မာတိကာသို့ ခုန်သွားရန်

Warcraft III: Reign of Chaos

ဝီကီပီးဒီးယား မှ
Warcraft III: Reign of Chaos
ဖန်တီးသူBlizzard Entertainment
ထုတ်ဝေသူBlizzard Entertainment
ဖြန့်ချီသူEU Sierra Entertainment
JPN Capcom
ဒီဇိုင်းနာRob Pardo
တေးရေးTracy Bush
Derek Duke
Glenn Stafford
စီးရီးများWarcraft
ပလက်ဖောင်းမိုက်ခရိုဆော့ဖ် ဝင်းဒိုးစ်, Mac OS, Mac OS X
ဖြန့်ချီသည့်နေ့စွဲNA ဇူလိုင် ၃၊ ၂၀၀၂
EU ဇူလိုင် ၅၊ ၂၀၀၂
JPN ၂၀၀၃
ဂိမ်းအမျိုးအစားReal-time strategy
Mode(s)Single-player, multiplayer

Warcraft III: Reign of Chaos သည် ဇူလိုင် ၂၀၀၂ တွင် Blizzard Entertainment မှ ဖြန့်ချိခဲ့သည့် ဗွီဒီယိုဂိမ်းတစ်ခုဖြစ်သည်။ Warcraft စိတ်ကူးယဉ် စကြဝဠာထဲတွင် ဇာတ်လမ်းတည်ထားသည့် တတိယမြောက်ဂိမ်းဖြစ်ကာ Warcraft: Orcs & Humans ၏ ဒုတိယအဆက်ဂိမ်းဇာတ်လမ်း ဖြစ်သည်။ နောက်ဆက်တွဲအဆက်အဖြစ် The Frozen Throne ကို ဇူလိုင် ၂၀၀၃ တွင် ဖြန့်ချိခဲ့သည်။

ဂိမ်းကစားပုံ

[ပြင်ဆင်ရန်]

Warcraft III သည်မြေပုံများပေါ်တွင် ခြားနားသောနေရာယူမှုများဖြင့် ကြီးမားကျယ်ပြန်သည့် လွင်ပြင်များ၊ ကွင်းပြင်များအပြင် ဆန်းသစ်သော မြေနေမြေထားများဖြစ်သည့် မြစ်များ၊ တောတောင်များ၊ ပင်လယ်များ၊ ချောက်ကမ်းပါးများစသည့် အင်္ဂါရပ်အသစ်များ ပါဝင်လာခဲ့သည်။ တိုက်ပွဲစဉ်များတွင် မြေပုံ၏ နေရာများအား အနက်ရောင်အလွှာဖြင့် အုပ်ထားသည်။[] ထိုအလွှာ၏နေရာကို ရှာဖွေမှုပြုလုပ်မှသာ ပေါ်လာမည် ဖြစ်သည်။ သို့ပေမဲ့လည်း ထိုနေရာများသည် မိမိ၏မဟာမိတ် အချင်းချင်း သို့မဟုတ် အဆောက်အဦးများရှိနေမှသာ အမြဲမြင်နိုင်မည် ဖြစ်သည်။ [] ဂိမ်းကစားနေစဉ်အတွင်း ကစားသူသည် သယံဇာတများကို ရှာဖွေရမည် ဖြစ်သည်။ မိမိ၏ ပြိုင်ဘက်များကို ခုခံရင်း၊ စစ်သားများထုတ်ပေးခြင်းနှင့် မြေပုံများကိုရှာဖွေရပြီး ကွန်ပျူတာကစားသူများနှင့်အတူ ဆော့ကစားရမည် ဖြစ်သည်။ ဤဂိမ်းထဲတွင် အဓိက သယံဇာတအနေဖြင့် သုံးမျိုးရှိပြီး ၎င်းတို့မှာ ရွှေ၊ သစ် နဲ့ အစားအစာတို့ ဖြစ်သည်။[] ပထမဦးဆုံး လိုအပ်ချက်နှစ်ချက်အနေဖြင့် စစ်သားများကို ထိန်းချုပ်ရန်နှင့် အိမ်များကို ဆောက်လုပ်ရမည် ဖြစ်သည်။ အစားအစာ ကန့်သတ်ချက်အလိုက် စစ်သားများကို ကစားသူတစ်ယောက်အနေဖြင့် ထုတ်လုပ်ပြီး တစ်ခါတည်း ထိန်းချုပ်နိုင်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 Blizzard Entertainment, ed. (2002)။ Warcraft III Instruction Manual: Fog of War။ p. 22။
  2. Blizzard Entertainment, ed. (2002)။ Warcraft III Instruction Manual: Economy။ p. 21။
  3. Blizzard Entertainment, ed. (2002)။ Warcraft III Instruction Manual: Upkeep။ p. 22။