ဘဲ

ဝီကီပီးဒီးယား မှ

ဘဲ
Bufflehead
မျိုးရိုးခွဲခြားခြင်း
လောက:
တိရစ္ဆာန်
မျိုးပေါင်းစု:
မျိုးပေါင်း:
ငှက်
မျိုးစဉ်:
အန်စာရီ‌ဖောမီး
မျိုးရင်း:
အနာတီဒီ

မြန်မာနိုင်ငံတွင် ဝမ်းဘဲနှင့်ငန်းအမျိုးပေါင်း ၃၄ မျိုးရှိသည်ဟု သိရသော်လည်း ၆ မျိုးသာလျှင် ဌာနေငှက်များဖြစ်ကြသည်။ ကျန်အမျိုးများမှာ ဆောင်းရာသီဧည့်သည်ငှက်များ ဖြစ်ကြ၍ စက်တင်ဘာလ၊ သို့မဟုတ် အောက်တိုဘာလလောက်တွင် ရောက်လာပြီးလျှင် မတ်လတွင် တိဗက်ကုန်းပြင်မြင့်သို့ဖြစ်စေ၊ သို့မဟုတ် ထို့ထက် မြောက်ဘက်ကျသော ဒေသများသို့ဖြစ်စေ တစ်ဖန် ပြန်သွားကြသည်။ ရေပျော်ငှက်များဖြစ်၍ ခြေချောင်းများတွင် ရေယက်ရှိသည်။ နှုတ်သီးပြားသည်။ အဖိုများမှာ အရောင်စုံ၍ တောက်ပြီး အမများမှာ ခပ်မှိုင်းမှိုင်းအရောင်ရှိသည်။ အမွှေးချချိန်တွင် အဖိုနှင့်အမမှာ ဆင်တူသည်။ ရေနေသတ္တဝါငယ်များနှင့် ရေတွင်ပေါက်သော အပင်များကို စားသောက်ကြသော်လည်း အချို့ကမူ ကွင်းပြင်များတွင် ကျက်စား၍ ကောက်နှံများကို စားသည်။ အများစုမှာ ပြောင်းရွှေ့နေထိုင်ကြပြီး ခရီးဝေးပျံနိုင်သည်။ လည်တိုင်ကို ဆန့်လျက် လျင်မြန်စွာ ရှေ့သို့ဦးတည်၍ ပျံသည်။ အများစုမှာ ရေစပ်အနီး ချုံတောများတွင် အသိုက်ဆောက်ကြသော်လည်း အနည်းငယ်ကမူ သစ်ခေါက်များ၌ ~ ဆောက်သည်။ အုပ်လိုက်သင်းလိုက် နေကြသည်။ [၁]


မာလဒ် (Mallard) ဘဲထီးနှင့်ဘဲမ

ကိုးကား

  1. မြန်မာနိုင်ငံငှက်များ