လူဝီ ဗွီတွန်
ပဲရစ်မြို့မှ လူဝီ ဗွီတွန်ဆိုင် | |
အမျိုးအစား | လုပ်ငန်းခွဲ (SAS)[၁] |
---|---|
လုပ်ငန်း | ဖက်ရှင်လုပ်ငန်း |
တည်ထောင်သည့်နှစ် | ၁၈၅၄ |
တည်ထောင်သူများ | လူဝီ ဗွီတွန် (ဒီဇိုင်းနာ) |
ဌာနချုပ် | 2 Rue du Pont Neuf 75001 ပဲရစ်မြို့ ပြင်သစ်နိုင်ငံ 48°51′33″N 2°20′38″E / 48.8593°N 2.3439°Eကိုဩဒိနိတ်: 48°51′33″N 2°20′38″E / 48.8593°N 2.3439°E |
အရေးပါ ပုဂ္ဂိုလ်များ | |
ထုတ်ကုန်ပစ္စည်း |
|
ဝင်ငွေ | ယူရို € ၁၄ ဘီလီယံ (၂၀၂၀)[၂] |
အလုပ်သမားဦးရေ | ၁၉,၀၀၀ (၂၀၁၃)[၃] |
မိခင်ကုမ္ပဏီ | LVMH |
ဝက်ဘ်ဆိုက် | louisvuitton.com |
လူဝီ ဗွီတွန် (အင်္ဂလိပ်: Louis Vuitton, /luːˈiː vɪˈtɒn/ ( ); ပြင်သစ်: Louis Vuitton, [lwi vɥitɔ̃] ( )) သည် ပြင်သစ် ဇိမ်ခံ ဖက်ရှင်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းဖြစ်ပြီး ဒီဇိုင်နာ လူဝီ ဗွီတွန် မှ ၁၈၅၄ ခုနှစ်တွင် တည်ထောင်ခဲ့သော ကုမ္ပဏီဖြစ်သည်။[၁] တန်ဖိုးကြီး လက်ကိုင်အိတ်များနှင့် သားရေပစ္စည်းများမှသည် ရယ်ဒီမိတ် အဝတ်အထည်များ၊ ဖိနပ်များ၊ ရေမွှေးများ၊ နာရီများ၊ လက်ဝတ်ရတနာများ၊ အသုံးအဆောင်ပစ္စည်းများ၊ နေကာမျက်မှန်များနှင့် စာအုပ်များအထိ ထုတ်ကုန်အများစုတွင် LV monogram တံဆိပ်အား မြင်တွေ့ဖူးကြမည်ဖြစ်သည်။ လူဝီ ဗွီတွန်သည် ကမ္ဘာ့ထိပ်တန်း နိုင်ငံတကာ ဖက်ရှင်လုပ်ငန်းများထဲမှ တစ်ခုဖြစ်သည်။ ၎င်း၏ထုတ်ကုန်များကို သီးသန့်ဆိုင်များ၊ အဆင့်မြင့် ထုတ်ကုန်ပစ္စည်း ရောင်းချသည့် ဆိုင်များတွင် ရောင်းချသည့်အပြင် ၎င်း၏ ဝဘ်ဆိုဒ်မှတစ်ဆင့်လည်း ရောင်းချသည်။[၄][၅]
လူဝီ ဗွီတွန်သည် ၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ခြောက်နှစ်ဆက်တိုက် ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဇိမ်ခံပစ္စည်း အမှတ်တံဆိပ်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ ၎င်းအမှတ်တံဆိပ်၏ ၂၀၁၂ ခုနှစ်အတွက် တန်ဖိုးသည် အမေရိကန်ဒေါ်လာ $ ၂၅.၉ ဘီလီယံဖြစ်သည်။[၆] ၂၀၁၃ ခုနှစ်တွင် အမှတ်တံဆိပ်၏တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၈.၄ ဘီလီယံထိ ရောက်ရှိခဲ့ပြီး ဝင်ငွေမှာလည်း အမေရိကန်ဒေါ်လာ $ ၉.၄ ဘီလီယံ ရရှိခဲ့သည်။[၇] ကုမ္ပဏီသည် ကမ္ဘာတစ်ဝန်းရှိ စတိုးဆိုင်ပေါင်း ၄၆၀ ကျော်ဖြင့် နိုင်ငံပေါင်း ၅၀ တွင် လည်ပတ်လျက်ရှိသည်။[၈]
ပြိုင်ဖက် လုပ်ငန်းများ
[ပြင်ဆင်ရန်]သမိုင်းဝင် ပြိုင်ဖက် လုပ်ငန်းများ
[ပြင်ဆင်ရန်]လက်ရှိ ပြိုင်ဖက် လုပ်ငန်းများ
[ပြင်ဆင်ရန်]နိုင်ငံအချို့ရှိ လူဝီ ဗွီတွန် ဆိုင်များ
[ပြင်ဆင်ရန်]-
မန်ဟတ္တန်၊ အမေရိကန်ပြည်ထောင်စု
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ Louis Vuitton Malletier SAS။ louisvuitton.com။ 7 December 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-09-09 တွင် ပြန်စစ်ပြီး။
- ↑ Louis Vuitton on the Forbes World's Most Valuable Brands List။ 7 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 September 2017 တွင် ပြန်စစ်ပြီး။
- ↑ La marque Louis Vuitton, star française dans le monde (2 October 2013)။ 22 July 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 July 2021 တွင် ပြန်စစ်ပြီး။
- ↑ Legal Notice။ Louis Vuitton။ 1 May 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 April 2010 တွင် ပြန်စစ်ပြီး။
- ↑ Contemporary fashion။ Guatemala။ 1995။ p. 750။
- ↑ Roberts၊ Andrew။ "Louis Vuitton Tops Hermes As World's Most Valuable Luxury Brand"၊ Bloomberg L.P.၊ 21 May 2012။ Archived from the original on 28 May 2012။
- ↑ forbes.com Louis Vuitton Archived 7 February 2021 at the Wayback Machine.
- ↑ Globe and Mail Louis Vuitton Archived 29 October 2020 at the Wayback Machine.
- ဇိမ်ခံပစ္စည်း အမှတ်တံဆိပ်များ
- တန်ဖိုးကြီး ဖက်ရှင် အမှတ်တံဆိပ်များ
- ဖက်ရှင် အသုံးအဆောင် အမှတ်တံဆိပ်များ
- ပြင်သစ်နိုင်ငံ၏ ကုမ္ပဏီများ
- အိတ်များ (ဖက်ရှင်)
- ခရီးဆောင်အိတ် အမှတ်တံဆိပ်များ
- ဖိနပ် ကုမ္ပဏီများ
- အဝတ်အစား အမှတ်တံဆိပ်များ
- ခရီးဆောင်အိတ် ထုတ်လုပ်သူများ
- သားရေပစ္စည်း ထုတ်လုပ်သူများ
- လက်ပတ်နာရီ ထုတ်လုပ်ရေး ကုမ္ပဏီများ
- အဝတ်အစား ကုမ္ပဏီများ