မာတိကာသို့ ခုန်သွားရန်

မိုင်းခရပ်ဖ်

ဝီကီပီးဒီးယား မှ
(Minecraft မှ ပြန်ညွှန်းထားသည်)
မိုင်းခရပ်ဖ်
Minecraft
The default player skin, Steve, running across a grassy plain while carrying a Iron pickaxe. Alongside him is a tamed wolf. In the background, there is a pig, a chicken, a cow, a skeleton, a zombie, and a creeper. Mountains and cliffs fill the background, and the sky is blue, filled with clouds. Hovering over the scene is the Minecraft logo.
ဖန်တီးသူမိုဂျန်း[မှတ်စု ၁]
ထုတ်ဝေသူ
ဒီဇိုင်းနာ
ဂိမ်းအနုပညာရှင်
  • မားကက်စ် တွိုင်ဗုန်နန်
  • ဂျက်စ်ပါ ဘိုအဲစတရာ
တေးရေးC418[မှတ်စု ၇]
စီးရီးများမိုင်းခရပ်ဖ်
ပလက်ဖောင်း
ဖြန့်ချီသည့်နေ့စွဲ
ဂိမ်းအမျိုးအစားဆန်းဘောက်စ်စာဗိုင်ဗယ်လ်
Mode(s)တစ်ယောက်တည်းဆော့သော ဂိမ်း (single-player)၊ အများနှင့်ဆော့သော ဂိမ်း (multiplayer)

မိုင်းခရပ်ဖ်ဂိမ်း (အင်္ဂလိပ်: Minecraft) သည် မိုဂျန်း စတူဒီယို (Mojang Studios) မှ ဖန်တီးထားသော ဆန်းဒ်ဘောက်စ် ဗီဒီယိုဂိမ်းဖြစ်သည်။ ဤဂိမ်းကို ဂျာဗား (Java) ပရိုဂရမ်းမင်းဘာသာစကားဖြင့် "နော့ချ် (Notch)" ဟူ၍ အွန်လိုင်းတွင် လူသိများသော မားကက်စ် ပါစင် (Markus Persson) မှ စတင်ဖန်တီးခဲ့ခြင်း ဖြစ်သည်။ အစောပိုင်း ကိုယ်ပိုင်စမ်းသပ်ဗားရှင်းများစွာကို ထုတ်လုပ်ပြီးနောက်၊ ၎င်းကို ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလတွင် အပြည့်အဝ မဖြန့်ချိမီတွင် နော့ချ် နုတ်ထွက်ခဲ့ပြီး၊ "ဂျက်ဘ် (Jeb)" ဟူ၍ အွန်လိုင်းတွင် လူသိများသော ဂျန်းစ် ဘာဂန်စတန် (Jens Bergensten) က ဂိမ်းဖွံ့ဖြိုးတိုးတက်မှု အဆင့်ဆင့်အား ဆက်လက်တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ Minecraft ကို နောက်ပိုင်းတွင် အခြား ပလက်ဖောင်း အမြောက်အမြားသို့ ချဲ့ထွင်ထုတ်လုပ်ခဲ့သည်။ ၂၀၂၁ ခုနှစ်အထိ ကော်ပီ (copies) ပေါင်း ၂၃၈ သန်းကျော် ရောင်းချခဲ့ရပြီး လစဉ်အသုံးပြုသူ သန်း ၁၄၀ နီးပါးရှိသဖြင့် သမိုင်းတစ်လျှောက် အရောင်းရဆုံး ဗီဒီယိုဂိမ်းအဖြစ် ရပ်တည်လျက်ရှိသည်။ ၂၀၁၄ ခုနှစ်တွင် မိုဂျန်းစတူဒီယိုနှင့် Minecraft ၏ မူပိုင်ခွင့်အားလုံးကို Microsoft ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။

Minecraft တွင် ဂိမ်းဆော့သူများသည် အဆုံးမရှိနီးပါး ကျယ်ပြောလှသော မြေပြင်အနေအထားဖြင့် ဘလောက်တုံးများ (blocks) နှင့် စီမံဖန်တီးထားသော 3D ကမ္ဘာကို စူးစမ်းရှာဖွေကာ ကုန်ကြမ်းများ (resources)၊ လက်မှုကိရိယာများ (tools) နှင့် ပစ္စည်းများ (items) ကို ရှာဖွေဖော်ထုတ်ကာ အဆောက်အအုံများ (structures)၊ မြေထုထည်များ (terrain) နှင့် ရိုးရှင်းသော စက်ပစ္စည်းများ (simple machines) ကို တည်ဆောက်နိုင်သည်။ ဂိမ်းမုဒ် (game modes) ပေါ် မူတည်၍ ဂိမ်းဆော့သူများသည် ကွန်ပျူတာဖြင့် ထိန်းချုပ်ထားသော သတ္တဝါဆန်းများ (AI-controlled mobs) ကို တိုက်ထုတ်နိုင်သည့်အပြင်၊ တူညီသောကမ္ဘာရှိ အခြားဆော့သူများနှင့် ပူးပေါင်းဆော့ကစားခြင်း (multiplayer) ကိုလည်း ပြုလုပ်နိုင်သည်။

Minecraft သည် အကဲဖြတ်သူများ၏ အပြုသဘော ချီးကျူးဂုဏ်ပြုခြင်း ခံရပြီး ဆုတံဆိပ်များစွာကို ရရှိခဲ့ကာ၊ နောက်ပိုင်းတွင် ခေတ်အဆက်ဆက် အကောင်းဆုံး ဗီဒီယိုဂိမ်းများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသည်။ ဆိုရှယ်မီဒီယာ (social media)၊ ပြောင်လှောင်မှု ဗီဒီယိုများ (parodies)၊ ရောင်းကုန်ပစ္စည်းများနှင့် နှစ်စဉ် ကျင်းပမြဲဖြစ်သော မိုင်ကွန် (Minecon) အစည်းအဝေးကြီးများသည် ဤဂိမ်းကို ပိုမိုရေပန်းစားလာစေရန် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ဓာတုဗေဒ (chemistry)၊ ကွန်ပျူတာအကူအညီပေးသည့် ဒီဇိုင်း (computer-aided design) နှင့် ကွန်ပျူတာသိပ္ပံ (computer science) တို့ကို သင်ကြားပြသရန် ပညာရေးဆိုင်ရာ ပတ်ဝန်းကျင်များတွင်လည်း ဂိမ်းကို အသုံးပြုထားသည်။

ဂိမ်းကစားခြင်း

[ပြင်ဆင်ရန်]

မိုင်းခရပ်ဖ်သည် ပြီးမြောက်ရန်လိုသော အဆင့်များ၊ ရည်မှန်းချက်များ သတ်သတ်မှတ်မှတ် မပါရှိသော 3D ဆန်းဒ်ဘောက်စ် ဗီဒီယိုဂိမ်းဖြစ်ပြီး ဆော့သူများအား ဂိမ်းကစားနည်းကို စိတ်ကြိုက်ရွေးချယ်ရာတွင် များစွာသော လွတ်လပ်မှုကို ပေးစွမ်းနိုင်မည်ဖြစ်သည်။[၁၈] သို့သော် ဂိမ်း၏ ဂျာဗားဗားရှင်းတွင် "advancements" ဟု လူသိများသော အောင်မြင်မှုစနစ်တစ်ခု ပါရှိပြီး PlayStation ဗားရှင်းများတွင် "ဆုဖလားများ (Trophies)" ရှိသည်။

ဂိမ်းရှိကမ္ဘာသည် အခြေခံအားဖြင့် အဆုံးမရှိသော်လည်း၊ ဆော့သူများသည် ၎င်းတို့၏ ကမ္ဘာကို ဖန်တီးသည့်အခါ ၎င်းတို့ ပေါက်ဖွားသည့်နေရာ (Spawn Point) မှ ဘလောက်ပေါင်း ၃၀,၀၀၀,၀၀၀ ထက် ကျော်လွန်သော နေရာများသို့ ဖြတ်သန်းသွားလာခြင်း မပြုနိုင်ရန် အတားအဆီးတစ်ခု ပြုလုပ်ထားသည်။ ဂိမ်းသည် ဆော့သူများအနီးတွင် ရှိသည့်အခါတွင်သာ ဖန်တီးထားသည့် သို့မဟုတ် ဒေါင်းလုဒ်လုပ်ထားသည့် ကမ္ဘာဒေတာကို "chunks" ဟုခေါ်သော အပိုင်းငယ်များခွဲခြင်းဖြင့် ဖော်ပြပေးခြင်း ဖြစ်သည်။[၁၉] ကမ္ဘာကြီးကို သဲကန္တာရမှ တောတောင်များအထိ၊ နှင်းခင်းများအထိ မတူညီသော ဇီဝရပ်ဝန်း (Biomes) များအဖြစ် ပိုင်းခြားထားသည်။[၂၀] မြေမျက်နှာသွင်ပြင်တွင် လွင်ပြင်များ၊ တောင်များ၊ သစ်တောများ၊ ဂူများနှင့် ချော်ရည်/ရေထုများ ပါဝင်သည်။ ဂိမ်းတွင်းအချိန်စနစ်သည် နေ့နှင့်ည စက်ဝန်းကို လိုက်နာပြီး လည်ပတ်မှုတစ်ခုသည် လက်တွေ့ကမ္ဘာတွင် မိနစ် (၂၀) ကြာမြင့်ပါသည်။

ဂိမ်းတွင် ကမ္ဘာသစ်တစ်ခုကို စတင်သောအခါ ဆော့သူများသည် ငြိမ်းချမ်းမှု (peaceful) အဆင့်မှ အလွန်ခက်ခဲအဆင့် (hardcore) ဟူ၍ ဂိမ်းမုဒ်ငါးခုအနက်မှ တစ်ခုကို ရွေးချယ်ရမည်ဖြစ်သည်။ ဂိမ်း၏ အခက်အခဲအဆင့်ကို တိုးမြှင့်လိုက်ပါက ဆော့သူသည် ဂိမ်းရှိသတ္တဝါများထံမှ ထိခိုက်မှု ပိုမိုရရှိစေသည့်အပြင် အခြားသော စိန်ခေါ်မှုများနှင့် အထူးသက်ရောက်မှုများပါ ကြုံတွေ့ရနိုင်သည်။ ဥပမာအားဖြင့် ငြိမ်းချမ်းသော အခက်အခဲအဆင့်သည် ရန်လိုသော လူအုပ်များ ပေါက်ပွားခြင်းမှ ကာကွယ်ပေးပြီး၊ ခက်ခဲသော အခက်အခဲအဆင့်သည် ဆော့သူများအား ၎င်းတို့၏ ဆာလောင်မှုပြသင်္ကေတ (hunger bar) ကုန်သွားပါက ငတ်သေသွားစေသည်။ ရွေးချယ်ပြီးသည်နှင့် အခက်အခဲကို ပြောင်းလဲနိုင်သော်လည်း ဂိမ်းမုဒ်ကို လော့ခ်ချထားပြီး မသမာနည်း (cheats) ဖြင့်သာ ပြောင်းလဲနိုင်သည်။

ဆော့သူသည် "အန်းဒါး နဂါး" (Ender Dragon) ကို အောင်မြင်စွာ တိုက်ခိုက်ပြီးမှသာလျှင် ဂိမ်းပြီးမြောက်သည်ဟု လူအများက ခံယူကြသည်။

မှတ်စုများ

[ပြင်ဆင်ရန်]
  1. Console ဗားရှင်းများအတွက် 4J Studios မှ ပူးတွဲရေးဆွဲပြီး၊[] New Nintendo 3DS ဗားရှင်းကို Other Ocean Interactive မှ ရေးဆွဲသည်။[]
  2. PC/Java, Android, iOS, Wii U, Nintendo 3DS, Nintendo Switch
  3. Xbox 360, Xbox One, Windows Phone, Windows 10 Edition
  4. PlayStation 3, PlayStation 4, PlayStation Vita
  5. ၂၀၀၉–၂MD၁၁
  6. ၂MD၁၁–လက်ရှိ
  7. ဂိမ်းဖြန့်ချိပြီးနောက်ပိုင်းတွင် Samuel Åberg, Gareth Coker, Lena Raine နှင့် Kumi Tanioka တို့လည်း ပါဝင်အားဖြည့်ခဲ့ကြသည်။
  8. Minecraft ကို ၂၀၀၉ ခုနှစ် မေလ ၁၇ ရက်တွင် အများပြည်သူသို့ အစောဆုံး စမ်းသပ်ထုတ်လုပ်ခဲ့ပြီး၊[] ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်တွင် အပြည့်အဝ ဗားရှင်းကို ဖြန့်ချိခဲ့သည်။

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. Sarkar၊ Samit (6 November 2006)။ Microsoft officially owns Minecraft and developer Mojang now (in en)။ 19 March 2020 တွင် ပြန်စစ်ပြီး။
  2. Minecraft: New Nintendo 3DS Edition 3 February 2019 တွင် ပြန်စစ်ပြီး။
  3. Persson၊ Markus (17 May 2009)။ Minecraft 0.0.11a for public consumption : The Word of Notch 16 July 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 July 2022 တွင် ပြန်စစ်ပြီး။
  4. Minecraft CBS Interactive 15 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 October 2012 တွင် ပြန်စစ်ပြီး။
  5. Minecraft – Pocket Edition – Android 16 November 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 October 2012 တွင် ပြန်စစ်ပြီး။
  6. Minecraft: Pocket Edition CBS Interactive 23 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 October 2012 တွင် ပြန်စစ်ပြီး။
  7. Brown၊ Mark (22 March 2012)။ Minecraft for Xbox 360 release date announced, amongst others 18 December 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 July 2022 တွင် ပြန်စစ်ပြီး။
  8. Minecraft Raspberry Pi Mojang 27 March 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 March 2013 တွင် ပြန်စစ်ပြီး။
  9. "Amazon's first Fire TV games include in-house titles and Minecraft (update: video)"၊ Engadget
  10. Minecraft PS4 Edition Release Date Confirmed IGN Entertainment, Inc. (3 September 2014)။ 1 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 October 2014 တွင် ပြန်စစ်ပြီး။
  11. Minecraft for Xbox One to launch on Friday 7 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 October 2014 တွင် ပြန်စစ်ပြီး။
  12. Minecraft: PS Vita Edition Release Date Revealed for North America (10 October 2014)။ 12 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 October 2014 တွင် ပြန်စစ်ပြီး။
  13. Minecraft Comes to Windows Phones (17 July 2019)။ 30 December 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  14. Announcing Minecraft Windows 10 Edition Beta 9 July 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  15. Makuch၊ Eddie (7 December 2015)။ Minecraft Wii U Confirmed, Coming Very Soon CBS Interactive 7 December 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 December 2015 တွင် ပြန်စစ်ပြီး။
  16. Jones၊ Owen (19 December 2016)။ minecraft.net – Apple TV Edition released! 27 December 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 December 2016 တွင် ပြန်စစ်ပြီး။
  17. Pereira၊ Chris (13 September 2017)။ New 3DS Version Of Minecraft Announced, Release Date Set For Today 13 September 2017 တွင် ပြန်စစ်ပြီး။
  18. https://www.ign.com/articles/2011/11/24/minecraft-review
  19. https://web.archive.org/web/20110312082752/http://notch.tumblr.com/post/3746989361/terrain-generation-part-1
  20. https://www.rockpapershotgun.com/biomeshock-the-new-minecraft-worlds