဲ့သို့သော အသုံးပြုသူအမည်များ (usernames) ကို လက်ခံသည်ဆိုသည်နှင့် လက်မခံနိုင်သော၊ သံသယဖြစ်ဖွယ် အသုံးပြုသူအမည်များကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ဆိုသည်ကို ဖော်ပြထားသည်။ အသုံးပြုသူ အကောင့်တစ်ခုကို လူတစ်ဦးကသာ သုံးစွဲသင့်ကြောင်း ဖော်ပြထားသလို လူတစ်ဦးလျှင် အသုံးပြုသူ အကောင့်တစ်ခုသာ သုံးစွဲသင့်ကြောင်းကိုလည်း ဖော်ပြထားသည်။

အသုံးပြုသူ အကောင့်တစ်ခု ဖန်တီးချိန်တွင် သင့်အသုံးပြုသူအမည်ကို ရွေးချယ်ရသည်။ ယင်းအကောင့်ကို သုံး၍ ဆောင်ရွက်ထားသမျှအားလုံးသည် ယင်းရွေးချယ်ထားသော အသုံးပြုသူအမည်ကို ကိုယ်စားပြုသည် (လော့ဂ်အင် မပြုလုပ်ထားဘဲ ဆောင်ရွက်ချက်များသည် အသုံးပြုသူ၏ အိုင်ပီ လိပ်စာအနေဖြင့် ကိုယ်စားပြုသည်)။ အသုံးပြုသူအမည် ပြောင်းလဲခြင်းကို တောင်းဆိုနိုင်ပြီး ယခင်ဆောင်ရွက်ချက်များကို အမည်သစ်သို့ ပြန်လည်လွှဲပြောင်းမည် ဖြစ်သည်။

ဤမူဝါဒသည် မြန်မာဝီကီပီးဒီးယားရှိ အသုံးပြုသူအမည်များအတွက် ဖြစ်သည်။ သို့သော်လည်း အခြားဘာသာစကား ဝီကီပီးဒီးယားများနှင့် အခြား ဝီကီမီဒီယာ ဖောင်ဒေးရှင်း အထောက်အပံ့ရှိ ပရောဂျက်များတွင်လည်း တူညီသော အသုံးပြုသူအမည်နှင့် စကားဝှက်ကို အသုံးပြု၍ ဝင်ရောက်နိုင်သည်။ Wikipedia:Unified login တွင် ကြည့်ပါ။

အသုံးပြုသူအမည်များအတွက် မိတ်ဆက်ဗီဒီယိုအတို

အသုံးပြုသူအသစ်များအတွက် လမ်းညွှန်

သင့် အသုံးပြုသူအမည်သည် သင့်အား "လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်"အနေဖြင့် ကိုယ်စားပြုရမည်

ဝီကီပီးဒီးယားတွင် အောက်ပါ အသုံးပြုသူအမည်များကို ခွင့်မပြုပါ။

  • ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ ဝဘ်ဆိုဒ်များ၊ ဂီတအုပ်စုအဖွဲ့များ သို့မဟုတ် တီးဝိုင်းအဖွဲ့များ၊ အသင်းအဖွဲ့များ၊ လူမှုကွန်ယက် သို့မဟုတ် ဖန်တီးထားသော အုပ်စုများ စသည်တို့၏ အမည်များသာလျှင် ပါဝင်နေခြင်း
  • ယေဘုယျအားဖြင့် ကြော်ငြာဆန်နေခြင်း သို့မဟုတ် လူတစ်ဦးတစ်ယောက်၊ ကုမ္ပဏီ၊ ထုတ်ကုန်၊ ချန်နယ် သို့မဟုတ် အခြားကုန်ပစ္စည်း၊ ဝန်ဆောင်မှုများကို ကြော်ငြာရန်၊ အရောင်းမြှင့်တင်ရန်၊ ရောင်းချရန်၊ ထောက်ခံမှု ရယူရန် ရည်ရွယ်ခြင်း
  • သင့်အသုံးပြုသူအကောင့်အား တစ်ဦးတစ်ယောက်ထက် ပိုမိုကာ မျှဝေသုံးစွဲနေကြောင်း ပေါ်လွင်ခြင်း
  • အဖွဲ့အစည်းတစ်ခုအတွင်း အခြားလူပုဂ္ဂိုလ်များမှလည်း ရယူထားနိုင်သော သို့မဟုတ် ကိုယ်စားပြုနိုင်သော ရာထူး၊ ဘွဲ့၊ အဆင့်ကိုသာလျှင် ဖော်ပြထားခြင်း
သင့်အသုံးပြုသူအမည်သည် ရိုးသားဖြောင့်မတ်ပြီး သင့်လျော်မှုရှိကာ အကောင်းမြင်သော တည်းဖြတ်မှု ပတ်ဝန်းကျင်ကို အထောက်အပံ့ ဖြစ်စေရမည်

အသုံးပြုသူအမည်များသည် အောက်ပါအချက်များကို လုပ်ဆောင်ခဲ့ပါက ဝီကီပီးဒီးယားတွင် ခွင့်မပြုဘဲ ချက်ခြင်း ပိတ်ပင်ခြင်း ခံရမည် ဖြစ်သည်။

  • ပုတ်ခတ်စော်ကားခြင်း၊ မလေးမစားပြုမူခြင်း၊ ကြမ်းကြုတ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ဖော်ပြခြင်း၊ အပုတ်ချခြင်း သို့မဟုတ် ဖျက်ဆီးခြင်း
  • အခြားသော အကောင့်များ သို့မဟုတ် အသုံးပြုသူများကို တမင်သက်သက် လိမ်လည်လှည့်စားခြင်း၊ ရှုပ်ထွေးစေခြင်း၊ ဆင်တူယိုးမှားဖြစ်စေခြင်း သို့မဟုတ် အခြားတစ်စုံတစ်ဦးအသွင် အယောင်ဆောင်ခြင်း
  • နောက်ပြောင်ရန်၊ ဖျက်လိုဖျက်ဆီးလုပ်ဆောင်ရန်၊ အနှောက်အယှက်ပြုရန်၊ အရှက်ရစေရန်၊ ကြော်ငြာရန် ရည်ရွယ်ကြောင်း ပေါ်လွင်ခြင်း သို့မဟုတ် သင်သည် ဝီကီပီးဒီးယားကို ကူညီပေးရန် မဟုတ်ခြင်း သို့မဟုတ် ဝီကီပီးဒီးယား၏ ရည်ရွယ်ချက်များအတိုင်း အသုံးပြုမည် မဟုတ်ခြင်း

သင့် အသုံးပြုသူအမည်သည် သင့်အကောင့်နှင့် ဝီကီပီးဒီးယားပေါ်ရှိ သင့်ဆောင်ရွက်ချက်များအားလုံးကို ကိုယ်စားပြုသော အမည်ပြောင်တစ်ခုဖြစ်သည်။ အသုံးပြုသူအမည်သည် သင်၏ ကိုယ်ပိုင်အမည်မှန်လည်း ဖြစ်နိုင်သော်လည်း သင့်အမည်ရင်းဖြင့် အသုံးပြုခြင်းကြောင့် ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည်။ ဝီကီပီးဒီးယား အသုံးပြုသူ အမည်များသည် ရောမအက္ခရာများ အသုံးပြုပါက စာလုံးအကြီးအသေး ရွေးချယ်သတ်မှတ်နိုင်ပြီး ပထမစာလုံးသည် အလိုအလျောက် စာလုံးကြီး ဖြစ်မည် ဖြစ်သည်။ ပုံမှန်အားဖြင့် သင့်အသုံးပြုသူ အမည်ကို ဆွေးနွေးချက် စာမျက်နှာများတွင် လက်မှတ်အနေဖြင့် ဖော်ပြမည် ဖြစ်သည်။

အသုံးပြုသူအမည်တစ်ခုသည် ရွေးချယ်ပြီးသွားပါက အလွယ်တကူ မပြောင်းလဲနိုင်သည်ကို သတိပြုပါ။

အသုံးပြုသူ အကောင့်တစ်ခု ဖန်တီးချိန်တွင် သင့်အသုံးပြုသူအမည်ကို သတ်မှတ်နိုင်ပြီး အကောင့်သို့ ဝင်ရောက်ရန် စကားဝှက်နှင့်တကွ အသုံးပြုနိုင်သည်။ အကောင့်တစ်ခု ရရှိပြီးပါက သင့်အကြောင်း အချက်အလက်များအား အခြားသော ဝီကီပီးဒီးယား အသုံးပြုသူများအား ထောက်ပံ့ပေးနိုင်ရန်အတွက် "User:XXXX" ("XXXX" သည် သင်၏ အသုံးပြုသူအမည် ဖြစ်သည်) ဖြင့် ခေါင်းစဉ်တပ်သော အသုံးပြုသူ စာမျက်နှာ ကို ဖန်တီးနိုင်သည်။ သင် သို့မဟုတ် အခြားတည်းဖြတ်သူများက "User talk:XXXX" ဟု ခေါင်းစဉ်တပ်သော အသုံးပြုသူ ဆွေးနွေးချက် စာမျက်နှာ ကိုလည်း ဖန်တီးကာ သင်နှင့် အဆက်အသွယ်ပြုလုပ်နိုင်သည်။

ဆော့ဖ်ဝဲအနေဖြင့် ရှိနှင့်ပြီးသော အသုံးပြုသူအမည် သို့မဟုတ် အလွန်ဆင်တူနေသော အမည်ကို ထပ်မံ မှတ်ပုံတင်ရန် ခွင့်ပြုမည် မဟုတ်ပေ။ သို့သော်လည်း သင့်အနေဖြင့် ထိုအမည်မျိုးကို အသုံးပြုနိုင်ရန်အတွက် တောင်းဆိုနိုင်သည်။ (§ ဆင်တူနေသော အသုံးပြုသူအမည်များ တွင် ကြည့်ပါ)။

အသုံးပြုသူအမည်ကို အခြားသူများမှ သက်တောင့်သက်သာ ခေါ်ဆိုရန်နှင့် ပရောဂျက်အား အနှောက်အယှက်မဖြစ်စေရန် လိုအပ်သည်။ အငြင်းပွားဖွယ် အသုံးပြုသူအမည်သည် အခြားသော အသုံးပြုသူများအတွက် မကောင်းသော ထင်မြင်ချက်ကို ဖြစ်ပေါ်စေနိုင်သည်။ ဤစာမျက်နှာတွင် စော်ကားပုတ်ခတ်သောအဓိပ္ပာယ်လွဲမှားစေသော၊ သို့မဟုတ် "ကြော်ငြာဆန်သော" သို့မဟုတ် "တစ်ဦးတစ်ယောက်ကို ကိုယ်စားမပြုသော" စသည့် လက်မခံသော အသုံးပြုသူအမည် အမျိုးအစားများကို အဓိကဖော်ပြထားသည်။


မသင့်လျော်သော အသုံးပြုသူအမည်များ

မူဝါဒ အတိုကောက်:

ဤအပိုင်းတွင် မသင့်လျော်ဟု ယူဆထားသော အသုံးပြုသူအမည် အမျိုးအစားများကို ဖော်ပြထားသည်။ လက်မှတ်ထိုးခြင်းအတွက်လည်း တူညီသော သတ်မှတ်ချက်များကိုပင် ချမှတ်ထားသည်။

ဤစာရင်းများသည် ပြည့်စုံသည် မဟုတ်ပါ။ ဤစည်းမျဉ်းများကို အသုံးချရာတွင် ဆင်ခြင်တုံတရားဖြင့် ဆုံးဖြတ်ရန် ဖြစ်သည်။ (ဥပမာအားဖြင့် စကားလုံးတစ်လုံးသည် တစ်နေရာတွင် အနှောက်အယှက် ဖြစ်နေနိုင်သော်လည်း အခြားနေရာများတွင် အခြားအဓိပ္ပာယ်အနေဖြင့်လည်း ရှိနေနိုင်သည်)။ မသင့်လျော်သော အမည်များကို မည်သို့မည်ပုံ ကိုင်တွယ်ရန်အတွက်ကို အောက်တွင်ရှိသော § မသင့်လျော်သော အသုံးပြုသူအမည်များအား ကိုင်တွယ်ခြင်း အပိုင်းတွင် ကြည့်ပါ။

အဓိပ္ပာယ်လွဲမှားစေနိုင်သော အသုံးပြုသူအမည်များ

မူဝါဒ အတိုကောက်:

အောက်ဖော်ပြပါ အသုံးပြုသူအမည် အမျိုးအစားများသည် အဓိပ္ပာယ်လွဲမှားစေနိုင်ခြင်းကြောင့် ခွင့်မပြုပေ။

  • အခြားလူပုဂ္ဂိုလ်အဖြစ် အယောင်ဆောင်သော အသုံးပြုသူအမည်များ (§ အမည်ရင်းများ နှင့် § ဆင်တူယိုးမှား အသုံးပြုသူအမည်များ ကို ကြည့်ပါ)။
  • အကောင့်သည် အမှန်တကယ်မရှိသော အသုံးပြုသူအဆင့်ရှိဟန်ဆောင်သော အသုံးပြုသူအမည်များ။ နမူနာအားဖြင့် "အက်ဒမင်"၊ "ဗျူရိုကရက်"၊ "steward", "checkuser", "oversight" သို့မဟုတ် ဆင်တူဝေါဟာရပါဝင်သော အသုံးပြုသူအမည်များ။
  • ဘော့မဟုတ်ဘဲ "ဘော့" အဖြစ် အလွယ်တကူ အထင်အမြင်မှားယွင်းစေနိုင်သော အသုံးပြုသူအမည်များ။
  • "ဝီကီပီးဒီးယား"၊ "ဝီကီမီဒီယာ"၊ "ဝစ်ရှင်နရီ"၊ "(WMF)" စေသာ စကားလုံးများ ပါဝင်သော သို့မဟုတ် အကောင့်သည် ဝီကီမီဒီယာ ဖောင်ဒေးရှင်း သို့မဟုတ် ယင်း၏ ပရောဂျက် တစ်ခုခုနှင့် တရားဝင် နှီးနွယ်နေသည်ဟု ထင်ယောင်ထင်မှား ဖြစ်စေနိုင်သော အသုံးပြုသူအမည်များ။
  • အိုင်ပီလိပ်စာများ၊ အချိန်ပြပုံစံများနှင့် ဆင်နေသော အသုံးပြုသူအမည်များ သို့မဟုတ် ဝီကီပီးဒီးယား လက်မှတ်ထိုးခြင်း ပုံစံနှင့် လွဲမှားစေနိုင်သော အသုံးပြုသူအမည်များ။

အနှောက်အယှက် သို့မဟုတ် စော်ကားပုတ်ခတ်သော အသုံးပြုသူအမည်များ

မူဝါဒ အတိုကောက်များ:

အောက်ဖော်ပြပါ အသုံးပြုသူအမည် အမျိုးအစားများသည် အနှောက်အယှက် ဖြစ်စေခြင်း၊ သို့မဟုတ် စော်ကားပုတ်ခတ်နေခြင်း အတွက်ကြောင့် တားမြစ်ထားသည်။

  • အခြားသော တည်းဖြတ်သူများကို အနှောက်အယှက်ဖြစ်စေသော၊ တည်းဖြတ်ရာတွင် အခက်အခဲဖြစ်စေနိုင်သော အသုံးပြုသူအမည်များ
  • ပုဂ္ဂိုလ်ရေးရာ တိုက်ခိုက်မှုပါဝင်သော သို့မဟုတ် ပေါ်လွင်နေသော အသုံးပြုသူအမည်များ
  • စိတ်ခံစားမှုကို ထကြွစေရန် ရည်ရွယ်သော ("trolling") အသုံးပြုသူအမည်များ
  • ဝီကီပီးဒီးယားအား နှောက်ယှက်ရန်အတွက် ဖော်ပြနေသော အသုံးပြုသူအမည်များ

အခြားသော ဘာသာစကားများတွင် မသင့်လျော်သော သို့မဟုတ် မသင့်လျော်သော အမည်ကို ကိုယ်စားပြုသော စာလုံးပေါင်းအလွဲ သို့မဟုတ် စာလုံးအစားထိုးထားသော အဆိုပါ အသုံးပြုသူအမည်များသည်လည်း မသင့်လျော်ဟု ယူဆသည်။

BLP မူဝါဒကို ချိုးဖောက်နေသော အသုံးပြုသူအမည်များ

မူဝါဒ အတိုကောက်:

အနှောက်အယှက် သို့မဟုတ် စော်ကားတိုက်ခိုက်သော အသုံးပြုသူအမည်များ (သက်ရှိပုဂ္ဂိုလ်များ၏ အငြင်းပွားဖွယ်ရာများ ပါဝင်နေသော သို့မဟုတ် လူမျိုးရေး၊ ဘာသာရေး၊ လူမှုရေးအုပ်စုများအား ထိခိုက်နစ်နာစေရန် ရည်ရွယ်သော အသုံးပြုသူအမည်များ) ကို စီမံခန့်ခွဲသူများအနေဖြင့် ဝီကီပီးဒီးယားကို ကာကွယ်ရန်နှင့် ထိခိုက်နစ်နာမှုများမှ ကာကွယ်ရန် ချက်ခြင်း ပိတ်ပင်သင့်ပါသည်။ တိုက်ခိုက်သည့် အသုံးပြုသူအမည်များအား မှတ်တမ်းများမှ ဖယ်ရှားနိုင်ရန်နှင့် WMF ပရောဂျက်များ အားလုံးမှ ဖယ်ရှားနိုင်ရန်အတွက် global Stewards ထံသို့ သတင်းပို့သင့်ပါသည်။

ကြော်ငြာဆန်သော အမည်များ

မူဝါဒ အတိုကောက်များ:

အောက်ပါ အသုံးပြုသူအမည် အမျိုးအစားများသည် ကြော်ငြာဆန်သည် ဟု ယူဆထားသည့်အတွက် ယင်းတို့ကို တားမြစ်ထားသည်။

  • ကုမ္ပဏီ၊ အုပ်စု၊ အဖွဲ့အစည်း သို့မဟုတ် ထုတ်ကုန် တစ်ခုခုကို ပြတ်သားစွာ ကိုယ်စားပြုသော အသုံးပြုသူအမည်များ (ဥပမာ TownvilleWidgets, MyWidgetsUSA.com, TrammelMuseumofArt)။ သို့သော် ထိုသို့သော အမည်များ ပါဝင်သည့် အသုံးပြုသူအမည်များကို ရံဖန်ရံခါတွင် ခွင့်ပြုသည် (အောက်တွင်ရှိသော § မျှဝေအသုံးပြုကြောင်း ပေါ်လွင်နေသော အသုံးပြုသူအမည်များကို ကြည့်ပါ။ (အတ္ထုပ္ပတ္တိဆောင်းပါး၏ အကြောင်းအရာကို ကိုယ်စားပြုသော အသုံးပြုသူအမည်များကိုမူ ကြော်ငြာဆန်သည်ဟု မယူဆပေ။ § အနုပညာအမည်များ ကို ကြည့်ပါ)
  • လူပုဂ္ဂိုလ်တစ်ဦးအဖြစ် မသတ်မှတ်နိုင်သော၊ စီးပွားရေးရာ ဝဘ်စာမျက်နှာကို ကြော်ငြာနေသော အီးမေးလ်လိပ်စာများနှင့် URL များ ("Alice@example.com" နှင့် "Example.com" စသည်တို့များ)။ အသုံးပြုသူသည် လူပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သတ်မှတ်နိုင်ပြီး (.com, .co.kr, စသည်တို့ မပါဝင်သော) ဒိုမိန်းအမည်များကို ရံဖန်ရံခါတွင် လက်ခံသော်လည်း ယင်းတို့သည် စီးပွားရေးရာ ဝဘ်စာမျက်နှာကို ကြော်ငြာခြင်း မြှင့်တင်ခြင်း ပြုလုပ်ပါက မသင့်လျော်ပေ။

ကြော်ငြာဆန်သော အမည်ကို ရွေးချယ်ထားသလို ကုမ္ပဏီ၊ အုပ်စု၊ သို့မဟုတ် ထုတ်ကုန်အကြောင်း ဆောင်းပါးများထဲတွင် မသင့်လျော်သော ကြော်ငြာဆန်သည့် အပြုအမူများကို လုပ်ဆောင်ပါက ယင်းအသုံးပြုသူအမည်ကို ပိတ်ပင်နိုင်သည်။ ထိုသို့သော ကိစ္စရပ်များတွင် ယင်းအကောင့်များအား အသုံးပြုသူအမည်သစ်ဖြင့် ခွင့်ပြုမပြုကို စီမံခန့်ခွဲသူများအနေဖြင့် အသုံးပြုသူ၏ တည်းဖြတ်မှုများကို စစ်ဆေးကာ ဆုံးဖြတ်သင့်သည်။ အသုံးပြုသူသည် အသုံးပြုသူအမည်သစ်ဖြင့် မသင့်လျော်သည်များကို ဆက်လက်တည်းဖြတ်နိုင်ကြောင်း သက်သေသာဓကရှိပါက ပိတ်ပင်သည့် စီမံခန့်ခွဲသူအနေဖြင့် "အလိုအလျောက် ပိတ်ပင်ခြင်း" နှင့် "အကောင့်သစ်ဖန်တီးမှုကို ပိတ်ပင်ခြင်း" တို့ကို သတ်မှတ်ပေးနိုင်သည်။ သို့တည်းမဟုတ်ပါက အသုံးပြုသူသည် နောက်ထပ် အကောင့်သစ်ဖန်တီးနိုင်ရန် အခွင့်အလမ်းရနိုင်သည်။ ထိုသို့သော အမည်များကို ရွေးချယ်ထားသော အသုံးပြုသူများသည် ဆက်စပ်ရာ ဆောင်းပါးများတွင် ပြဿနာများ မဖန်တီးပါက' ပိတ်ပင်ခြင်းကို မပြုလုပ်ဘဲ ယင်းတို့၏ အသုံးပြုသူအမည်များကို ပြောင်းလဲရန် တွန်းအားပေးသင့်ပါသည်။

မျှဝေအသုံးပြုကြောင်း ပေါ်လွင်နေသော အသုံးပြုသူအမည်များ

မူဝါဒ အတိုကောက်:

အသုံးပြုသူအမည်များကို တစ်ဦးတစ်ယောက်ထက်ပို၍ မျှဝေ၍ မသုံးစွဲသင့်သော ဝီကီပီးဒီးယား၏ မူဝါဒကြောင့် ထိုကဲ့သို့ မျှဝေသုံးစွဲနေကြောင်း ပေါ်လွင်သော အသုံးပြုသူအမည်များကို ခွင့်မပြုပေ။

  • ကုမ္ပဏီများ သို့မဟုတ် အုပ်စုများ၏ အမည်သာဖြစ်သော အသုံးပြုသူအမည်များ (ယင်းတို့သည် အထက်တွင်ဖော်ပြထားသော § ကြော်ငြာဆန်သော အမည်များ တွင်လည်း ပါဝင်သည်)။
  • မျှဝေသုံးစွဲကြောင်း ပေါ်လွင်သော ပုဂ္ဂိုလ်ရေးရာ အသုံးပြုသူအမည်များ။ ဥပမာ "ကျော်ကျော် နှင့် အောင်အောင်"
  • အဖွဲ့အစည်းအတွင်းရှိ ရာထူးအဆင့်အတန်းအမည် အသုံးပြုထားသော အသုံးပြုသူအမည်များ။ ဥပမာ "ကခ ဖောင်ဒေးရှင်း၏ အတွင်းရေးမှူး" ကဲ့သို့သော အမည်ရာထူးသည် အခြားအချိန်များတွင်လည်း အခြားပုဂ္ဂိုလ်က ရယူထားနိုင်သည်။
  • သို့သော်လည်း ကုမ္ပဏီ သို့ အုပ်စု၏ အမည်ပါဝင်နေသလို တစ်ဦးတစ်ယောက်သာဖြစ်ကြောင်း ညွှန်းဆိုနိုင်သော အသုံးပြုသူအမည်များ (ဥပမာ "ကခ ဖောင်ဒေးရှင်းမှ ကျော်ကျော်" စသည်) ကို လက်ခံနိုင်သည်။

မည်သည့် အသုံးပြုသူအမည်ဖြစ်စေ ကြော်ငြာဆန်သော တည်းဖြတ်မှုများကို တားမြစ်ထားကြောင်းကို သိရှိမှတ်သားရန် လိုအပ်ပါသည်။ ကိုယ်ကျိုးစီးပွားအတွက် ပဋိပက္ခဖြစ်စေခြင်း လမ်းညွှန်ချက်တွင် စီးပွားရေး၊ အဖွဲ့အစည်းများ၊ ထုတ်ကုန်များ စသည့် ဆောင်းပါးများကို တည်းဖြတ်ရာတွင် သတိထားရမည်များကို အကြံပြုထားပါသည်။ သင့်ကုမ္ပဏီ သို့မဟုတ် အုပ်စုတစ်ခုနှင့် ဆက်စပ်ပတ်သက်နေသော ဆောင်းပါးများကို တည်းဖြတ်ရန် ရည်ရွယ်ပါက ဝီကီပီးဒီးယား၏ ကိုယ်ကျိုးစီးပွားအတွက် ပဋိပက္ခဖြစ်စေနိုင်သော တည်းဖြတ်မှုများ ပြုလုပ်ခြင်းများအတွက် အကြံပြုချက်များကို လိုက်နာသင့်ပါသည်။

ရှုပ်ထွေးစေနိုင်သော အသုံးပြုသူအမည်များ

မူဝါဒ အတိုကောက်:

အထက်ဖော်ပြပါတို့တွင် တိတိကျကျ မပါဝင်နေသော်လည်း အချို့သော အသုံးပြုသူအမည်များသည် ပြဿနာဖြစ်နေနိုင်သော အသုံးပြုသူအမည်များ ဖြစ်နေနိုင်သည်။ ရှုပ်ထွေးနေသော သို့မဟုတ် အလွန်အမင်း ရှည်လျားနေသော အသုံးပြုသူအမည်များသည် ဤကိစ္စရပ်တွင် ပါဝင်နေပြီး ယင်းကဲ့သို့သော အသုံးပြုသူအမည်တို့ကို အားမပေးပါ။

ရှုပ်ထွေးနေသော အသုံးပြုသူအမည်များသည် ရံဖန်ရံခါ အခြားသော ပြဿနာများအတွက် သတိပြုရန်လည်း ဖြစ်နေနိုင်သည်။ ရှုပ်ထွေးနေသော အသုံးပြုသူအမည်ဖြင့် သို့မဟုတ် ရှုပ်ထွေးနေသော လက်မှတ်ကို အသုံးပြုနေသော တည်းဖြတ်သူတစ်ဦးသည် အနှောက်အယှက်ပြုခြင်း သို့မဟုတ် ဖျက်လိုဖျက်စီးလုပ်ဆောင်ခြင်း စသည့် အခြားသော မသင့်လျော်သည့် အပြုအမူများဖြင့် ပိတ်ပင်ခံရသည်ထက် ပိုမိုလျင်မြန်စွာ ပိတ်ပင်ခံရနိုင်သည်။

အက္ခရာမဟုတ်သော အသုံးပြုသူအမည်များ

မူဝါဒ အတိုကောက်:

အချို့သော ဝဘ်ဘရောက်ဇာများတွင် ယူနီကုဒ်မဟုတ်သော ဘာသာစကားများနှင့် အီမိုဂျီများအား ပြသရန် အခက်အခဲရှိနေသည့်အတွက်ကြောင့်သော် အောက်ပါ အသုံးပြုသူအမည်များကို ခွင့်မပြုပါ။

  • အီမိုဂျီ ပါဝင်သော အသုံးပြုသူအမည်များ
  • အီမိုတီကွန် ဟု ယူဆနိုင်သော သို့မဟုတ် "အလှဆင်"ထားသော အသုံးပြုသူအမည်များ
  • အောက်ပါ ဘာသာစကားသင်္ကတမဟုတ်သည်များကို သုံးစွဲထားသော အသုံးပြုသူအမည်များ

ထိုကဲ့သို့သော အသုံးပြုသူအမည်များကို အကောင့်အမည် ပြန်လည်ပြောင်းလဲနိုင်ရန် သို့မဟုတ် အကောင့်အသစ်တစ်ခု ဖန်တီးရန် အခွင့်အရေးပေးသင့်သည်။ (အောက်တွင်ရှိသော #မသင့်လျော်သော အသုံးပြုသူအမည်များအား ကိုင်တွယ်ခြင်းကို ကြည့်ပါ)။

မှတ်သားရန်မှာ ဤကန့်သတ်ချက်သည် Wikipedia:လက်မှတ်ထိုးခြင်းက ထိန်းချုပ်သော လက်မှတ်များအတွက် မဟုတ်ပါ

ခြွင်းချက်များ

အချို့သော အသုံးပြုသူအမည်များသည် ဤမူဝါဒကို ချိုးဖောက်ထားသည့်ဟု ထင်မြင်နိုင်စရာရှိသော်လည်း အများသဘောဆန္ဒဖြင့် ခွင့်ပြုထားပြီး ဖြစ်နေနိုင်သည်။ အဘယ့်ကြောင့်ဆိုသော ထိုအသုံးပြုသူအမည်များသည် ဤမူဝါဒအပြောင်းအလဲ မဖြစ်မီအချိန်ကတည်းက ဖန်တီးထားသည့် အကောင့်များ ဖြစ်သည်။ အကယ်၍ ပြဿနာဖြစ်စေနိုင်သော အသုံးပြုသူအမည်တစ်ခုကို တည်းဖြတ်သူတစ်ဦးက ကြာရှည်အသုံးပြုလာခဲ့ခြင်းကို တွေ့ရှိပါက ယင်းကိစ္စရပ်အား ယခင်ကတည်းက ဆွေးနွေးပြီး ဖြစ်ကောင်းဖြစ်နိုင်သည်။ အောက်တွင် ဖော်ပြထားသော ဆောင်ရွက်ရန်များကို မပြုလုပ်မီ ထိုအသုံးပြုသူ၏ ဆွေးနွေးချက် စာမျက်နှာ (နှင့် မော်ကွန်းစာမျက်နှာ) နှင့် စီမံခန့်ခွဲသူများ ကြော်ငြာသင်ပုန်း၊ နှင့် အသုံးပြုသူအမည်များနှင့် ပတ်သတ်၍ သုံးသပ်ချက် တောင်းဆိုခြင်းတို့တွင် ဆွေးနွေးချက်များကို ကျေးဇူးပြု၍ ရှာဖွေကြည့်ပါ။

မသင့်လျော်သော အသုံးပြုသူအမည်များအား ကိုင်တွယ်ခြင်း

မူဝါဒ အတိုကောက်:

သင့်အနေဖြင့် အထက်တွင် ဖော်ပြထားသော မသင့်လျော်သည့် အသုံးပြုသူအမည်တစ်ခုကို တွေ့ရှိပါက လုပ်ဆောင်သင့်သည်များကို အောက်တွင် ဖော်ပြထားပါသည်။ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ဆင်ခြင်သုံးသပ်ပြီး လူသစ်များကို "မကိုက်မိ"ပါစေနှင့်

သည်အတိုင်း ထားရန် စဉ်းစားခြင်း

အကယ်ဤ အမည်တစ်ခုသည် ပြဿနာဖြစ်စေနိုင်သည်ဟု ရှင်းလင်းပြတ်သားမှု မရှိပါက ယင်းကို လစ်လျုရှုထားရန် စဉ်းစားနိုင်သည်။ ရိုးရိုးသားသား ပြုမူသည်ဟု ခံယူနိုင်ပြီး မသင့်လျော်သော အသုံးပြုသူအမည်များအပိုင်းရှိ ခြွင်းချက်အဖြစ် မှတ်သားနိုင်သည်။ အလားတူ အသုံးပြုသူသည် မကြာသေးမီက တည်းဖြတ်မှု အနည်းဆုံးတစ်ခု မပြုလုပ်သေးပါက အရေးယူ ပြုမူဆောင်ရွက်ရန် မထိုက်တန်သေးပါ။

အသုံးပြုသူအား ပြောဆိုခြင်း

အကယ်၍ ပြဿနာဖြစ်စေနိုင်လောက်ပြီး တမင်သက်သက် ဖန်တီးထားသည်ဟု မထင်ရှားပါက အသုံးပြုသူအား ဤမူဝါဒကို သိရှိနားလည်နိုင်စေရန် ယဉ်ယဉ်ကျေးကျေး ဆွဲဆောင်ပြီး အခြားအသုံးပြုသူအမည်တစ်ခုဖြင့် အကောင့်သစ်ဖန်တီးရန် တွန်းအားပေးပါ။ ဤအတွက် {{subst:uw-username}}, {{subst:uw-uall}} သို့မဟုတ် {{subst:uw-coi-username}} တမ်းပလိတ်များကို အသုံးပြုနိုင်ပါသည်။

သုံးသပ်ချက် တောင်းဆိုခြင်း

အကယ်၍ ပြဿနာဖြစ်စေနိုင်သော အသုံးပြုသူအမည်တစ်ခုကို အသုံးပြုနေသူနှင့် ဆွေးနွေးရန် ကြိုးစားပြီးနောက် အဆိုပါအမည်သည် သင့်လျော်ခြင်းရှိမရှိကို သဘောမတူညီဆဲ သို့မဟုတ် သံသယဖြစ်နေဆဲဆိုပါက အခြားသော အသုံးပြုသူများပါ ဝင်ရောက်ဆွေးနွေးနိုင်ရန်အတွက် အသုံးပြုသူအမည်နှင့် ပတ်သက်၍ သုံးသပ်ချက် တောင်းဆိုနိုင်သည်။

ပေါ်ပေါ်ထင်ထင် ချိုးဖောက်မှုများကို သတင်းပို့ခြင်း

အသုံးပြုသူအမည်တစ်ခုသည် ချက်ခြင်းပိတ်ပင်ရန် လိုအပ်သည်ဟု ယူဆပါက ယင်းကို စီမံခန့်ခွဲသူများ၏ ကြော်ငြာသင်ပုန်းတွင် သတင်းပေးပို့နိုင်ပါသည်။ အသုံးပြုသူအမည်တစ်ခုသည် သတိပေးရန်မလိုအပ်ဘဲ ချက်ခြင်းပိတ်ပင်ရန်လိုအပ်သည်ဟု ရှင်းလင်းစွာ ဆုံးဖြတ်နိုင်သော အသုံးပြုသူအမည်များအတွက်သာဖြစ်သည်။

အခြားပြဿနာများအား သတင်းပို့ခြင်း

အကယ်၍ မသင့်လျော်သော အသုံးပြုသူအမည်တစ်ခုသည် spam သို့မဟုတ် ဖျက်လိုဖျက်ဆီးပြုမူခြင်း စသော အခြားသော မူဝါဒများကိုပါ ချိုးဖောက်နေပါက အသုံးပြုသူအမည်အတွက် သတင်းပေးပို့ခြင်းထက် အခြားမူဝါဒများအတွက် သတင်းပေးပို့ပါ။ အကယ်၍ အသုံးပြုသူတစ်ဦးသည် ၎င်းတို့နှင့် ဆက်စပ်မှုရှိနေနိုင်သော အကြောင်းအရာတစ်ခုတွင် ဘက်လိုက်ရေးသားခြင်း သို့မဟုတ် ကြော်ငြာဆန်ဆန် ရေးသားခြင်းများရှိပါက ယင်းတို့ကို ကိုယ်ကျိုးစီးပွား ပဋိပက္ခ ကြော်ငြာသင်ပုန်း တွင် သတင်းပေးပို့ပါ။

အခြားသော အသုံးပြုသူအမည် အမျိုးအစားများ

အမည်ရင်းများ

မူဝါဒ အတိုကောက်များ:

သင့်အား ခြေရာခံနိုင်မည်ဖြစ်သော အမည်ရင်း သို့မဟုတ် နာမည်ပြောင်ဖြင့် အကောင့်တစ်ခုအား မဖန်တီးမီတွင် သေချာစွာ စဉ်းစားပါ။ အထူးသဖြင့် အငြင်းပွားဖွယ်ရာ အကြောင်းအရာများတွင် သင်တည်းဖြတ်မှု ပြုလုပ်ပါက အနှောက်အယှက်ပေးနိုင်ရန် အခွင့်အလမ်းများနိုင်သည့် အတွက် ဖြစ်သည်။ သင့်အကောင့်အား နောက်ပိုင်းတွင် အမည်ပြောင်းလဲနိုင်သော်လည်း (အောက်တွင် ရှိသော သင့်အသုံးပြုသူအမည်အား ပြောင်းလဲခြင်းတွင် ကြည့်ပါ) မှတ်တမ်းများထဲတွင် သင့်ယခင် အသုံးပြုသူအမည်သည် ထာဝစဉ် ကျန်ရှိနေမည် ဖြစ်သည်။

အနုပညာအမည်များ

အသုံးပြုသူများသည် သူတို့၏ အနုပညာအမည်များ၊ ကလောင်အမည်များ၊ သို့မဟုတ် အခြားသော အမည်ပြောင်များကို သူတို့၏ အသုံးပြုသူအမည်များအဖြစ် သုံးစွဲနိုင်သည်။ သို့သော်လည်း ဤစာမျက်နှာရှိ § အမည်ရင်းများ အပိုင်းတွင် ဖော်ပြထားချက်များအရ အသုံးပြုသူတစ်ဦးသည် အခြားသူများ၏ အနုပညာအမည်များကို သူတို့၏ အသုံးပြုသူအမည်အဖြစ် မသုံးစွဲသင့်ပေ။

လက်တင်အက္ခရာမဟုတ်သော အသုံးပြုသူအမည်များ

မူဝါဒ အတိုကောက်များ:

နည်းပညာဆိုင်ရာ အကြောင်းပြချက်များအရ အသုံးပြုသူအမည်များတွင် # < > [ ] | { } / @ သင်္ကေတများထည့်သွင်းခြင်းကို တားမြစ်ထားသည်။

ဆင်တူယိုးမှား အသုံးပြုသူအမည်များ

မူဝါဒ အတိုကောက်:

ပုံမှန်အားဖြင့် ရှိနှင့်ပြီးသော အသုံးပြုသူအမည်တစ်ခုနှင့် အလွန်ဆင်တူနေသော အသုံးပြုသူအမည်များကို မှတ်ပုံတင်ခြင်း မပြုလုပ်နိုင်ပေ။ သို့သော်လည်း အသုံးပြုလိုပါက သင့်အနေဖြင့် ယင်းအကောင့်အား ဖန်တီးပေးရန် Wikipedia:အကောင့်တစ်ခု တောင်းဆိုရန်တွင် တောင်းဆိုနိုင်သည်။ အသုံးမပြုသော သို့မဟုတ် သက်ဝင်ခြင်း မရှိသော အသုံးပြုသူအမည်များနှင့် ဆင်တူနေသော အသုံးပြုသူအမည်များသည် ပြဿနာမဟုတ်ပေ။ Special:CentralAuth တွင် ထိုသို့သော အသုံးပြုသူအမည်များကို စစ်ဆေးနိုင်သည်။ ရှိနှင့်ပြီး တည်းဖြတ်သူတစ်ဦးနှင့် ဆက်ဆံရေးကို ပေါ်လွင်နေနိုင်သော အသုံးပြုသူအမည်များကို မရွေးချယ်သင့်ပေ။

အကယ်၍ သင့်အသုံးပြုသူအမည်သည် အခြားသော တည်းဖြတ်သူ သို့မဟုတ် ဆောင်းပါးတစ်ခုနှင့် ဆင်တူနေပါက သင်၏ အသုံးပြုသူ စာမျက်နှာ၏ ထိပ်ဆုံးတွင် {{distinguish}} တမ်းပလိတ်ကို ထည့်သွင်းထားခြင်း ကဲ့သို့သော သံတူကြောင်းကွဲခွဲခြားမှုပုံစံကို ပြုလုပ်ထားနိုင်သည်။

မျှဝေသုံးစွဲသော အကောင့်များ

မူဝါဒ အတိုကောက်များ:

မည်သည့်အသုံးပြုသူအကောင့်မဆို အုပ်စုတစ်ခုအတွက် မဟုတ်ဘဲ တစ်ဦးချင်းစီကိုသာ ကိုယ်စားပြုသင့်သည်။ (ပုံမှန်အားဖြင့် တစ်ဦးချင်းစီတွင် အသုံးပြုသူအကောင့်တစ်ခုသာ ရှိသင့်သည်၊ နောက်အပိုင်းကိုကြည့်ပါ)။ အကောင့်တစ်ခု (သို့) အကောင့်တစ်ခု၏ စကားဝှက်ကို အခြားသူများနှင့် မျှဝေခြင်းအား ခွင့်မပြုပါ။ ထိုသို့လုပ်ဆောင်နေကြောင်း အထေက်အထားများ တွေ့ရှိပါက ဖြစ်ပေါ်လာသော အခြေအနေများအပေါ် မူတည်၍ အသုံးပြုသူအနေဖြင့် ထို့သို့ပြုလုပ်နေခြင်းအား ရပ်တန့်ရန်နှင့် ၎င်းတို့၏ စကားဝှက်ကို ပြောင်းလဲရန် သို့မဟုတ် ပိတ်ဆို့အရေးယူခြင်း (အကောင့်ပိတ်ခံရသည်အထိ အပါအဝင်) စသည်တို့ ဖြစ်ပေါ်လာနိုင်သည်။ အဖွဲ့ သို့မဟုတ် အဖွဲ့အစည်းကို ကိုယ်စားပြုရန် အသုံးပြုနေသည့် အကောင့်များအတွက် အထက်တွင်ရှိသော § ကြော်ငြာဆန်သော အမည်များ နှင့် § မျှဝေအသုံးပြုကြောင်း ပေါ်လွင်နေသော အသုံးပြုသူအမည်များကို ကြည့်ပါ။

ဤစည်းမျဉ်းအတွက် ခြွင်းချက်များမှာ ဝီကီမီဒီယာ ဖောင်ဒေးရှင်းမှ ခွင့်ပြုထားသော အကောင့်များ၊ အီးမေးလ်ဝင်ရောက်အသုံးပြုခွင့် ပေးရန်အတွက် တည်းဖြတ်ခြင်းမပြုလုပ်သော အကောင့်များ၊ နှင့် တစ်ဦးထက်ပိုသော ထိန်းသိမ်းသူရှိသည့် ဘော့အကောင့်များအတွက် ခြွင်းချက်အနေဖြင့် ပြုလုပ်နိုင်ပါသည်။

အကောင့်များစွာ သုံးစွဲခြင်း

မူဝါဒ အတိုကောက်များ:

ပံ့ပိုးကူညီသူများသည် အကြောင်းပြချက်ကောင်းမရှိဘဲ အကောင့်များစွာကို အသုံးမပြုရန် အကြံပြုထားသည်။ ဥပမာအားဖြင့်၊ အသုံးပြုသူတစ်ဦးသည် ၎င်းတို့၏ပင်မအကောင့်အား ပိုမိုလုံခြုံစေရန် ကြိုတင်ကာကွယ်မှုအဖြစ် အများသူငှာကွန်ပျူတာများတွင် အသုံးပြုရန်အတွက် အခြားအကောင့်တစ်ခုကို ဖန်တီးလိုပေမည်။ ပံ့ပိုးကူညီသူများသည် အလိုအလျောက် တည်းဖြတ်ခြင်း လုပ်ငန်းစဉ်ကို အခြားသော ဘော့အကောင့်တစ်ခုဖြင့် ပြုလုပ်သင့်သည်။ ၎င်းတို့၏ အသုံးပြုသူစာမျက်နှာများတွင် ထိုသို့သော အကောင့်များစွာရှိခြင်း ဖော်ပြသတ်မှတ်ထားရန် အကြံပြုထားသည်။

ထိုသို့လုပ်ဆောင်ရန်အတွက် သတ်မှတ်ထားသော မူဝါဒပြင်ပတွင် အကောင့်များစွာကို အသုံးပြုခြင်းကို sockpuppetry ဟုခေါ်ဆိုပြီး ခွင့်ပြုထားခြင်း မရှိပါ။ ဥပမာအားဖြင့်၊ အဆိုပြုချက်များ သို့မဟုတ် တောင်းဆိုချက်များအပေါ် မှတ်ချက်ပေးခြင်း၊ မဲပေးခြင်း၊ သို့မဟုတ် တည်းဖြတ်ရေးစစ်ပွဲများတွင် ပါဝင်ရန်အတွက် အကောင့်များစွာကို အသုံးမပြုနိုင်ပါ။ မူဝါဒများသည် အကောင့်များအပေါ်မဟုတ်ဘဲ တစ်ဦးချင်းအတွက် သက်ဆိုင်သောကြောင့်၊ ပိတ်ဆို့ထားသော သို့မဟုတ် ပိတ်ပင်ထားသော အသုံးပြုသူများသည် ပိတ်ဆို့ခံရခြင်းကို ရှောင်ရှားရန်အတွက် ရုပ်သေးအကောင့်များကို အသုံးမပြုရပါ။ ထိုသို့လုပ်ဆောင်ခြင်းသည် ပိတ်ဆို့ခြင်း သို့မဟုတ် တားမြစ်ခြင်းသက်တမ်းကို ပိုမိုများပြားစေမည်ဖြစ်သည်။

သင့် အသုံးပြုသူအမည်အား ပြောင်းလဲခြင်း

မူဝါဒ အတိုကောက်:

အသုံးပြုသူအမည်များကို global renamers များက ပြောင်းလဲပေးနိုင်ပြီး ဝီကီပီးဒီးယား:အသုံးပြုသူအမည် ပြောင်းလဲခြင်းတွင် တောင်းဆိုနိုင်သည်။ အကောင့်အသစ်တစ်ခု ဖန်တီးခြင်း သည် ရိုးရှင်းလွယ်ကူ၍ မြန်ဆန်သောကြောင့် တည်းဖြတ်မှုကြိမ်ရေ နည်းပါးသော သို့မဟုတ် တည်းဖြတ်ထားခြင်း မရှိသော အသုံးပြုသူ အကောင့်များကို အမည်ပြောင်းလဲပေးခြင်း ရှိနိုင်မည်မဟုတ်ပါ။

အသုံးပြုသူအမည်အား ပြောင်းလဲပေးပြီးပါက စာမျက်နှာ ရာဇဝင်များကွဲပြားမှုများမှတ်တမ်းများရှိ ရှိနှင့်ပြီးသော ပံ့ပိုးမှုများနှင့် အသုံးပြုသူ ဆောင်ရွက်ချက်များ သည် အမည်သစ်အောက်တွင် ပြသပေးသွားမည် ဖြစ်သည်။ ဆွေးနွေးချက်စာမျက်နှာများရှိ လက်မှတ်များသည် အမည်ဟောင်းဖြင့် ဆက်လက်ကျန်ရှိမည် ဖြစ်ပြီး ယင်းတို့ကို တစ်ခုခြင်းလက်ဖြင့် ပြောင်းလဲနိုင်မည် ဖြစ်သော်လည်း ပံ့ပိုးသူတစ်ဦးအနေဖြင့် ပုဂ္ဂိုလ်ရေးရာ လုံခြုံမှုအကြောင်းပြချက်များကြောင့် ယခင်အမည်ဟောင်းရှိ အချက်အလက်များကို ဖယ်ရှားလိုသည်မှလွဲ၍ ယင်းကို အကြံမပြုထားပါ။ အဆိုပါ အခြေအနေတွင် အမည်ဟောင်းများသည် ဆွေးနွေးချက်စာမျက်နှာ၏ မူဟောင်းများတွင် ဆက်လက်ကျန်ရှိနေဦးမည် ဖြစ်သည်။ အသုံးပြုသူအမည် ပြောင်းလဲမှုများကို အသုံးပြုသူ အမည်ပြောင်းလဲခြင်း မှတ်တမ်း နှင့် ဂလိုဘယ် အမည်ပြောင်းလဲခင်း မှတ်တမ်းများတွင် မှတ်တမ်းတင်ထားသည်။

အကောင့်များ ဖျက်ခြင်းနှင့် ပေါင်းစည်းခြင်း

ပံ့ပိုးဆောင်ရွက်မှုများအားလုံးကို အသုံးပြုသူအမည်တစ်ခု သို့မဟုတ် အိုင်ပီလိပ်စာတစ်ခုဖြင့် သတ်မှတ်ထားသောကြောင့် အသုံးပြုသူ အကောင့်များအား ဖျက်ပစ်ရန် မဖြစ်နိုင်ပါ။ courtesy vanishing / right to vanish အရ ပုဂ္ဂိုလ်ရေးရာလုံခြုံမှုရှာဖွေသော တည်းဖြတ်သူများအနေဖြင့် ယင်းတို့၏ အကောင့်များအား အမည်ပြောင်းလဲကာ အသုံးပြုသူစာမျက်နှာများကို ဖျက်ပစ်နိုင်သည်

လတ်တလော မြန်မာဝီကီပီးဒီးယားတွင် အကောင့်များကို အကောင့်တစ်ခုတည်းအနေဖြင့် ပေါင်းစပ်နိုင်ခြင်း မရှိပါ။