Tharlon OS

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

ပထမဆုံး မြန်မာဘာသာ အသုံးပြု ကွန်ပျူတာစနစ် ဖြစ်သည်။ ၂၀၁၁ ဒီဇင်ဘာတွင် သာလွန် (ပျူ) ဗားရှင်းဖြင့် တစ်ကြိမ်၊ ၂၀၁၂ ဒီဇင်ဘာတွင် သာလွန် (ပုဂံ) ဗားရှင်းဖြင့် တစ်ကြိမ် ဖြန့်ချိခဲ့သည်။

Linux Debian ၊ ထို့နောက် Ubuntu နည်းပညာများကို အခြေခံသည်။ ဆော့ဝဲများ မြန်မာမှုပြုရာတွင် မြန်မာယူနီကုဒ်စံကို လိုက်နာသော သာလွန်ဖောင့်ကို သီးသန့်ရေးဆွဲ အသုံးပြုခဲ့သည်။ နည်းပညာလူငယ်များစွာ စေတနာ့ဝန်ထမ်း ပါဝင်အားဖြည့်ခဲ့ကြသည်။