မာတိကာသို့ ခုန်သွားရန်

Google Drive

ဝီကီပီးဒီးယား မှ
Google Drive
The web version of Google Drive
ဝဘ်ဆိုဒ် အမျိုးအစား
File hosting service
ပိုင်ဆိုင်သူGoogle
ဝဘ်ဆိုဒ်google.com/drive/
မှတ်ပုံတင်ခြင်းRequired
အသုံးပြုသူ240 million (October 2014)
လွှင့်တင်ခြင်းဧပြီ ၂၄၊ ၂၀၁၂; ၁၃ နှစ် အကြာက (၂၀၁၂-၀၄-24)

Google Drive သည် ဖိုင်သိမ်းဆည်းခြင်းနှင့် ရယူအသုံးပြုခြင်း (synchronization) ဝန်ဆောင်မှုတစ်ခု ဖြစ်သည်။ ဂူဂဲလ်ကုမ္ပဏီမှ ထုတ်လုပ်ထားသည်။ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် စတင်ခဲ့သည်။ Google Drive သည် အသုံးပြုသူများကို ဖိုင်များသိမ်းခြင်း၊ ရယူအသုံးပြုခြင်း၊ မျှဝေခြင်းများ လုပ်ဆောင်နိုင်အောင် ဆောင်ရွက်ပေးထားသည်။ Google Drive သည် ဝင်းဒိုး၊ macOS ကွန်ပျူတာများ၊ အန်းဒရွိုက်၊ iOS ဖုန်းများနှင့် တက်ဘလက်များတွင် အသုံးပြုနိုင်အောင် အသုံးချ ဆော့ဖ်ဝဲကိုလည်း ထုတ်လုပ်ထားသည်။ Google Drive သည် Google Docs, Sheets and Slides, an office suite စသည်တို့ပါဝင်ပြီး documents, spreadsheets, presentations, drawings, forms တို့ကို တည်းဖြတ်ပြင်ဆင်ခြင်းများ ပြုလုပ်နိုင်သည်။ office suite ဖြင့် ဖန်တီးပြင်ဆင်ထားသော ဖိုင်များကို Google Drive တွင် သိမ်းထားနိုင်သည်။

Google Drive အသုံးပြုသူများအား 15 GB ပမာဏကို အခမဲ့ အသုံးပြုခွင့်ပေးထားသည်။ 100 gigabytes, 1 terabyte, 10 terabytes, 20 terabytes နှင့် 30 terabytes တို့ကို အခပေးပုံစံဖြင့် ဝန်ဆောင်မှု ပေးထားသည်။ Google Drive ပေါ်သို့တင်သော ဖိုင်၏အရွယ်အစားပမာဏကို 5 terabytes အထိ အများဆုံး လက်ခံထားသည်။ အသုံးပြုသူသည် ဖိုင်များ မျှဝေအသုံးပြုခြင်း အစရှိသော ကိုယ်ရေးကိုယ်တာနှင့် ဆိုင်သော အပြင်အဆင်များကို ပြောင်းလဲနိုင်သည်။

Google Drive ကို ၂၀၁၂ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် စတင်ခဲ့ပြီး ဝင်းဒိုး၊ macOS, and Android စသည်တို့တွင် ဆော့ဖ်ဝဲကို အသုံးပြု၍လည်းကောင်း၊ ဝဘ်ဆိုက်ကို အသုံးပြု၍သော်လည်းကောင်း အသုံးပြုနိုင်သည်။ iOS အတွက် ဆော့ဖ်ဝဲကို ၂၀၁၂ ခုနှစ်၊ ဇွန်လတွင် ထုတ်ဝေခဲ့သည်။[] []

ကွန်ပျူတာဆော့ဖ်ဝဲများ

[ပြင်ဆင်ရန်]

Google Drive ကို ဝင်းဒိုး Vista နှင့် နောက်ထွက်ဗားရှင်းများ၊ Mac ကွန်ပျူတာများတွင် OS X Lion နှင့် နောက်ထွက်ဗားရှင်းများတွင် အသုံးပြုနိုင်သည်။[]

မိုဘိုင်းဆော့ဖ်ဝဲများ

[ပြင်ဆင်ရန်]

Google Drive မိုဘိုင်းဆော့ဖ်ဝဲကို Android 4.1 "Jelly Bean" နှင့် နောက်ထွက်ဗားရှင်းများတွင် လည်ပတ်သော စမတ်ဖုန်းများ၊ တက်ဘလက်များတွင် အသုံးပြုနိုင်သည်။[] iOS 8 နှင့် နောက်ထွက်ဗားရှင်းများတွင် အသုံးပြုသော iPhones နှင့် iPads တွင် အသုံးပြုနိုင်သည်။[]


ဖိုင်များကို ဖွင့်ကြည့်ခြင်း

[ပြင်ဆင်ရန်]

ဝဘ်ဆိုက်ပေါ်ရှိ Google Drive viewer သည် အောက်ပါဖိုင်ပုံစံများကို ဖွင့်ကြည့်နိုင်အောင် လုပ်ဆောင်ပေးသည်။[]

third-party apps များကို အသုံးပြု၍ အခြားသော ဖိုင်ပုံစံများကိုလည်း ဖွင့်ကြည့်နိုင်သည်။ ၎င်းဆော့ဖ်ဝဲများကို ဂူဂဲလ်ခရုမ်း၏ store တွင် ရရှိနိုင်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. Pichai၊ Sundar (April 24, 2012)။ Introducing Google Drive... yes, really Google January 16, 2017 တွင် ပြန်စစ်ပြီး။
  2. Gallagher၊ Sean (June 29, 2012)။ Hands-on with the Google Drive for iOS app: mostly read only Condé Nast။ March 18, 2017 တွင် ပြန်စစ်ပြီး။
  3. System requirements and browsers Google January 16, 2017 တွင် ပြန်စစ်ပြီး။
  4. System requirements and browsers Google January 16, 2017 တွင် ပြန်စစ်ပြီး။
  5. System requirements and browsers Google January 16, 2017 တွင် ပြန်စစ်ပြီး။
  6. Files you can store in Google Drive Google October 22, 2016 တွင် ပြန်စစ်ပြီး။
  7. Use Google Drive apps Google October 30, 2016 တွင် ပြန်စစ်ပြီး။