Anki

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။
Anki
Anki 2.1.6
ဆော့ဖ်ဝဲလ်ရေးသူ(များ)Damien Elmes
ပထမဆုံး ဖြန့်ချိခြင်း၅ အောက်တိုဘာ ၂၀၀၆; ၁၇ နှစ် အကြာက (၂၀၀၆-၁၀-05)
တည်ငြိမ်သောထုတ်ပြန်မှု
2.1.47 / ၂၉ ဩဂုတ် ၂၀၂၁; ၂ နှစ် အကြာက (၂၀၂၁-၀၈-29)[၁]
ရီပိုစစ်တရီgithub.com/ankitects/anki
ပရိုဂရမ်းမင်း
ဘာသာစကား
Python, Rust
ကွန်ပျူတာ
စက်လည်ပတ်ရေး စနစ်
Windows, macOS, Linux, FreeBSD; Android and iOS (special versions)
ဆိုဒ်
  • Windows: 107 MB
  • macOS: 140 MB
  • Linux: 134 MB
  • Android: 14.7 MB
  • iOS: 33.8 MB
ရရှိနိုင်သော ဘာသာစကား48 (desktop)/14 (AnkiMobile) languages
ဆော့ဖ်ဝဲလ် အမျိုးအစားFlashcard spaced repetition
လိုင်စင်
ဝက်ဘ်ဆိုဒ်https://apps.ankiweb.net/

Anki သည် spaced repetition စနစ်ကို အသုံးပြုထားသည့် free and open-source flashcard program တစ်ခု ဖြစ်သည်။ ၎င်းစနစ်သည် မှတ်ဉာဏ်တွင် တာရှည်စွာမှတ်မိစေရန် အသုံးပြုသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ "Anki" (暗記) ဆိုသည်မှာ "မှတ်သားခြင်း" ဟု အဓိပ္ပာယ်ရှိသည့် ဂျပန်စကားလုံးဖြစ်သည်။[၄] "Anki" (暗記) is the Japanese word for "memorization".[၅]

၁၉၈၀ ခုနှစ်များနောက်ပိုင်းတွင် SuperMemo အတွက် ဖန်တီးခဲ့သည့် SM-2 algorithm တွင် ပါရှိသည့် spaced repetition နည်းလမ်းများကို ဤဆော့ဝဲတွင် ထည့်သွင်းထားသည်။ Anki ဆော့ဝဲတွင် အသုံးပြုသူများသည် အရေးပါမှုအလိုက် ပြန်လည်ကာ flashcards များကို စီစဉ်နိုင်အောင် ပြုလုပ်ပေးထားသည်။[၆]

ကတ်များတွင် HTML ကို အသုံးပြုကာ စာသားများ၊ ရုပ်ပုံများ၊ အသံများနှင့် ဗီဒီယိုများ[၇]နှင့် LaTeX ညီမျှခြင်းများ ပါဝင်သည်။ ကတ်များ၏ decks များကို အသုံးပြုသူများ၏ အချက်အလက်များနှင့်အတူ open SQLite ပုံစံဖြင့် သိမ်းဆည်းထားသည်။

အသွင်အပြင်များ[ပြင်ဆင်ရန်]

မှတ်စုများ[ပြင်ဆင်ရန်]

Card များကို မှတ်စုများ၊ အချက်အလက်များမှတ်သားရန်အတွက် အသုံးပြုကြသည်။ မှတ်စုများကို ဒေတာဘေ့များအတွင်းသို့ သိမ်းဆည်းသည်။ ၎င်းမှတ်စုများကို ထည့်သွင်းရန်အတွက် နေရာများစွာ ဤဆော့ဝဲတွင် ထားရှိပေးထားသည်။ ဥပမာအားဖြင့် ဘာသာစကားတစ်ခုလေ့လာမှုအတွက် မှတ်စုတစ်ခုတွင် မှတ်စုတစ်ခုအတွက် အောက်ပါနေရာများ ပါဝင်ရန် လိုအပ်ပေသည်။

  • နေရာ (၁) လေ့လာမည့်ဘာသာစကား ဖော်ပြချက် -  "gâteau"
  • နေရာ (၂) အသံထွက် (စာသားနှင့် အသံဖိုင်များပါဝင်)
  • နေရာ (၃) မိမိနားလည်သည့်ဘာသာစကားဖြင့် အဓိပ္ပာယ်ဖော်ပြချက်

ထိုကဲ့သို့သော ပုံစံရှိသည့် ပရိုဂရမ်အချို့ကို သုံးဖက်ပါဖလက်ကတ်များ ( three-sided flashcard) ဟု ခေါ်ကြသည်။ Anki တွင် ကတ်အမျိုးမျိုးတို့တွင် နေရာများစွာတို့ကို ခွင့်ပြုပေးထားသည်။

အသုံးပြုသူသည် ကတ်များတွင် ပါဝင်မည့် အချက်အလက်များကို စစ်ဆေးရန် ဒီဇိုင်းပြုလုပ်နိုင်သည်။ ကတ်တစ်ခုတွင် မေးခွန်း (ဖော်ပြချက်) နှင့် အဖြေ (အသံထွက်၊ အဓိပ္ပာယ်) စသည့်တို့ ပါဝင်ရမည် ဖြစ်သည်။

အချက်အလက်တူညီသည့် ကတ်များကို ချိတ်ဆက်ခွဲခြားထားနိုင်ရန် ကတ်များအားလုံးတို့တွင် အချိန်တစ်ခုတည်းတွင် တစ်ပြိုင်နက်တည်း စာလုံးပေါင်းသတ်ပုံအမှားကိုလည်း ပြင်ဆင်နိုင်သည်။ Anki သည် အချိန်ခဏလေးအတွင်း၌ ဆက်စပ်နေသည့် ကတ်များကို ပြသခြင်း မရှိအောင် လုပ်ဆောင်ထားသည်။

အထူးမှတ်စုအမျိုးအစားများကို ပြုလုပ်နိုင်သည့် cloze deletion cards (in Anki 1.2.x) ပြုလုပ်နိုင်ရန်လည်း ခွင့်ပြုပေးထားသည်။

Syncing[ပြင်ဆင်ရန်]

Anki သည် အခမဲ့အနေဖြင့် synchronization လုပ်ဆောင်ချက်ကို ထောက်ပံ့ပေးထားသည်။ ၎င်းအွန်လိုင်းဆာဗာကို AnkiWeb ဟု ခေါ်သည်။[၈] ဤလုပ်ဆောင်ချက်သည် အသုံးပြုသူများ မတူညီသည့် ကိရိယာများဖြစ်ကြသည့် ကွန်ပျူတာ၊ အွန်လိုင်းနှင့် ဆဲလ်ဖုန်းများမှတဆင့် Deck များကို ရယူအသုံးပြုနိုင်မည် ဖြစ်သည်။

၎င်းတွင် third-party open-source (AGPLv3) AnkiServer ပါဝင်သည်။ ၎င်းဆော့ဝဲသည် အသုံးပြုသူများအား ကိုယ်ပိုင်ကွန်ပျူတာ သို့မဟုတ် ဆာဗာများတွင် အလုပ်လုပ်ဆောင်နိုင်အောင် လုပ်ဆောင်ပေးသည်။ သို့သော်လည်း ဤလုပ်ဆောင်ချက်သည် မကြာသေးမီက ထွက်ရှိထားသည့် Anki ဗားရှင်းများနှင့် လိုက်လျောညီထွေလုပ်ဆောင်နိုင်စွမ်း မရှိသေးပေ။ ထို့အပြင် ၎င်းတွင် Anki collections များကို တွက်ချက်သည့် RESTful API ကိုလည်း ထောက်ပံ့ပေးထားသည်။[၉]

ဂျပန်စာနှင့် တရုတ်စာ ဖတ်နိုင်စွမ်း[ပြင်ဆင်ရန်]

Anki သည် တရုတ်စာနှင့် ဂျပန်စာကို အလိုအလျောက် ဖြည့်သွင်းကာ ဖတ်နိုင်သည်။ ဗားရှင်း 0.9.9.8.2 ထွက်ရှိကတည်းက ဤလုပ်ဆောင်ချက်သည် သီးခြား plug-ins များတွင် ပါဝင်လာခဲ့သည်။

Add-ons[ပြင်ဆင်ရန်]

Anki တွင် Add-ons ပေါင်း ၇၅၀ ကျော် ပါဝင်သည်။[၁၀] ၎င်းတို့ကို များသောအားဖြင့် third-party developers များက ရေးသားထားကြသည်။[၁၁] ၎င်းတို့သည် speech synthesis, enhanced user statistics, image occlusion, incremental reading, ပိုမိုကောင်းမွန်သည့် တည်းဖြတ်ခြင်းနှင့် cards များ ဖန်တီးခြင်း စသည်တို့ကို ထောက်ပံ့ထားကြသည်။[၁၂]

Shared decks[ပြင်ဆင်ရန်]

Anki တွင် အသုံးပြုသူများ၏ အားထုတ်မှုဖြင့် ဖန်တီးထာသည့် များပြားကြီးမား၍ လက်ရှိအသုံးဝင်သည့် ဒေတာဘေ့များ ပါဝင်သည့် shared decks များကို အခြားသောအသုံးပြုသူများသည် ဒေါင်းလုပ်ပြုလုပ်ရယူကာ အသုံးပြုနိုင်သည်။ ၎င်း shared deck ဘာသာစကားဆိုင်ရာများအပြင် ပထဝီဝင်၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဓာတုဗေဒနှင့် အခြားသော အရာများ ပါဝင်ကြသည်။ အမျိုးမျိုးသော ဆေးဘက်သိပ္ပံဆိုင်ရာ deck များကို အသုံးပြုသူများသည် ပူးပေါင်းဖန်တီးထားကြပြီး ၎င်းတို့ကိုလည်း ရယူအသုံးပြုနိုင်သည်။[၁၃]

နှိုင်းယှဉ်ချက်များ[ပြင်ဆင်ရန်]

မိုဘိုင်းဗားရှင်းများ[ပြင်ဆင်ရန်]

အောက်ဖော်ပြပါ Anki ဆော့ဝဲများကို စမတ်ဖုန်း, တက်ဘလက်နှင့် ဝဘ်များတွင် စားပွဲတင်ကွန်ပျူတာဗားရှင်းကဲ့သို့ပင် အသုံးပြုနိုင်သည်။[၁၄][၁၅][၁၆]

  • AnkiMobile- [၁၇]for iPhone, iPod touch or iPad (paid)
  • AnkiWeb- [၁၈](online server, free to use; includes add-on and deck hosting)
  • AnkiDroid- [၁၉]for Android (free of charge, under GPLv3; by Nicolas Raoul)

flashcard များနှင့် လေ့လာနေ့သည့် ဖြစ်စဉ်မှတ်တမ်းများအား AnkiWeb ကို အသုံးပြုကာ Sync လုပ်ခြင်းများ ပြုလုပ်နိုင်သည်။ ထို့အပြင် Ankidroid တွင် flashcard များ ပြုလုပ်ရာတွင် ဘာသာစကားများစွာအတွက် စာသားမှအသံသို့ပြောင်းပေးသည့် text-to-speech (TTS) လုပ်ဆောင်ချက်ကိုပါ ထည့်သွင်းအသုံးပြုနိုင်သည်။ Android TTS engine (e.g. Android version Ice Cream Sandwich တွင် ရုရှဘာသာစကားမပါရှိခြင်း) ကဲ့သို့သော အင်ဂျင်များတွင် ဘာသာစကားများ မပါဝင်များ ရှိပါက အခြားသော မတူညီသည့် TTS အင်ဂျင်တစ်ခုဖြစ်သည့် SVOX TTS Classic ကဲ့သို့သော အင်ဂျင်များကို အသုံးပြုနိုင်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

Damien Elmes သည် Anki ၏ ထုတ်လုပ်သူ ဖြစ်သည်ဟု အစောဆုံး ဖော်ပြထားကြသည်။ ၎င်းကို ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ဖော်ပြထားသည်။ ၎င်းနေ့စွဲကိုလည်း Anki ၏ မွေးနေ့အဖြစ် သတ်မှတ်ထားသည်။[၂၀]

ဗားရှင်း 2.0 ကို ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင် ထုတ်ဝေခဲ့သည်။

ဗားရှင်း 2.1 ကို ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့တွင် ထုတ်ဝေခဲ့သည်။

အသုံးချမှု[ပြင်ဆင်ရန်]

Anki ကို မူလအသုံးပြုကြသည်မှာ ဘာသာစကားလေ့လာခြင်းတွင် ဖြစ်သည်။ ၎င်းကိုပင် အခြားသော နယ်ပယ်များတွင် အသုံးပြုသည်လည်း ရှိသည်။ သိပ္ပံပညာရှင် Michael Nielsen က လျှင်မြန်စွာရွေ့လျားခြင်းဆိုင်ရာနယ်ပယ်ရှိ ရှုပ်ထွေးသည့်အကြောင်းအရာများကို မှတ်မိစေရန် အသုံးပြုကြသည်။ နောက်ထပ် အသုံးပြုကြည်များမှာ မှတ်သားထိုက်သည့် အဆိုအမိန့်များ၊ စီးပွားရေးလုပ်ဖော်ကိုင်ဖက်များ၏ မျက်နှာများ၊ စီးပွားရေးလုပ်ငန်းဆောင်တာအင်တာဗျူးများကို မှတ်မိကြစေရန် အသုံးပြုကြသည်လည်း ရှိသည်။[၂၁]

၂၀၁၀ ခုနှစ်တွင် Roger Craig သည် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ quiz show Jeopardy တွင် ဆုရရှိခဲ့သည်။[၂၂] ၎င်းသည် များပြားသည့် အချက်အလက်များကို မှတ်မိစေရန် Anki ကို အသုံးပြုခဲ့သည်။[၂၃]

ဆေးဘက်ဆိုင်ရာပညာရေး[ပြင်ဆင်ရန်]

Anki သည် အမေရိကန်နိုင်ငံရှိ ဆေးပညာကျောင်းသားများစွာအကြားတွင် အရေးပါသည့် ရင်းမြစ်တစ်ခုအဖြစ် လျှင်မြန်စွာ ဖြစ်လာလျက်ရှိသည်။ ၂၀၁၅ ခုနှစ်တွင် ဝါရှင်တန်တက္ကသိုလ် ဆေးဘက်ဆိုင်ရာကျောင်းတွင် ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ခုတွင် ကျောင်းသား ၃၁ ရာခိုင်နှုန်းက Anki ဆော့ဝဲကို ဆေးဘက်ဆိုင်ပညာရေးလေ့လာမှုရင်းမြစ်တစ်ခုအနေဖြင့် အသုံးပြုလျက်ရှိသည်ဟု တွေ့ရှိခဲ့သည်။ [၂၄]ထို့ကဲ့သို့ တူညီသည့် လေ့လာမှုတစ်ခုတွင် မတူညီသည့် Anki card များနှင့် USMLE Step 1 score အကြားတွင် အပြုသဘောဆောင်သည့် ဆက်စပ်မှုရှိသည့်ကို တွေ့ရသည်။ Boards နှင့် Beyond ကဲ့သို့သော အခြားသော third-party ရင်းမြစ်များသည် Anki deck များအပေါ်တွင် အခြေခံကာပါဝင်ကြသည်။[၂၅][၂၆]

Palm OS အတွက် ထုတ်လုပ်ထားသည့် Copera Inc.'s Anki[ပြင်ဆင်ရန်]

Palm OS အတွက် ထုတ်လုပ်ထားသည့် Anki နှင့် ဆက်စပ်မှုမရှိသည့် Anki for Palm OS ကို Copera, Inc. က ဖန်တီးခဲ့သည်။[၂၇] ၎င်း Copera, Inc. ကို ယခင်က Cooperative Computers, Inc. ဟု သိကြသည်။ ၎င်းဆော့ဝဲကို ၂၀၀၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် PalmSource အစည်းအဝေးပွဲတွင် ထုတ်ဝေခဲ့သည်။ Anki for Palm OS ကို ၂၀၀၂ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ စီးပွားဖြစ်ထုတ်ကုန်အဖြစ် ရောင်းချခဲ့သည်။ ၂၀၀၇ ခုနှစ် နောက်ပိုင်းတွင် ၎င်း Anki for Palm OS ကို အခမဲ့ဆော့ဝဲ (freeware) အနေဖြင့် ထုတ်ဝေခဲ့သည်။

ပိုမိုဖတ်ရှုရန်[ပြင်ဆင်ရန်]

  • Konrad M Lawson (28 April 2008)။ Anki ReviewFool’s Flashcard Review။ 4 April 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 March 2009 တွင် ပြန်စစ်ပြီး။ (part 2)
  • Kevin Purdy (12 January 2009)။ Anki Teaches Text, Audio, or Images Through RepetitionLifehacker: Featured Download။ 2 April 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 March 2009 တွင် ပြန်စစ်ပြီး။
  • Kristian Peltonen (24 September 2009)။ New computer software makes studying easier by carefully timing reviewsArticle on Anki & Smart.fm for the Canadian Press[လင့်ခ်သေ]
  • Review of Mnemosyne vs. Anki vs. SuperMemoNihongo Pera Pera (Fluent Japanese) (1 June 2008)။ 7 September 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 September 2008 တွင် ပြန်စစ်ပြီး။
  • Glowing Face Man (22 February 2009)။ Anki vs. Mnemosyne။ 26 February 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 March 2009 တွင် ပြန်စစ်ပြီး။
  • David Harding (2009)။ Mnemosyne and AnkiUbuntu User magazine article
  • Baker၊ Stephen (2011)။ Final Jeopardy: Man vs. Machine and the Quest to Know Everything။ Houghton Mifflin Harcourt။ p. 214ISBN 978-0-547-48316-0

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Changes။ 4 September 2021 တွင် ပြန်စစ်ပြီး။
  2. LICENSE။ Damien Elmes (1 June 2020)။
  3. COPYING။ 1 June 2020 တွင် ပြန်စစ်ပြီး။
  4. "The right time to learn: mechanisms and optimization of spaced learning" (25 January 2016). Nature Reviews Neuroscience 17 (2): 77–88. doi:10.1038/nrn.2015.18. PMID 26806627. Bibcode2016arXiv160608370S. 
  5. wikt:暗記
  6. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named AnkiAlgoFAQ
  7. Played in a separate MPlayer window.
  8. Anki – friendly, intelligent flashcardsankiweb.net
  9. dsnopek/anki-sync-serverGitHub (24 July 2019)။
  10. Add-ons for Anki 2.1ankiweb.net
  11. Writing Anki Add-onsaddon-docs.ankiweb.net
  12. AnkiEmperor – Gamification for Anki။ 26 March 2020 တွင် ပြန်စစ်ပြီး။
  13. Anki Manual (in en)။ 26 August 2018 တွင် ပြန်စစ်ပြီး။
  14. Anki - powerful, intelligent flashcardsankisrs.net (29 October 2017)။ “AnkiMobile is a paid companion to the free computer program,”
  15. Anki-Android Wiki: FAQ: Do I need Anki Desktop too? (29 October 2017)။ “AnkiDroid is designed primarily as a tool for reviewing cards created with Anki Desktop, rather than as a complete replacement for it.”
  16. About - AnkiWeb (29 October 2017)။ “AnkiWeb is intended to be used in conjunction with the computer version of Anki. While it is possible to create basic text-only cards and review them using only AnkiWeb,”
  17. Anki - powerful, intelligent flashcardsankisrs.net
  18. Anki - friendly, intelligent flashcardsankiweb.net
  19. Anki on Androidgithub.com (26 July 2019)။
  20. Happy birthday, Anki!, a thread started by Damien Elmes in the ankisrs Google Group on 5 October 2011.
  21. Coren၊ Michael J.။ The latest brain hack to get ahead in Silicon Valley: flashcards (in en)။ 29 September 2019 တွင် ပြန်စစ်ပြီး။
  22. Itzkoff၊ Dave။ "Record Set On 'Jeopardy!'"၊ 15 September 2010။ 
  23. Baker၊ Stephen (2011)။ "How to Play the Game"Final Jeopardy: Man vs. Machine and the Quest to Know EverythingHoughton Mifflin Harcourt။ p. 214ISBN 978-0-547-48316-0LCCN 2010051653OCLC 651912283OL 25136706M25 April 2015 တွင် ပြန်စစ်ပြီး
  24. "Student-directed retrieval practice is a predictor of medical licensing examination performance" (in en) (1 December 2015). Perspectives on Medical Education 4 (6): 308–313. doi:10.1007/s40037-015-0220-x. ISSN 2212-277X. PMID 26498443. 
  25. r/medicalschoolanki - LIGHTYEAR: A Boards and Beyond based STEP 1 Anki deck (~22.5k cards) (in en-US)။ 26 March 2020 တွင် ပြန်စစ်ပြီး။
  26. Ryan၊ Jason။ Boards and Beyond။ 25 March 2020 တွင် ပြန်စစ်ပြီး။
  27. About Anki for Palm OSMirror of old anki.com website။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 October 2021 တွင် ပြန်စစ်ပြီး။