The Voice Weekly

ဝီကီပီးဒီးယား မှ
The Voice Weekly
အမျိုးအစားအပတ်စဉ်
ပိုင်ဆိုင်သူLiving Color Media Co., Ltd.
အယ်ဒီတာချုပ်ကျော်မင်းဆွေ
စီမံအယ်ဒီတာများကျော်နိုင်
ဘာသာစကားမြန်မာဘာသာ
ထုတ်ဝေမှုရပ်ဆိုင်းခြင်းဇူလိုင် ၂၀၁၂
ဌာနချုပ်များရန်ကုန်မြို့မြန်မာနိုင်ငံ
ဝက်ဘ်ဆိုဒ်thevoicemyanmar.com

The Voice Weekly သည် မြန်မာဘာသာဖြင့် အပတ်စဉ်စနေနေ့တိုင်း ထုတ်ဝေသော ဂျာနယ်တစ်စောင်ဖြစ်သည်။ မြန်မာ့နိုင်ငံရေးအပြောင်းအလဲများအား အဓိကထားရေးသားသော သတင်းစာတစ်စောင် ဖြစ်သည်။ ၂၀၁၀ နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့်သတင်းကို ခေါင်းကြီးပိုင်းတွင် ဖော်ပြခဲ့မှုဖြင့် Venus News၊ ပြည်သူခေတ်၊ မြန်မာပို့စ်၊ The Snap Shot၊ Myanmar Newsweek နှင့် ၇ ရက် နေ့စဉ်သတင်းစာ တို့နှင့်အတူ တစ်ပါတ်ခန့် ဂျာနယ်ရောင်းချထုတ်ဝေခွင့်ကို တားမြစ်ခံရဖူးသည်။[၁] ထို့ပြင် ၂၀၁၂ ခုနှစ်တွင်လည်း ပြည်ထောင်စုဝန်ကြီးငါးဦး ဌာနပြောင်းရွေ့ရန် ထွက်ပေါ်နေသည့်သတင်းတွင် ခေါင်းကြီးပိုင်းတွင် ဖော်ပြခဲ့သောကြောင့် အစိုးရမှ ထုတ်ဝေခွင့် ပိတ်ပင်ခံရဖူးသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Myanmar suspends nine news journals for Suu Kyi coverage။ 13 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 October 2017 တွင် ပြန်စစ်ပြီး။
  2. "Two Burmese Journals Suspended"၊ လွတ်လပ်တဲ့ အာရှအသံ၊ ၃၁ ဇူလိုင် ၂၀၁၂။ ၂၃ အောက်တိုဘာ ၂၀၁၇ တွင် ပြန်စစ်ပြီး 

ပြင်ပလင့်များ[ပြင်ဆင်ရန်]