မာတိကာသို့ ခုန်သွားရန်

၂၀၂၃-၂၀၂၆ မျောက်ကျောက် ကပ်ရောဂါ ဖြစ်ပွားမှု

ဝီကီပီးဒီးယား မှ
၂၀၂၃–၂၀၂၆ မျောက်ကျောက် ကပ်ရောဂါ ဖြစ်ပွားမှု
  ဓာတ်ခွဲအတည်ပြုလူနာ ၁၀,၀၀၀ ကျော်ရှိသော နိုင်ငံများ
  ဓာတ်ခွဲအတည်ပြုလူနာ ၁,၀၀၀ မှ ၉,၉၉၉ ဦးအထိ ရှိသော နိုင်ငံများ
  ဓာတ်ခွဲအတည်ပြုလူနာ ၁၀၀ မှ ၉၉၉ ဦးအထိ ရှိသော နိုင်ငံများ
  ဓာတ်ခွဲအတည်ပြုလူနာ ၁ ဦးမှ ၉၉ ဦးအထိ ရှိသော နိုင်ငံများ
  ကလိတ် ၁ဘီ အတည်ပြုလူနာ မရှိသော နိုင်ငံများ
ရောဂါMpox (မျောက်ကျောက်) (ကလိတ် ၁ဘီ)
တည်နေရာအဓိကအားဖြင့် အာဖရိကအလယ်ပိုင်း၊ အခြားဒေသများတွင် ဒေသတွင်း ကူးစက်မှု အကန့်အသတ်ဖြင့်သာရှိ
ရက်စွဲ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် စတင်တွေ့ရှိ

နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ

ထုတ်ပြန်ချက်ကာလ -
၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၄ ရက် – ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၅ ရက်
အတည်ပြု လူနာများ၅၄,၁၁၆ ဦး
(၂၀၂၄ ဇန်နဝါရီ ၁ ရက်မှစ၍)
သေဆုံးသူများ
၄၉၂ ဦး
(၂၀၂၂ ဇန်နဝါရီ ၁ ရက်မှစ၍)

၂၀၂၃–၂၀၂၆ မျောက်ကျောက် ကပ်ရောဂါ ဖြစ်ပွားမှုသည် ကလိတ် ၁ဘီ(Clade Ib) ဟု ခေါ်ဆိုသည့် Mpox ( မျောက်ကျောက် ဟု ခေါ်ဆိုခဲ့ကြသော) ရောဂါ၏ ဗီဇပြောင်း မျိုးကွဲသစ်တစ်ခုဖြစ်ပြီး အာဖရိကအလယ်ပိုင်းတွင် ၂၀၂၃ ခုနှစ် စက်တင်ဘာလခန့်ကတည်းက စတင်ကူးစက်ပြန့်ပွားခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ စာရင်းဇယားများအရ ကူးစက်ခံရသူ ၂၉,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၈၀၀ ကျော် ရှိခဲ့ကာ (သေဆုံးမှုနှုန်း ~၃% ခန့် ရှိသည်)၊ ၎င်းဖြစ်ပွားမှုအားလုံးနီးပါးမှာ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဥရောပ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာ၏ ပြောကြားချက်အရ "ရောဂါရှာဖွေဖော်ထုတ်နိုင်မှု အားနည်းခြင်းနှင့် သတင်းပို့တင်ပြမှု လိုအပ်ချက်များကြောင့် လက်ရှိ ကပ်ရောဂါဖြစ်ပွားမှု ပမာဏသည် အစီရင်ခံထားသည်ထက် ပိုမိုကြီးမားနိုင်သည်" ဟု ဆိုသည်။၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ နှင့် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့ တို့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ၎င်းကပ်ရောဂါဖြစ်ပွားမှုကို "နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ" အဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။[][]

နောက်ခံအကြောင်းအရင်းများ

[ပြင်ဆင်ရန်]

အဆိုပါရောဂါပိုးကို ၁၉၅၈ ခုနှစ်က ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ ရှိ ဓာတ်ခွဲခန်းတစ်ခုတွင် လေ့လာတွေ့ရှိခဲ့သည်။မျောက်များမှတဆင့် ဗိုင်းရပ်စ်ရောဂါပိုးတစ်မျိုးစတင်တွေ့ရှိခဲ့သည့် အတွက် Monkeypox (မျောက်ကျောက်ရောဂါ) ဟု အမည်ပေးခဲ့သည်။စတင် တွေ့ရှိစဉ်က လူသို့ ကူးစက်ခြင်း မရှိခဲ့ပေ။ နောက်ပိုင်း အဆိုပါ ရှားပါးကူးစက် ရောဂါသည် အာဖရိကတိုက် ကွန်ဂိုနိုင်ငံ အလယ်ပိုင်းနှင့် အနောက်ပိုင်းနိုင်ငံရှိ အပူပိုင်းမိုးသစ်တောများတွင် ၁၉၇၀ ပြည့်လွန်နှစ်များက လူများ၌ စတင်ဖြစ်ပွားခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်းက ပျောက်ကွယ်သွားခဲ့ပြီးနောက် တစ်ဖန် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် တောင်ဆူဒန် နှင့် အခြားအာဖရိကနိုင်ငံများ၌ ပြန်လည်ပေါ်ထွန်းလာခဲ့သည်။ ၂၀၀၃ ခုနှစ် မေလတွင် အမေရိကန် ပြည်ထောင်စု ဝစ္စကိုဆင်ပြည်နယ် တွင်လည်းကောင်း၊၂၀၂၂ ခုနှစ်အတွင်း အာဖရိကအလယ်ပိုင်းနှင့် အနောက်ပိုင်းတို့တွင်သာမက ဥရောပ၊ မြောက်အမေရိကနှင့် ကမ္ဘာ့နေရာအနှံ့အပြားသို့ ကူးစက်ပျံ့နှံ့ လာခဲ့သည်။[]

ကူးစက်မှုနည်းလမ်းများ

[ပြင်ဆင်ရန်]

မည်သူမဆို ရောဂါလက္ခဏာရှိသူ သို့မဟုတ် ကူးစက်ခံ တိရစ္ဆာန်များနှင့် အနီးကပ် ထိတွေ့ပါက ကူးစက်နိုင်ခြေ အမြင့်ဆုံး ဖြစ်ပြီး၊ လူနာသည် လက္ခဏာပြနေချိန် (ပုံမှန်အားဖြင့် ၂ ပတ်မှ ၄ ပတ်အတွင်း) တွင် အခြားသူများကို ကူးစက်စေနိုင်သည်။

အဓိကအားဖြင့် လူနာ၏ အရေပြား အဖုအပိန့်၊ ခန္ဓာကိုယ်မှ ထွက်သောအရည် (ပြည်၊ သွေး)၊ အနာဖေး၊ ခံတွင်းအနာနှင့် တံတွေးတို့ကို တိုက်ရိုက် ထိတွေ့ခြင်းမှတစ်ဆင့် ကူးစက်တတ်သည်။ ထို့ပြင် ဗိုင်းရပ်စ် ကပ်ငြိနေသည့် အဝတ်အစား၊ အိပ်ရာခင်း၊ မျက်နှာသုတ်ပုဝါနှင့် စားသောက်ကုန်သုံး ပစ္စည်းများကို ကိုင်တွယ်မိခြင်းကြောင့်လည်းကောင်း၊ ကိုယ်ဝန်ဆောင်စဉ် အချင်းမှတစ်ဆင့် သန္ဓေသားထံသို့ လည်းကောင်း၊ မီးဖွားချိန်နှင့် မီးဖွားပြီးနောက် အရေပြားချင်း ထိတွေ့ခြင်းဖြင့်လည်းကောင်း ရောဂါပူးကူးစက်နိုင်သည်။

ထို့ကြောင့် လူနာနှင့် နီးကပ်စွာ ထိတွေ့လေ့ရှိသည့် ကျန်းမာရေး ဝန်ထမ်းများ၊ အတူနေ မိသားစုဝင်များနှင့် လိင်ဆက်ဆံဖက်များသည် ရောဂါကူးစက်ခံရနိုင်ခြေ အများဆုံး ဖြစ်သည်။ ရောဂါလက္ခဏာ မပြသသေးသူများထံမှ ကူးစက်နိုင်ခြေ ရှိ၊ မရှိကိုမူ တိကျစွာ မသိရသေးပေ။

ရောဂါလက္ခဏာများ

[ပြင်ဆင်ရန်]

မျောက်ကျောက်ရောဂါ၏ အဓိကလက္ခဏာများမှာ ဖျားခြင်း၊ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ ကြွက်သားနှင့် ခါးနာခြင်း၊ အားအင်ကုန်ခမ်းခြင်းနှင့် ပြန်ရည်ကျိတ် (Lymph nodes) များ ရောင်ရမ်းခြင်းတို့ ဖြစ်သည်။ စတင်ဖျားပြီး ၁ ရက်မှ ၃ ရက်အတွင်း အရေပြားပေါ်တွင် အနီကွက်များနှင့် အဖုအပိန့်များ စတင်ထွက်လာတတ်သည်။ ၎င်းအဖုအပိန့်များသည် နောက်ပိုင်းတွင် အရည်ကြည် သို့မဟုတ် ပြည်များ ပြည့်နေသည့် အရည်ကြည်ဖုများ ဖြစ်လာပြီး၊ အချိန်တန်လျှင် ပေါက်ထွက်ခြောက်သွေ့ကာ အနာဖေးအဖြစ် ကွာကျသွားသည်။ အဖုအပိန့်များကို မျက်နှာ၊ လက်ဖဝါး၊ ခြေဖဝါး၊ ပါးစပ်၊ လိင်အင်္ဂါတစ်ဝိုက်နှင့် မျက်စိတို့တွင် အရေအတွက် အနည်းငယ်မှ ထောင်ပေါင်းများစွာအထိ တွေ့ရတတ်သည်။ အများအားဖြင့် ရောဂါလက္ခဏာများသည် ၂ ပတ်မှ ၄ ပတ်အထိ ကြာမြင့်တတ်ပြီး အထူးတလည် ဆေးကုသမှုခံယူရန်မလိုဘဲ အလိုအလျောက် ပျောက်ကင်းလေ့ရှိသည်။

သို့သော် လူနာအချို့တွင် ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများ ခံစားရပြီး သေဆုံးသည်အထိ ဖြစ်နိုင်သည်။ အထူးသဖြင့် မွေးကင်းစကလေးငယ်များ၊ ကလေးများနှင့် ကိုယ်ခံအားကျဆင်းနေသူများတွင် ရောဂါ ပိုမိုပြင်းထန်တတ်သည်။ နောက်ဆက်တွဲ ဆိုးကျိုးများအနေဖြင့် အရေပြားတွင် ဒုတိယအကြိမ် ပိုးဝင်၍ အနာဖြစ်ခြင်း၊ အဆုတ်ရောင်ခြင်း၊ ဦနှောက်ရောင်ခြင်း (စိတ်ကယောင်ခြောက်ခြားဖြစ်ခြင်း) နှင့် မျက်လုံးသို့ ရောဂါပိုးဝင်ရောက်ကာ အမြင်အာရုံ ဆုံးရှုံးခြင်းတို့ ဖြစ်ပွားနိုင်သည်။

ကာကွယ်ဆေးနှင့်ကုသပုံ

[ပြင်ဆင်ရန်]

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကျောက်ကြီးရောဂါကာကွယ်ဆေး ထိုးထားသူများသည် မျောက်ကျောက်ရောဂါဖြစ်ပွားခြင်းမှ တစိတ်တပိုင်းကာကွယ်မှုရရှိနိုင်သည်ဟု ကြေညာထားသည်။သို့သော် ကျောက်ကြီးရောဂါ ကာကွယ်ဆေးထိုးထားသောကြောင့် မျောက်ကျောက်ရောဂါ ကူးစက်ခံရမှုမှ အကာအကွယ်အချို့ရရှိနေသော်လည်း ၎င်းတို့ကိုယ်တိုင်နှင့် အခြားသူများ ကူးစက်ခံရမှုမရှိအောင် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားသင့်ကြောင်း သတိပေးထားသည်။တစ်ဖက်တွင်လည်း ကျောက်ကြီးရောဂါပပျောက်သွားသည့် (၁၉၈၀) ခုနှစ် နောက်ပိုင်းတွင် ကျောက်ကြီးရောဂါကာကွယ်ဆေးထိုး လုပ်ငန်းသည် ရပ်နားထားခဲ့ပြီးဖြစ်သည့်အတွက်ကြောင့် ငယ်ရွယ်သူများသည် ကျောက်ကြီးရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်း ရှိမနေသေးပေ။လက်ရှိတွင် ကျောက်ကြီးရောဂါကို ကာကွယ်ရန်အတွက် ထုတ်လုပ်ထားသည့် ကာကွယ်ဆေးအသစ်တစ်မျိုး (MVA-BN, Imvamune, Imvanex of Jyynneo) သည် မျောက်ကျောက်ရောဂါ ကူးစက်ခြင်းမှကာကွယ်ရန် ၂၀၁၉ ခုနှစ်တွင် ခွင့်ပြုချက်ရရှိထားသည်။ထိုကာကွယ်ဆေးအသစ်မှာမူ တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် တွင်တွင်ကျယ်ကျယ် အသုံးမပြုနိုင်သေးပါ။ဓာတ်ခွဲဝန်ထမ်းတချို့ သို့မဟုတ် ကျန်းမာရေးဝန်ထမ်းများသည် လက်ရှိအချိန်တွင် မကြာသေးမှီက ထုတ်လုပ်ထားသည့် ကျောက်ကြီးရောဂါကာကွယ်ဆေးအား ထိုးနှံထားပြီးဖြစ်သည်။မျောက်ကျောက်ရောဂါလက္ခဏာသည် ကုသမှုခံယူစရာမလိုဘဲ ပျောက်ကင်းသွားတတ်သည်။စတီးရိုက်ပါဝင်သော ဆေးအမျိုးအစားကို ရှောင်ရှားပြီး အခြား ပါးစပ်သန့်ဆေးရည်နှင့် မျက်စဉ်းခပ်ဆေးတို့ကို အသုံးပြုနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လမ်းညွှန်ထားသည်။ပြင်းထန်သောလူနာများတွင် ကာကွယ်ဆေးထိုးခြင်းမှ ပေါ်ထွက်လာသော ပဋိပစ္စည်း ပရိုတိန်းတစ်မျိုး (Vaccinia immune globulin –VIG) ကို အသုံးပြုရန် ထောက်ခံချက်ပေးထားသည်။ ကျောက်ကြီးရောဂါကုသရာတွင် အသုံးပြုသည့် ဆေးတစ်မျိုး (Tecovirimat, TPOXX) ကို မျောက်ကျောက်ရောဂါကုသရာတွင် အသုံးပြုရန် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ခွင့်ပြုခဲ့သည်။[]

ရောဂါဖြစ်ပွားမှုအခြေအနေ

[ပြင်ဆင်ရန်]
မျောက်ကျောက် ကပ်ရောဂါ ဖြစ်ပွားမှု သမိုင်းအကျဉ်း
ခုနှစ် နိုင်ငံ/ဒေသ ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှု သေဆုံးမှု သေဆုံးမှုနှုန်း မှတ်စု
၁၉၇၀  ကွန်ဂိုဒီမိုကရက်တစ်သမ္မတ Clade I မသိရှိရ မသိရှိရ
၁၉၇၁  နိုင်ဂျီးရီးယား Clade II မသိရှိရ မသိရှိရ
၁၉၈၁–၁၉၈၆  ကွန်ဂိုဒီမိုကရက်တစ်သမ္မတ Clade I ၃၃၈ မသိရှိရ မသိရှိရ
၁၉၉၅–၁၉၉၆  ကွန်ဂိုဒီမိုကရက်တစ်သမ္မတ Clade I ၅၀၀+ မသိရှိရ မသိရှိရ
၂၀၀၁–၂၀၀၄  ကွန်ဂိုဒီမိုကရက်တစ်သမ္မတ Clade I ၂,၇၃၄ မသိရှိရ မသိရှိရ
၂၀၀၃  အမေရိကန် Clade II ၇၁ မရှိ ၀%
၂၀၁၅  ဗဟိုအာဖရိကသမ္မတနိုင်ငံ[] Clade I ၁၀ ၂၀%
၂၀၁၇–၂၀၂၂  နိုင်ဂျီးရီးယား Clade II ၅၅၈ ၁.၄%
၂၀၂၀  ကွန်ဂိုဒီမိုကရက်တစ်သမ္မတ[] Clade I ၄,၆၀၀ ၁၇၁ ၃.运行%
၂၀၂၂–၂၀၂၃ ကမ္ဘာအနှံ့ (PHEIC) Clade IIb ၉၃,၃၂၇ ၂၀၈ ၀.၂%
၂၀၂၃–၂၀၂၆  ကွန်ဂိုဒီမိုကရက်တစ်သမ္မတ
 ဗဟိုအာဖရိကသမ္မတနိုင်ငံ
 ကွန်ဂို
 ကင်ညာ
 ဘူရွန်ဒီ
Clade I
Clade Ib
၁၈,၂၄၅+ ၉၁၉+ ~၅% ဆက်လက်ဖြစ်ပွားနေဆဲ

ရောဂါပျံ့နှံ့မှု ဖြစ်စဉ်

[ပြင်ဆင်ရန်]

အစီရင်ခံထားသော ကူးစက်မှုနှင့် သေဆုံးမှု စာရင်း

[ပြင်ဆင်ရန်]
As of ၂၀၂၆ ခုနှစ် မတ်လ ၂၂/၂၆ ရက်
ကလိတ် ၁ဘီ ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှု တွေ့ရှိရသည့် နိုင်ငံများ
နိုင်ငံ/ဒေသ ဓာတ်ခွဲအတည်ပြု
ကူးစက်မှု
ဓာတ်ခွဲအတည်ပြု
သေဆုံးမှု
ပထမဆုံး အတည်ပြုချက် နောက်ဆုံး အတည်ပြုချက်
 ကွန်ဂိုဒီမိုကရက်တစ်သမ္မတ ၃၇,၂၈၀ ၇၈ ၂၀၂၃ စက်တင်ဘာ
 ဘူရွန်ဒီ ၄,၆၈၂ ၂၀၂၄ ဇူလိုင်
 ကင်ညာ ၁,၀၈၇ ၁၉ ၂၀၂၄ ဇူလိုင်
 ယူနိုက်တက်ကင်းဒမ်း ၄၄ ၂၀၂၄ အောက်တိုဘာ ၃၀[]
 ရဝမ်ဒါ ၁၃၁ ၂၀၂၄ ဇူလိုင်
 ယူဂန်းဒါး ၈,၅၁၂ ၅၂ ၂၀၂၄ ဇူလိုင်
 ဆွီဒင် ၂၀၂၄ ဩဂုတ် ၁၅
 ထိုင်း ၁၅ ၂၀၂၄ ဩဂုတ် ၂၂
 အိန္ဒိယ ၁၈ ၂၀၂၄ စက်တင်ဘာ ၂၄
 ဂျာမနီ ၁၆ ၂၀၂၄ အောက်တိုဘာ ၁၈
 ဇင်ဘာဘွေ ၂၀၂၄ အောက်တိုဘာ ၁၈
 အင်ဂိုလာ ၂၀၂၄ နိုဝင်ဘာ ၁၅
 အမေရိကန် ၂၁[] ၂၀၂၄ နိုဝင်ဘာ ၁၆
 ကနေဒါ ၂၀၂၄ နိုဝင်ဘာ ၂၂
 ပါကစ္စတန် ၂၀၂၄ ဒီဇင်ဘာ ၂
 အိုမန် ၂၀၂၄ ဒီဇင်ဘာ ၁၀
 ဘယ်လ်ဂျီယမ် ၁၀ ၂၀၂၄ ဒီဇင်ဘာ ၁၉
 ဇမ်ဘီယာ ၃၉၈ ၂၀၂၄ ဒီဇင်ဘာ ၃၀
 တရုတ် ၂၉ ၂၀၂၅ ဇန်နဝါရီ ၃
 ပြင်သစ် ၁၀ ၂၀၂၅ ဇန်နဝါရီ ၇
 အာရပ်စော်ဘွားများပြည်ထောင်စု ၂၀၂၅ ဖေဖော်ဝါရီ ၇
 တန်ဇေးနီးယား ၃၀၄ ၂၀၂၅ မတ်လ ၁၀
 မာလဝီ ၁၅၉ ၂၀၂၅
 မဒါဂတ်စကား ၇၈၈ ၂၀၂၅ ဒီဇင်ဘာ[]
 ဗဟိုအာဖရိကသမ္မတနိုင်ငံ ၁၇၁ မသိရှိရ
 ကွန်ဂို ၁၆၄ မသိရှိရ
 မိုဇမ်ဘစ် ၉၃ မသိရှိရ
 စပိန် ၈၇ မသိရှိရ
 တောင်ဆူဒန် ၅Skip၀ မသိရှိရ
 အီသီယိုးပီးယား ၄၈ မသိရှိရ
အခြားနိုင်ငံများ ၁၁၂ မသိရှိရ
စုစုပေါင်း ၅၄,၁၁၆ ၁၆၉+
ကလိတ် ၂ သို့မဟုတ် ကလိတ် ၁အေ သာ တွေ့ရှိရသည့် နိုင်ငံများ၏ အစီရင်ခံစာစုများ (၂၀၂၃ စက်တင်ဘာမှစ၍)
နိုင်ငံ/ဒေသ ကူးစက်မှု သေဆုံးမှု အခြေအနေ/ဗိုင်းရပ်စ်မျိုးကွဲ
 အမေရိကန် ၄,၂၅၉[၁၀] ၁၁–၂၅ Clade IIb[၁၁]
 နိုင်ဂျီးရီးယား ၁,၄၈၄ (၁၆၇)[၁၂] Clade IIa[၁၃][၁၄]
 ဩစတြေးလျ ၁,၆၈၀[၁၅] Clade IIb[၁၆]
 ဖိလစ်ပိုင် ၉၁၁+[၁၇] တိကျစွာမသိရ (၂၀၂၃ ဒီဇင်ဘာ)[၁၈]
Clade II (၂၀၂၄)[၁၇][၁၉]
 ဗဟိုအာဖရိကသမ္မတနိုင်ငံ ၂၆၃ (၈၅)[၂၀][] ၁–၁၀ Clade Ia[၂၀]
 ယူနိုက်တက်ကင်းဒမ်း ၂၇၁[၂၁] တိကျစွာမသိရ
 ကနေဒါ ၃၆၅[၂၂] Clade IIb
 ကွန်ဂို [] Clade Ia
 ဂျာမနီ ၂၄၀ တိကျစွာမသိရ[၂၄]
 ကင်မရွန်း ၃၅ (၅) Clade IIa နှင့် Clade Ia
 အိုင်ဗရီကို့စ် ၂၈[၂၅] Clade IIa[၁၄]
 တောင်အာဖရိက ၂၄[၂၆] Clade IIa[၁၃]
 အင်ဒိုနီးရှား ၁၄ Clade II
 ဟောင်ကောင် ၁၄ Clade IIb
 စင်ကာပူ ၁၃[၂၇] Clade II[၂၇]
 အာဂျင်တီးနား ၁၁+ Clade IIb[၂၈]
 အိုင်ယာလန် ၄၇ Clade I နှင့် Clade IIb[၂၉]
 လိုက်ဘေးရီးယား ၆၃ Clade IIa[၁၃][၁၄]
 ဂါနာ Clade II
 ပါကစ္စတန် Clade II
 ထိုင်ဝမ် တိကျစွာမသိရ[၃၀]
 ပေါ်တူဂီ ၆၅ Clade IIb
 မာလဝီ တိကျစွာမသိရ[၃၁]
 မိုဇမ်ဘစ် တိကျစွာမသိရ[၃၂]
 ဂါဘွန် တိကျစွာမသိရ[၃၃]
 ချီလီ ၂၆ တိကျစွာမသိရ[၃၄]
 မော်ရိုကို တိကျစွာမသိရ[၃၅]
 ဂီနီ [၃၆] တိကျစွာမသိရ

ကိုးကား

[ပြင်ဆင်ရန်]
  1. မျောက်ကျောက်ရောဂါ(Mpox)ကို ကမ္ဘာလုံးဆိုင်ရာအရေးပေါ် အခြေအနေ ကြေညာ BBC (၁၅ ဩဂုတ် ၂၀၂၄)။ ၂၃ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. မျောက်ကျောက်ရောဂါ သိကောင်းစရာ Irrawaddy (၂၂ ဩဂုတ် ၂၀၂၄)။ ၂၃ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. မျောက်ကျောက်‌ရောဂါ သတိပြုပါ MOI Myanmar (၂၁ ဩဂုတ် ၂၀၂၄)။ ၂၃ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. Mpox (monkeypox)အမေး၊ အဖြေများ World Health Organization 23 Aug 2024 တွင် ပြန်စစ်ပြီး။
  5. "A Nosocomial Outbreak of Human Monkeypox in the Central African Republic" (2017). Open Forum Infectious Diseases 4 (4): ofx168. doi:10.1093/ofid/ofx168. PMID 29732376.
  6. Monkeypox - Democratic Republic of the Congo October 2020 World Health Organization။ 5 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 March 2024 တွင် ပြန်စစ်ပြီး။
  7. Latest update on cases of Clade Ib mpox (2024-11-29)။ 19 February 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2024-12-04 တွင် ပြန်စစ်ပြီး။ (Archived Link added 27 February 2025) (no longer updated since 13 February 2025, check UKHSA data dashboard 28 February 2025 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . - added 27 February 2025, accessed 9 September 2025) (previous page no longer updated, check UKHSA mpox data dashboard- added 20 November 2025, Archived Link 41 cases in England, 4 in Wales and 3 in Scotland, up to 30 April 2026)
  8. 1 2 3 Mpox in the United States and Around the World: Current Situation (15 May 2026)။ 20 May 2026 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 May 2026 တွင် ပြန်စစ်ပြီး။ (New Link and Archived Version added on 30 September 2025)
  9. Madagascar: Mpox Outbreak - Dec 2025 {{|}} ReliefWeb (in en) (24 March 2026)။ 12 April 2026 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 April 2026 တွင် ပြန်စစ်ပြီး။
  10. Tuttle, Alexandra (23 May 2024). "Notes from the Field: Clade II Mpox Surveillance Update — United States, October 2023–April 2024". Morbidity and Mortality Weekly Report 73 (20): 474–476. doi:10.15585/mmwr.mm7320a4. PMID 38781102.
  11. Situation Update - Mpox Virus: Clade I and Clade IIb (PDF) (အစီရင်ခံစာ)။ Johns Hopkins Center for Health Security။ 10 June 2024။ 21 August 2024 တွင် မူရင်းမှ မော်ကွန်းတင်ပြီး (PDF)
  12. An Update of Monkeypox Outbreak in Nigeria – Week 44 (PDF) (အစီရင်ခံစာ)။ Nigeria Centre for Disease Control။ 25 August 2024။ 220824။ 31 August 2024 တွင် မူရင်းမှ မော်ကွန်းတင်ပြီး (PDF) 31 August 2024 တွင် ပြန်စစ်ပြီး
  13. 1 2 3 "First meeting of the International Health Regulations (2005) Emergency Committee regarding the upsurge of mpox 2024" (သတင်းထုတ်ပြန်ချက်)။ World Health Organization။ 19 August 2024။ 24 August 2024 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 22 August 2024 တွင် ပြန်စစ်ပြီးAdditionally, in 2024, cases of mpox linked to MPXV clade Ia have been reported in the Central African Republic and the Republic of Congo, and cases linked to MPXV clade II have been reported in Cameroon, Côte d'Ivoire, Liberia, Nigeria and South Africa.
  14. 1 2 3 Tomori၊ Oyewale (24 August 2024)။ Mpox: African countries have beaten disease outbreaks before – here's what it takes The Conversation 24 August 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 August 2024 တွင် ပြန်စစ်ပြီး။
  15. National Communicable Disease Surveillance Dashboard Department of Health and Aged Care 18 February 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 February 2025 တွင် ပြန်စစ်ပြီး။
  16. Looker၊ Clare (20 August 2024)။ "Mpox cases on the rise" (သတင်းထုတ်ပြန်ချက်)။ Victoria Department of Health။ 24 August 2024 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 22 August 2024 တွင် ပြန်စစ်ပြီး
  17. 1 2 "DOH: Mpox cases actually dipped in May 2025; total cases 911 since 2024" (in en)၊ GMA News၊ 31 May 2025။
  18. "DOH: No new cases, deaths due to mpox" (in en)၊ 11 June 2024။
  19. "PH detects 2 more mpox cases, both in NCR" (in en)၊ GMA News၊ 26 August 2024။
  20. 1 2 "Mpox vaccine: Africa in talks with Bavarian Nordic on technology transfer"၊ 21 August 2024။
  21. Mpox (monkeypox) outbreak: epidemiological overview, 8 August 2024 UK Health Security Agency (8 August 2024)။ 22 August 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 August 2024 တွင် ပြန်စစ်ပြီး။
  22. Mpox (monkeypox): Update Government of Canada (16 August 2024)။ 17 August 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 August 2024 တွင် ပြန်စစ်ပြီး။
  23. "Congo-Brazzaville Reports 21 Mpox Cases"၊ Barron's၊ 25 August 2024။
  24. 33 Mpox cases in Berlin since the beginning of the year City of Berlin (16 August 2024)။ 16 August 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 August 2024 တွင် ပြန်စစ်ပြီး။
  25. "One dead, 28 new mpox cases reported in Ivory Coast"၊ New Straits Times၊ 20 August 2024။
  26. Mpox Updates (in en-ZA)။ National Institute for Communicable Diseases 17 August 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 August 2024 တွင် ပြန်စစ်ပြီး။
  27. 1 2 "Singapore says it has detected 13 cases of mpox Clade 2 infection in 2024"၊ Reuters၊ 22 August 2024။
  28. "Confirmaron un caso autóctono de viruela del mono en Argentina" (in es)၊ Infobae၊ 24 August 2024။
  29. "'Sufficient' supplies of mpox vaccine for State to counter risk deemed low by health officials"၊ 16 August 2024။
  30. Scanlan၊ Sean။ "Taiwan's CDC reports 4 new mpox cases"၊ Taiwan News၊ 21 August 2024။
  31. Kalumbi၊ Mike။ "Health Minister announces two suspected cases of MPox"၊ malawi24၊ 21 August 2024။
  32. Lorenz၊ Sandra (21 August 2024)။ "Mpox outbreak in Africa" (သတင်းထုတ်ပြန်ချက်)။ Johanniter-Unfall-Hilfe။ 23 August 2024 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 22 August 2024 တွင် ပြန်စစ်ပြီး via ReliefWeb
  33. "Gabon reports its first mpox case"၊ Le Monde၊ 23 August 2024။
  34. Henríquez၊ Paz (2024-08-30)။ Confirman primer caso de Viruela del Mono en Chile: Dónde es y qué risk hay de contagiarse (in es)။ Rock & Pop 31 August 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2024-08-31 တွင် ပြန်စစ်ပြီး။
  35. Premier cas de variole du singe confirmé au Maroc (ministère) (in fr) (2024-09-12)။ 12 September 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2024-09-12 တွင် ပြန်စစ်ပြီး။
  36. Guinea: Government Officially Declares Mpox Epidemic (in en) (2024-09-04)။ 25 September 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2024-09-25 တွင် ပြန်စစ်ပြီး။