ဘရော့ဒ်ဝေး ဇာတ်ရုံ
Jump to navigation
Jump to search
ဘရော့ဒ်ဝေး ဇာတ်ရုံ (Broadway Theatre) သည် အမေရိကန် နယူးယောက်မြို့ ဘရော့ဒ်ဝေးလမ်းတလျှောက် ဇာတ်ရုံရပ်ကွက်နှင့် လင်ကွန်းစင်တာရှိ ဇာတ်ရုံများဖြစ်သည်။ ယင်းပြဇာတ်ရုံများအနက် ၄၀ မှာ ပရိသတ် ၅၀၀ ကျော် ဝင်ဆံ့သည့် ဇာတ်ရုံများဖြစ်သည်။ လန်ဒန်မြို့ အနောက်ဖျားဇာတ်ရုံ (West End) နှင့်အတူ ဘရော့ဒ်ဝေး ဇာတ်ရုံသည် အင်္ဂလိပ်စကားပြောသည့် အသိုင်းအဝိုင်းအတွင်း အဆင့်အမြင့်ဆုံး ဇာတ်ရုံများအဖြစ် အများက အသိအမှတ်ပြုထားသည်။ ဘရော့ဒ်ဝေး ဇာတ်ရုံရပ်ကွက်သည် နယူးယောက်မြို့၏ ကမ္ဘာကျော် လည်ပတ်စရာ နေရာတစ်ခုဖြစ်သည်။