မာတိကာသို့ ခုန်သွားရန်

JMdict

ဝီကီပီးဒီးယား မှ
JMdict
စီးပွားရေးအမျိုးအစားNonprofit
ဝဘ်ဆိုဒ် အမျိုးအစား
ဂျပန်ဘာသာစကားအဘိဓာန်
ဖတ်ရှုရရှိနိုင်မှုအင်္ဂလိပ်
ဝဘ်ဆိုဒ်www.edrdg.org
စီးပွားရေးNo
လက်ရှိ အခြေအနေPerpetual work-in-progress

JMdict သည် ကြီးမားသည့် ဂျပန်ဘာသာစကားအဘိဓာန်တစ်ခု ဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တတိုအဲဘ၌ ဂျပန်-အင်္ဂလိပ် ဘာသာပြန်စာကြောင်းပေါင်း ၁၉၁၀၀၀ ရှိပြီး ၎င်းတို့သည် မတူညီသည့် စကားလုံးအပေါင်းအစပ်များ ၂၆၇၀၀၀ ခုကို ဖော်ပြပေးသည်။ [][][]အဘိဓာန်ဖိုင်များသည် (Creative Commons Attribution-ShareAlike[]) ဖြင့် အခမဲ့အသုံးပြုနိုင်သည်။ ဤဝဘ်ဆိုက်ကို ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည်တို့ဖြင့် အသုံးပြုမှုသည် ကျယ်ပြန့်စွာ တိုးတက်လာသည်။ ဤစီမံကိန်းကို ဂျပန်-အင်္ဂလိပ်ဘာသာကိုးကားမှုတစ်ခုအဖြစ် သတ်မှတ်ထားသည်။ ၎င်းကို Unihan ဒေတာဘေ့နှင့် အခြားသော ဂျပန်-အင်္ဂလိပ်စီမံကိန်းများကလည်း အသုံးပြထားသည်။ []

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

JMdict စီမံကိန်းကို ၁၉၉၁ ခုနှစ်တွင် ကွန်ပြူတာဘာသာစကားပညာရှင် ဂျင်ဘရင်းက EDICT (a plain text flat file in EUC-JP encoding) နှင့်အတူ ဖန်တီးခဲ့သည်။ ၎င်းကို နောက်ပိုင်းတွင် UTF-8-encoded XML ဖိုင်တစ်ခုအဖြစ် ပြောင်းလဲကာ ၁၉၉၉ ခုနှစ်တွင် Jmdict ဖြစ်လာခဲ့သည်။ ၎င်းသည် ပြင်သစ်၊ ဂျာမန်၊ ရုရှ အစရှိသဖြင့် အခြားသောဘာသာစကားများထည့်သွင်းမှုကိုလည်း ခွင့်ပြုထားသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. JMdict Entry Count 27 October 2020 တွင် ပြန်စစ်ပြီး။
  2. 1 2 3 "At 180,000 entries, Jim Breen's freeware Japanese dictionary is still growing"၊ The Japan Times၊ 25 June 2018။
  3. Breen၊ Jim။ The EDICT Dictionary File Electronic Dictionary Research and Development Group။ 8 October 2014 တွင် ပြန်စစ်ပြီး။
  4. General Dictionary Licence Statement 5 November 2020 တွင် ပြန်စစ်ပြီး။