အမ်မာ စတုန်း

ဝီကီပီးဒီးယား မှ
(Emma Stone မှ ပြန်ညွှန်းထားသည်)
Emma Stone
Emma Stone
Stone in 2018
မွေးဖွားEmily Jean Stone
(1988-11-06) နိုဝင်ဘာ ၆၊ ၁၉၈၈ (အသက် ၃၅)
Scottsdale, Arizona, U.S.
အလုပ်အကိုင်သရုပ်ဆောင်
တက်ကြွလှုပ်ရှားနှစ်များ၂၀၀၄ မှလက်ရှိအချိန်ထိ
အိမ်ထောင်ဖက်(များ)Dave McCary
သားသမီး

Emily Jean "Emma" Stone [၁][၂] သည် အမေရိကန်မင်းသမီးဖြစ်သည်။ သူမသည် အော်စကာဆုဗြိတိန်ရုပ်ရှင်အကယ်ဒမီဆု နှင့် ရွှေကမ္ဘာလုံးဆု အပါအဝင် ဆုတံဆိပ်များစွာကို လက်ခံရရှိထားသူဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် သူမသည် ကမ္ဘာ့သရုပ်ဆောင်ကြေးအများဆုံးရရှိသောမင်းသမီးအဖြစ် တိုင်းမ် မဂ္ဂဇင်းမှ သတ်မှတ်ခံခဲ့ရပြီး ကမ္ဘာ့ ဩဇာအရှိဆုံးလူ ၁၀၀ စာရင်း တွင်ပါဝင်ခဲ့သည်။

Stone သည် အရီဇိုးနားပြည်နယ်၊ Scottsdale မြို့တွင် မွေးဖွားကြီးပြင်းခဲ့ပြီး ၂၀၀၀ ခုနှစ် The Wind in the Willows ပြဇာတ်တွင် ကလေးသရုပ်ဆောင်အဖြစ်စတင်ခဲ့သည်။ ဆယ်ကျော်သက်အရွယ်တွင် လော့စ်အိန်ဂျလိစ်သို့ ပြောင်းရွှေ့ခဲ့ပြီး သူမ၏ ရုပ်မြင်သံကြားပွဲဦးထွက်အဖြစ် ဇာတ်လမ်းတွဲတခုသာထုတ်လုပ်နိုင်ခဲ့သော ဖြစ်ရပ်မှန်ရုပ်သံရှိုး In Search of the New Partridge Family (၂၀၀၄) တွင်ပါဝင်သရုပ်ဆောင်ခဲ့သည်။ မထင်မရှား ရုပ်သံဇာတ်ရုပ်များအပြီးတွင် သူမသည် Superbad (၂၀၀၇)၊ Zombieland (၂၀၀၉) နှင့် Easy A (၂၀၁၀) ကဲ့သို့သော လူကြိုက်များသည့် ဆယ်ကျော်သက် ဟာသဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ယင်းတို့ထဲမှ နောက်ဆုံးဇာတ်ကား တွင် Stone သည်ပထမဦးဆုံးအဖြစ် အဓိကဇာတ်ဆောင်နေရာမှ သရုပ်ဆောင်ခဲ့ပြီး အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ ရွှေကမ္ဘာလုံးဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့သည်။ ဤအောင်မြင်မှုများပြီးနောက် သူမသည် အချစ်ဟာသရုပ်ရှင် Crazy, Stupid, Love (၂၀၁၁) နှင့် သမိုင်းဝင်ဒရာမာရုပ်ရှင်The Help (၂၀၁၁) တို့တွင် ဇာတ်ပို့နေရာများမှ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၂၀၁၂ တွင်ထွက်ရှိခဲ့သော စူပါဟီးရိုးရုပ်ရှင် The Amazing Spider-Man နှင့် ၂၀၁၄ ထွက် ယင်းရုပ်ရှင်၏အဆက်တို့တွင် Gwen Stacy အဖြစ် ကျယ်ပြန့်စွာအသိအမှတ်ပြုခံခဲ့ရသည်။

၂၀၁၄ ခုနှစ်တွင်၊ Stone သည် ကြေကွဲ ဟာသရုပ်ရှင် Birdman တွင် မူးယစ်ဆေးဖြတ်ထားသူတယောက်အဖြစ် သရုပ်ဆောင်ခဲ့ပြီး အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့အကယ်ဒမီဆု အတွက် လျာထားခံခဲ့ရကာ ဂီတပြဇာတ် Cabaret ကိုပြန်လည်အသက်သွင်းတင်ဆက်ရာတွင်လည်း Sally Bowles ဇာတ်ရုပ်ဖြင့် သူမ၏ Broadway ပွဲဦးထွက်ကိုစတင်ခဲ့သည်။ ၂၀၁၆ တွင်ထွက်ရှိခဲ့သောအချစ်တေးဂီတ La La Land ရုပ်ရှင်တွင် ထူးချွန်စွာ သရုပ်ဆောင်ထားသောကြောင့် သူမသည် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်အကယ်ဒမီဆုကို ရရှိခဲ့သည်။ သမိုင်းဝင် ဟာသ-ဒရာမာ The Favorite (2018) တွင် Abigail Masham ကို ဇာတ်ရုပ်ဖော်ခြင်းအတွက် တတိယမြောက် အကယ်ဒမီဆုလျာထားခံခဲ့ရသည်။ Netflix ၏ ဇာတ်လမ်းတွဲအတို Maniac (2018) တွင် ဦးဆောင်နေရာမှ ပါဝင်ခဲ့ပြီးနောက် သူမသည် ရုပ်ရှင်အဆက်ဖြစ်သော Zombieland: Double Tap (2019) နှင့် မှုခင်းဟာသ Cruella (2021) တို့တွင်သာသရုပ်ဆောင်ကာ သူမ၏အလုပ်တာဝန်ကို လျှော့ချခဲ့သည်။ Stone သည် လူရွှင်တော် နှင့် စာရေးဆရာ Dave McCary နှင့် လက်ထပ်ထားပြီး သမီးတစ်ယောက် ရှိသည်။

အကိုးအကားများ[ပြင်ဆင်ရန်]

  1. "Printing – Emma Stone – Interview Magazine"Interview။ August 16, 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး August 21, 2016 တွင် ပြန်စစ်ပြီး
  2. "Emma Stone reveals the hilariously bad reason she stopped using her real name"။