Joker

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

The Joker သည် DC မှထုတ်ဝေသော ကာတွန်းစာအုပ်များမှ စိတ်ကူးယဉ် လူဆိုးဖြစ်ပြီး Bill Finger, Bob Kane နှင့် Jerry Robinson တို့က ဖန်တီးခဲ့ပြီး လင်းနို့လူသား ကာတွန်းစာအုပ်တွဲ (အေပရယ် ၂၅၊ ၁၉၄၀) မှာစတင်ပါလာခဲ့ပါတယ်။ သူဟာ လူစွမ်းကောင်း လင်းနို့လူသားရဲ့ အဓိက ပြိုင်ဘက်ရန်သူဖြစ်ပါတယ်။

ဂျိုကာမှာ ထူးခြားလူစွမ်းကောင်းတွေလို စွမ်းအင်မျိုးမရှိပါဘူး။ ဒါပေမယ် သူ့ရဲ့ အတွေ့အကြုံတွေအရ သူဟာ ဓာတုပစ္စည်းတွေကို ကောင်းစွာကိုင်တွယ်နိုင်ပြီး အဆိပ်တွေနဲ့ တိုက်ခိုက်ပါတယ်။ ပြီးတော့ သူ့မှာ ထူးခြားတဲ့လက်နက်တွေရှိပါတယ်။ ဓားသွားတွေပါတဲ့ ဖဲချပ်တွေ၊ buzzer၊ အက်ဆစ်ဖြန်းထားတဲ့ ပန်း လိုမျိုးတွေသုံးတတ်ပါတယ်။ ဂျိုကာဟာ တခြားလူဆိုးတွေနဲ့လဲ ပေါင်းပြီး အလုပ်လုပ်တတ်ပါတယ်။ ပင်ကွင်း၊ Two-Face၊ Injustice Gang နှင့် Injustice League က လူဆိုးတွေနဲ့ အပေါင်များပါတယ်။ ၁၉၉၀ လောက်မှတော့ သူ့ရဲ့ စိတ်ကျန်းမာရေးဆရာဝန်မလေး Harley Quinn နဲ့ ချစ်ကြိုက်ခဲ့ပြီး သူ့ရဲ့ လက်တွဲဖော် လုပ်ဖောင်ကိုင်ဖတ်ဖြစ်လာခဲ့ပါတယ်။ ဂျိုကာရဲ့ အဓိက ပြိုင်ဘက်ကတော့ လင်းနို့လူသားဖြစ်ပြီး စူပါမန်း နဲ့ Wonder Woman တို့နဲ့လဲ တိုက်ခိုက်လေ့ရှိပါတယ်။

ဖန်တီးမှူနှင့် တိုးတက်ပြောင်းလဲလာမှူများ[ပြင်ဆင်ရန်]

ခေတ်သစ် ဂျိုကာ[ပြင်ဆင်ရန်]

ဇာတ်ကောင် ထုတ္တပတိ[ပြင်ဆင်ရန်]