AH - 64 Apache
ပုံပန်းသွင်ပြင်
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။
AH-64 အပါချီ ရဟတ်ယာဉ်သည် ပန်ကာဒလက် အချပ် ၄ခု၊ အင်ဂျင် ၂လုံး ပါဝင်သော တိုက်ခိုက်ရေး ရဟတ်ယာဉ် ဖြစ်သည်။ ရာသီမရွေး ၊ နေ့ညမရွေး တိုက်ပွဲဝင်နိုင်သည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ဖြစ်ကြသည်။ ပုံသေတပ်ထားသည့် အဓိက လက်နက်မှာ ရဟတ်ယာဉ်၏ ထိပ်ပိုင်းတွင် တပ်ဆင်ထားသည့် ၃၀ မီလီမီတာ M230 Chain Gun ဖြစ်သည်။ မြေပြင် - ဝေဟင် ပစ်ခတ်နိုင်သည့် AGM-114 Hellfire နှင့် Hydra 70 ဒုံးကျည်များ တပ်ဆင်နိုင်ရန်အတွက် နေရာ (၄) ခုရှိသည်။
အသုံးပြုလျက်ရှိသော နိုင်ငံများ
[ပြင်ဆင်ရန်]- အီဂျစ်
- ဂရိ
- အစ္စရေး
- ဂျပန်
- ကူဝိတ်
- နယ်သာလန်
- စင်ကာပူ
- အာရပ်စော်ဘွားများပြည်ထောင်စု
- အမေရိကန်
- ယူနိုက်တက်ကင်းဒမ်း
အခြေခံ အချက်အလက်များ
[ပြင်ဆင်ရန်]- လေသူရဲ = ၂ ဦး
- ရဟတ်ယာဉ် အလျား = ၁၇.၇၃ မီတာ
- ရဟတ်ယာဉ် အမြင့် = ၃.၈၇ မီတာ
- အင်ဂျင် = General Electric T700-GE-701 အင်ဂျင် (၂) လုံး
- အမြန်ဆုံး ပျံသန်းနှုန်း = တစ်နာရီလျှင် ၂၉၃ ကီလိုမီတာ
- လက်နက်
- ၃၀ မီလီမီတာ M230 စက်အမြောက် (၁) လက် (ကျည် ၁၂၀၀)
- Hydra 70 FFAR ဒုံးကျည်များ
- AGM-114 Hellfire ၊ AIM-92 Stinger နှင့် AIM-9 Sidewinder ဒုံးကျည်များ
ဝီကီမီဒီယာ ကွန်မွန်းစ်တွင် AH-64 Apache
နှင့် ပတ်သက်သော မီဒီယာ ရှိသည်။