မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။
Harley Quinn |
---|
 |
ပထမဆုံး ပါဝင်ခြင်း | လင်းနို့လူသားရဲ့ စွန်းစားခန်းများ အပိုင်း၁၂ (စက်တင်ဘာ၊ ၁၉၉၉) |
---|
ဖန်တီးသူ | Paul Dini
Bruce Timm |
---|
သရုပ်ဆောင်သူ | Margot Robbie |
---|
Harley Quinn သည် DC Comics မှ ထုတ်ဝေသော အမေရိကန် စိတ်ကူးယဉ် ကာတွန်း ဇာတ်ကောင်တစ်ဦး ဖြစ်သည်။ ရူးကြောင်ကြောင် လူဆိုး Joker စရိုက်နှင့် မိန်းကလေး တစ်ဦး ဖြစ်သည်။
Harley Quinn သည် supervillain မဖြစ်မီက Dr. Harleen Frances Quinzel, M.D. အမည်ရှိ စိတ်ပညာဆရာဝန်မလေး ဖြစ်သည်။ Arkham တွင် Joker ဆေးရုံတက်နေစဉ်၌ တွေ့ဆုံကြုံကြိုက်သွားပြီး လူဆိုးမလေး ဖြစ်သွားခဲ့သည်။ Harley သည်လည်း Joker ၏ ချစ်သူအဖြစ်ဖြင့် နာမည်ကြီးကာ လူအများမှ ကြောက်ရွံ့ခြင်း ခံရသည်။
လုပ်ဆောင်နိုင်စွမ်းရည်များ[ပြင်ဆင်ရန်]
Harley ဟာ အဆိပ်ပြီးသူ တစ်ယောက်ဖြစ်သည်။ Harley ကို အဆိပ်ခတ်လို့မရပါ။ အဆိပ်မြှားတွေ အဆိပ်ငွေ့တွေနဲ့ Harley ကို သွားတိုက်ခိုက်၍မရနိုင်ပါ။ ထိုသို့ဖြစ်ရခြင်းမှ Harley အဆိပ်မိပြီး သေမလိုဖြစ်တုန်းက Poison Iyv က သူမကိုကယ်တင်ရင်းရာကနေ Harley ကို ဘယ်အဆိပ်မှ မတိုးတော့ခြင်းဖြစ်သည်။
ပြီးတော့ Harley က Olympic ကျွမ်းဘားကစားသမားတစ်ယောက်ထက် ကျွမ်းဘားတို့ အမြင့်ခုန်တို့ ကျွမ်းကျင်ပါသည်။ အန္တရာယ်များလွန်းတဲ့ အမြင့်တွေကို Harley ကသည် လွယ်လွယ်သာသာ ခုန်တက် ခုန်ချလို့ရသည်။ ထိုစွမ်းရည်များကြောင့် ရန်သူသည် သူမလက်က ပြေးထွက်ဖို့မလွယ်နိုင်ပါ။
Joker ကိုတောင် ကိုင်တွယ်ခဲ့တဲ့ စိတ်ပညာဆရာဝန်မလေးဖြစ်သည်။ သူမနဲ့ စကားပြောတာတွေ ဉာဏ်ပညာယှဉ်တာတွေ လုပ်လာသော ရန်သူများ (လင်းနို့လူသားအပါအဝင်) ဒုက္ခရောက်သွားကြသည်။ Aman Waller (Suicide Squad Team Leader) က တစ်ခါတစ်လေမှာ Harley ကို Genius ဟုတင်စားတတ်သည်။
လက်နက်ကြီး လက်နက်ငယ်တွေကို professional ဆန်ဆန် အသုံးပြုနိုင်သူတစ်ယောက်ဖြစ်သည်။ ဘယ်သူမှ အသုံးမပြုတတ်တဲ့ Batman ရဲ့ လက်နက်တွေကို အသုံးပြုနိုင်သူလဲဖြစ်သည်။
အဆိပ်တွေကိုလဲ ကျွမ်းကျင်စွာ အသုံးပြုနိုင်သည်။ Harley ဟာ ရန်သူနဲ့ ရင်ဆိုင် တိုက်ခိုက်ဖို့အတွက်လဲ လုံလောက်တဲ့ ခွန်အားနဲ့ လျင်မြန်ဖျတ်လတ်မှူတွေ ပိုင်ဆိုင်ထားသော အမျိုးသမီး လူကြမ်းတစ်ဦးဖြစ်သည်။