စစ်ရေယာဉ် ကျန်စစ်သား

ဝီကီပီးဒီးယား မှ

စစ်ရေယာဉ်ကျန်စစ်သားသည် တပ်မတော် (ရေ)၏ ပထမဦးဆုံးရေဒါပုံရိပ် (RCS) ကိုလျော့ချပေးသည့် Stealth နည်းပညာဖြင့်တည်ဆောက်ထားသော ကိုယ်ပျောက်ဖရီးဂိတ်စစ်ရေယာဉ်ဖြစ်သည်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင်ရေချခဲ့ပြီး ၂၀၁၄ မတ်လ ၃၁ ရက်နေ့တွင်တပ်တော်ဝင်ခဲ့သည်။ ယခင်ကိုယ်ထည်အမှတ်မှာ F12 ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် 12 ဟူ၍ပြောင်းလဲခဲ့သည်။