ဗာရာဏသီမြို့

ဝီကီပီးဒီးယား မှ
၀၃:၀၁၊ ၂၀ နိုဝင်ဘာ ၂၀၂၀ နေ့က Ninjastrikers (ဆွေးနွေး | ပံ့ပိုး) (Reverted good faith edits by Paipaing7: စာမျက်နှာဘယ်ဖက်အခြမ်းမှာ အင်္ဂလိပ်အပါအဝင် အခြားဘာသာစကားလင့်ခ်တွေ ရှိပြီးသား ဖြစ်ပါတယ်။ (TwinkleGlobal)) တည်းဖြတ်သည့်မူ
ဂင်္ဂါမြစ်ကမ်းဘေးရှိ ဗာရာဏသီမြို့

ဗာရာဏသီမြို့သည် ကာသီတိုင်း၏ မင်းနေပြည်မြို့ ဖြစ်လေသည်။ ဗုဒ္ဓခေတ်မတိုင်မီ ကာလက ရံခါရံခါအားဖြင့် -

  • သုရုဒ္ဓန,
  • သုဒဿန,
  • ဗြဟ္မဝဒ္ဓန,
  • ပုပ္ဖဝတီ,
  • မောလိနီ နှင့်
  • ရမ္မနဂရ ဟူသော ဤအမည်များ ဖြစ်ခဲ့ဘူးလေသည်။ ယင်းမြို့၏အကျယ်အဝန်းမှာ ၁၂-ယူဇနာ ရှိခဲ့သည်။ ဗာရာဏသီမြို့သည် ဂင်္ဂါမြစ်ဘေးတွင် တည်ရှိသည်။ ဗာရာဏသီမြို့အနီး ဣသိပတန မိဂဒါယ (ခေါ်) ဆာရနာထ်၌ ဗုဒ္ဓဘုရားရှင်သည် တရားစကြာလည်စေ၍ ယင်းဌာန၏ အလေးပြုထိုက်သော၊ မြင့်မြတ်သောအဖြစ်ကို လွန်စွာပေးခဲ့သည်။ (ဝါ) လွန်စွာတိုးပွါးစေခဲ့သည်။ ဣသိပတန မိဂဒါယသည် ဗုဒ္ဓဓမ္မ၏ ပြန့်ပွါးရာ တစ်ခုသော မြတ်သောဆိပ်ကမ်း ဖြစ်ပေသည်။

ဗာရာဏသီမြို့သည် လက်မှုပညာသိပ္ပံအတတ်၊ အသက်မွေးမှု၊ ကုန်ရောင်းကုန်ဝယ်အတတ်၊ နှုတ်မှုပညာ၊ ဝိဇ္ဇာအတတ် စသည်၏လွန်စွာကြီးကျယ်သော ဗဟိုဌာနကြီးဖြစ်ခဲ့သည်။ ထိုမြို့မှ ရောင်းဝယ်ဖေါက်ကားသူတို့၏ဆက်သွယ်မှုသည် သာဝတ္ထိ၊ တက္ခသီလာ၊ ရာဇဂဟ စသောမြို့ကြီးများနှင့် ဖြစ်ခဲ့သည်။ ကာသီတိုင်းထွက် ကျန်ဒန်း(ခေါ်) စန္ဒကူး၊ ထို့ပြင် ကာသိတိုင်းဖြစ် ရောင်စုံအဝတ်၊ ပိုးထည်၊ ချည်ထည်များသည် လွန်စွာထင်ပေါ် ကျော်ကြားခဲ့ကုန်သည်။[၁]

ကိုးကား

  1. ဘဒ္ဒန္တဇောတိကာဘိဝံသ ပါဠိပါရဂူ၊ သိရီပဝရဓမ္မာစရိယ၊ သကျသီဟဓမ္မာစရိယ (သက္ကတ, ပါကတ, ပါဠိ, ဟိန္ဒီ, အင်္ဂလိပ် ၅-ဘာသာ) ဘာသန္တရကောဝိဒ၊ ဇောတိကာရုံစာချကျောင်း၊ တောင်ထီးလင်းတိုက်၊ မန္တလေးမြို့။ (ဗုဒ္ဓခေတ် ဘာရတနိုင်ငံ ပထဝီဝင် လေ့လာချက် စာအုပ်)