အာဖရိကသမဂ္ဂ

ဝီကီပီးဒီးယား မှ
၂၂:၅၃၊ ၂၉ ဒီဇင်ဘာ ၂၀၂၀ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.7) တည်းဖြတ်သည့်မူ
မော်ရိုကိုနိုင်ငံမှ လွဲ၍ အခြားအာဖရိကနိုင်ငံများ အားလုံးသည် အာဖရိကသမဂ္ဂတွင် ပါဝင်သည်။

အာဖရိကသမဂ္ဂ သည် နိုင်ငံတကာ အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၅၃ နိုင်ငံပါဝင်သည်။ ဒါဘန် တွင် ၂၀၀၂ ဇူလိုင် က ဖွဲ့စည်းခဲ့ပြီး အာဖရိက ညီညွတ်ရေး အဖွဲ့ နှင့် အာဖရိက စီးပွားရေး ပူပေါင်းဆောင်ရွက်မှု အဖွဲ့တို့ကို အစားထိုး ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။

အာဖရိကသမဂ္ဂ သည် ငွေကြေးတစ်မျိုးတည်းသာ သုံးစွဲရန် ၊ ပေါင်းစည်းထားသော ကာကွယ်ရေးတပ်ဖွဲ့ တစ်ခု ထားရှိရန် နှင့် အဖွဲ့ဝင် နိုင်ငံ့ ခေါင်းဆောင်များ ကက်ဘိနက် တစ်ခုဖွဲ့စည်းရန် ရည်မှန်းထားသည်။ အဖွဲ့၏ ရည်မှန်းချက်မှာ အာဖရိကတိုက်၏ ဒီမိုကရေစီလူ့အခွင့်အရေး နှင့် တည်ငြိမ်သော စီးပွားရေး၊ အထူးသဖြင့် အဖွဲ့ဝင် အချင်းချင်းအကြား ပဋိပက္ခ ပပျောက်စေရေး၊ ဘုံဈေးကွက်၏ အကျိုးခံစားစေရေး တို့ဖြစ်သည်။

အခြားကြည့်ရန်

ပြင်ပလင့်ခ်များ