၂၀၁၄ အာရှလူငယ် ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

၂၀၁၄ အာရှလူငယ်ယူ-၁၉ ချန်ပီယံရှစ်​​ခြေစစ်ပွဲသည် ၂၀၁၄ အာရှလူငယ်ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ​နောက်ဆုံးအဆင့်​ အတွက် ရည်ရွယ်ကျင်းပ​သော ​ခြေစစ်ပွဲဖြစ်ပါသည်။ ထို​ခြေစစ်ပွဲစဉ်များကို ​၂၀၁၃ ခုနှစ် အောက်တိုဘာလ ၃ ရက် မှ ၁၂ ရက်အထိကျင်းပခဲ့သည်။

ပြိုင်ပွဲပုံစံ[ပြင်ဆင်ရန်]

ယခုပြိုင်ပွဲ၏​ခြေစစ်ပွဲကိုအာရှနိုင်ငံ​ပေါင်း ၄၀ နိုင်ငံမှ ဝင်​ရောက်ယှဉ်ပြိုင်ခဲ့ပြီး ​ခြေစစ်ပွဲ​အောင် ၁၅ သင်းကို​ရွေးချယ်ခဲ့သည်။​ခြေစစ်ပွဲဝင် နိုင်ငံ​ပေါင်း ၄၀ ကို ၅ သင်း သို့မဟုတ် ၄ သင်းပါဝင်​သောအုပ်စု ၉ ခုခွဲ​ကာ အ​နောက်အာရှဇုန်တွင် ၅ သင်းပါဝင်​သောအုပ်စု ၂ အုပ်စု နှင့် ၄ သင်းပါဝင်​သော အုပ်စု ၃ အုပ်စု စုစု​ပေါင်း ၅ အုပ်စု၊အ​ရှေ့အာရှဇုန်တွင် ၅ သင်းပါဝင်​သောအုပ်စု ၂ အုပ်စု၊၄ သင်းပါဝင်​သောအုပ်စု ၂ အုပ်စု စုစု​ပေါင်း ၄ အုပ်စုဖြင့်ကျင်းပခဲ့သည်။ခြေစစ်ပွဲစဉ်များကို အာရှ​ဘောလုံးအဖွဲ့ချုပ်မှ သတ်မှတ်​​ရွေးချယ်ထား​သော အိမ်ရှင်နိုင်ငံများတွင် တစ်​​ကျော့တည်း ကျင်းပခဲ့ကာ အုပ်စု ၉ ခု၏ ပထမရအသင်းများ နှင့် အ​ကောင်းဆုံးဒုတိယ ၆ သင်းတို့သည် ​​ခြေစစ်ပွဲ​အောင်အသင်းများအဖြစ် ၂၀၁၄ ခုနှစ်တွင် ကျင်းပသည့်နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ အိမ်ရှင် မြန်မာ အသင်းနှင့်အတူ ယှဉ်ပြိုင်ခွင့်ရခဲ့သည်။

မဲခွဲမှုနှင့်အဆင့်သတ်မှတ်ချက်များ[ပြင်ဆင်ရန်]

​ခြေစစ်ပွဲစဉ်များအတွက် အုပ်စုများကို ၂၀၁၃ ခုနှစ် ဧပြီလ ၂၆ ရက်တွင် မ​လေးရှားနိုင်ငံ၏မြို့​တော် ကွာလာလမ်ပူမြို့ရှိ အာရှ​ဘောလုံးအဖွဲ့ချုပ်၏ရုံးချုပ်၌ မဲခွဲခဲ့သည်။[၁] မဲခွဲရာတွင် ၂၀၁၂ အာရှလူငယ်ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ တွင် ရရှိခဲ့​သောအဆင့်သတ်မှတ်ချက်များအလိုက် မဲအိုး ၁ မှ ၄ အထိ ၄ အိုးခွဲထားသည်။ထို့​နောက် အဆင့်နိမ့်အသင်းများ ပါဝင်​သော မဲအိုး ၄ မှအသင်းများကိုဦးစွာမဲနှိုက်၍ထိုမှတစ်ဆင့် မဲအိုး ၃၊၂၊၁ ဟူ၍အစဉ်လိုက်မဲနှိုက်သွားသည်။ ခြွင်းချက်အ​​နေဖြင့် မဲခွဲရာတွင် ခြေစစ်ပွဲကျင်းပမည့်နိုင်ငံများ တစ်အုပ်စုတည်းမကျ​စေရန်အတွက် အိမ်ရှင်ကျင်းပခွင့်ရနိုင်ငံပါ​သော အုပ်စု ထွက်​ပေါ်လာလျှင် ထိုအုပ်စု၌ အခြားအိမ်ရှင်နိုင်ငံများကို မပါဝင်​စေဘဲ အိမ်ရှင်ကျင်းပမည့်နိုင်ငံ မထွက်​ပေါ်လာ​သေး​သော အုပ်စုတွင် ပါဝင်​စေခဲ့သည်။

မဲအိုး (၁) မဲအိုး (၂) မဲအိုး (၃) မဲအိုး (၄) မဲအိုး (၅)
အ​နောက်အာရှဇုန်
(အုပ်စု က မှ င)

 အီရန်
 အီရတ်
 ဂျော်ဒန်
 ဥဇဘက်ကစ္စတန်
 ဆီးရီးယား

 ကူဝိတ်
 အိုမန်
 ကာတာ
 ဆော်ဒီအာရေဗျ
 အာရပ်စော်ဘွားများပြည်ထောင်စု

 ဘာရိန်း
 အိန္ဒိယ
 လက်ဘနွန်
 ယီမင်
 ပါကစ္စတန်

 ဘင်္ဂလားဒေ့ရှ်
 မော်လဒိုက်
 ပါလက်စတိုင်း
 တာဂျစ်ကစ္စတန်
 တာ့ခ်မင်နစ္စတန်

 အာဖဂန်နစ္စတန်
 နီပေါ

အ​​ရှေ့အာရှဇုန်
(အုပ်စု စ မှ ဈ)

 ဩစတြေးလျ
 ဂျပန်
 မြောက်ကိုရီးယား
 တောင်ကိုရီးယား

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်
 အင်ဒိုနီးရှား
 ထိုင်း
 ဗီယက်နမ်

 တရုတ် တိုင်ပေ
 လာအို
 မလေးရှား
 စင်ကာပူ

 ဘရူနိုင်း
 မကာအို
 ဂူအမ်

 မွန်ဂိုးလီးယား
 ဟောင်ကောင်
 ဖိလစ်ပိုင်

 မြန်မာ သည် ​ယခုပြိုင်ပွဲ၏ အိမ်ရှင် ဖြစ်​သော​ကြောင့် ​ခြေစစ်ပွဲ ယှဉ်ပြိုင်စရာမလိုဘဲ ​နောက်ဆုံးအဆင့်သို့ အလိုအ​လျောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။

​အောက်​ဖော်ပြပါနိုင်ငံများသည် ​ခြေစစ်ပွဲဝင်​ရောက်ယှဉ်ပြိုင်ခြင်းမရှိပါ။

အသက်ကန့်သတ်ချက်[ပြင်ဆင်ရန်]

၁၉၉၅ ဇန်နဝါရီလ ၁ ရက် နှင့် ​နောက်ပိုင်း​​မွေးဖွား​သော ကစားသမား များကို ​ခြေစစ်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ပြုထားသည်။

အုပ်စုရလဒ်များ[ပြင်ဆင်ရန်]

အကယ်၍အုပ်စုပွဲစဉ်များပြီးဆုံးချိန်တွင် အုပ်စုတွင်း ၂ သင်းသို့မဟုတ် ၂ သင်းနှင့်အထက် ရမှတ်များတူညီ​နေပါက ​အောက်ပါစည်းမျဉ်းများဖြင့်ဆုံးဖြတ်သည်။

၁။ ထိုအသင်းများ၏ထိပ်တိုက်​​​​​​ကစားခဲ့​သောပွဲစဉ်များမှရမှတ်အများ​ဆုံးရ​သောအသင်းသည်​အသာရမည်။

၂။ ထိုထိပ်တိုက်ကစားခဲ့​သောပွဲစဉ်များမှ ဂိုးကွာခြားချက်(+)ပိုရ​သောအသင်းသည် အသာရမည်။

၃။ ထိုထိပ်တိုက်ကစားခဲ့​သောပွဲစဉ်များမှ သွင်းဂိုးအများဆုံးရအသင်းသည် အသာရမည်။

၄။ အုပ်စုတွင်းပွဲစဉ်အားလုံးတွင် ဂိုးကွာခြားချက်(+)ပိုရ​သောအသင်းသည်​ အသာရမည်။

၅။ အုပ်စုတွင်းပွဲစဉ်အားလုံးတွင် သွင်းဂိုးအများဆုံးရအသင်းသည် အသာရမည်။

၆။ အကယ်၍အမှတ်တူ ၂ သင်းသာရှိပြီး ထို ၂ သင်းစလုံးသည် အုပ်စု​နောက်ဆုံးပွဲတွင် ထိပ်တိုက်ကစားရကာ ပွဲပြီးဆုံးချိန်အထိ အ​ပေါ်အချက်များအားလုံးတူညီ​​နေပါက ပင်နယ်တီ အဆုံးအဖြတ်ခံယူကာ အနိုင်ရ​သောအသင်းသည် အသာရမည်။

၇။ အုပ်စုတွင်းပွဲစဉ်များတွင် အဝါကတ် အနီကတ် ပြသခံရမှု အနည်းဆုံးအသင်းသည် အသာရမည်။

၈။ ထိုအသင်းများ သည် အ​ပေါ်အချက်များ အားလုံးတူညီ​နေပါက မဲနှိုက်ဆုံးဖြတ်မည်။

အ​နောက်အာရှ[ပြင်ဆင်ရန်]

အုပ်စု (က)[ပြင်ဆင်ရန်]

အုပ်စု (က) ပွဲစဉ်များကို ကာတာနိုင်ငံ၌ကျင်းပခဲ့သည်။ စံ​တော်ချိန်မှာ ကာတာစံ​တော်ချိန်(UTC+03:00) ဖြစ်သည်။

အသင်းများ ပွဲပေါင်း နိုင်ပွဲ သရေပွဲ ရှုံးပွဲ ရဂိုး ပေးဂိုး ဂိုးကွာခြားမှု ရမှတ်
 ကာတာ ၁၃ +၁၂ ၁၂
 ဥဇဘက်ကစ္စတန် ၁၀ +၈
 အိန္ဒိယ −၄
 တာ့ခ်မင်နစ္စတန် ၁၁ −၇
 နီပေါ ၁၀ −၉

အုပ်စု (ခ)[ပြင်ဆင်ရန်]

အုပ်စု (ခ) ပွဲစဉ်များကို ​​ဂျော်ဒန်နိုင်ငံ၌ ကျင်းပခဲ့သည်။ စံ​တော်ချိန်မှာ ​​ဂျော်ဒန်စံ​တော်ချိန်(UTC+03:00) ဖြစ်သည်။

အသင်းများ ပွဲပေါင်း နိုင်ပွဲ သရေပွဲ ရှုံးပွဲ ရဂိုး ပေးဂိုး ဂိုးကွာခြားမှု ရမှတ်
 အာရပ်စော်ဘွားများပြည်ထောင်စု ၁၅ +၁၄ ၁၂
 ယီမင် +၆
 ဂျော်ဒန် −၂
 မော်လဒိုက် −၇
 အာဖဂန်နစ္စတန် ၁၂ −၁၁

အုပ်စု (ဂ)[ပြင်ဆင်ရန်]

အုပ်စု (ဂ) ပွဲစဉ်များကို အီရတ်နိုင်ငံ၌ ကျင်းပခဲ့သည်။ စံ​တော်ချိန်မှာ အီရတ်စံ​တော်ချိန် (UTC+03:00) ဖြစ်သည်။

အသင်းများ ပွဲပေါင်း နိုင်ပွဲ သရေပွဲ ရှုံးပွဲ ရဂိုး ပေးဂိုး ဂိုးကွာခြားမှု ရမှတ်
 အီရတ် +၆
 ဘင်္ဂလားဒေ့ရှ် −၅
 ကူဝိတ် −၁
 ပါကစ္စတန် နုတ်ထွက်

အုပ်စု (ဃ)[ပြင်ဆင်ရန်]

အုပ်စု (ဃ) ပွဲစဉ်များကို အီရန်နိုင်ငံ၌ ကျင်းပခဲ့သည်။ စံ​တော်ချိန်မှာ အီရန်စံ​တော်ချိန်(UTC+03:00) ဖြစ်သည်။

အသင်းများ ပွဲပေါင်း နိုင်ပွဲ သရေပွဲ ရှုံးပွဲ ရဂိုး ပေးဂိုး ဂိုးကွာခြားမှု ရမှတ်
 အီရန် +၈
 ဆော်ဒီအာရေဗျ +၅
 လက်ဘနွန် −၆
 တာဂျစ်ကစ္စတန် −၇

အုပ်စု (င)[ပြင်ဆင်ရန်]

အုပ်စု (င) ပွဲစဉ်များကို ပါလက်စတိုင်းနိုင်ငံ၌ ကျင်းပခဲ့သည်။စံ​တော်ချိန်မှာ ပါလက်စတိုင်းစံ​တော်ချိန် (UTC+03:00) ဖြစ်သည်။

အသင်းများ ပွဲပေါင်း နိုင်ပွဲ သရေပွဲ ရှုံးပွဲ ရဂိုး ပေးဂိုး ဂိုးကွာခြားမှု ရမှတ်
 အိုမန် +၃
 ပါလက်စတိုင်း −၁
 ဘာရိန်း −၂
 ဆီးရီးယား နုတ်ထွက်

အ​ရှေ့အာရှဇုန်[ပြင်ဆင်ရန်]

အုပ်စု (စ)[ပြင်ဆင်ရန်]

အုပ်စု (စ) ပွဲစဉ်များကို ​မ​လေးရှားနိုင်ငံ၌ကျင်းပခဲ့သည်။ စံ​တော်ချိန်မှာ ​မ​လေးရှားစံ​တော်ချိန် (UTC+08:00) ဖြစ်သည်။

အသင်းများ ပွဲပေါင်း နိုင်ပွဲ သရေပွဲ ရှုံးပွဲ ရဂိုး ပေးဂိုး ဂိုးကွာခြားမှု ရမှတ်
 ဗီယက်နမ် ၁၆ +၁၃
 ဩစတြေးလျ ၁၁ +၆
 ဟောင်ကောင် ၁၂ −၁၀
 တရုတ် တိုင်ပေ ၁၀ −၉
 မွန်ဂိုးလီးယား နုတ်ထွက်

အုပ်စု (ဆ)[ပြင်ဆင်ရန်]

အုပ်စု (ဆ) ပွဲစဉ်များကို အင်ဒိုနီးရှားနိုင်ငံ၌ကျင်းပခဲ့သည်။ စံ​တော်ချိန်မှာ အ​နောက်အင်ဒိုနီးရှားစံ​တော်ချိန် (UTC+07:00) ဖြစ်သည်။

အသင်းများ ပွဲပေါင်း နိုင်ပွဲ သရေပွဲ ရှုံးပွဲ ရဂိုး ပေးဂိုး ဂိုးကွာခြားမှု ရမှတ်
 အင်ဒိုနီးရှား +၇
 တောင်ကိုရီးယား ၁၁ +၇
 ဖိလစ်ပိုင် −၆
 လာအို ၁၁ −၈
 ဂူအမ် နုတ်ထွက်

အုပ်စု (ဇ)[ပြင်ဆင်ရန်]

အုပ်စု (ဇ) ပွဲစဉ်များကို ထိုင်းနိုင်ငံ၌ကျင်းပခဲ့သည်။ စံ​တော်ချိန်မှာ ထိုင်းစံ​တော်ချိန် (UTC+07:00) ဖြစ်သည်။

အသင်းများ ပွဲပေါင်း နိုင်ပွဲ သရေပွဲ ရှုံးပွဲ ရဂိုး ပေးဂိုး ဂိုးကွာခြားမှု ရမှတ်
 မြောက်ကိုရီးယား ၁၂ +၁၂
 ထိုင်း ၁၀ +၈
 စင်ကာပူ −၅
 ဘရူနိုင်း ၁၆ −၁၅

အုပ်စု (ဈ)[ပြင်ဆင်ရန်]

အုပ်စု (ဈ) ပွဲစဉ်များကို တရုတ်နိုင်ငံ၌ကျင်းပခဲ့သည်။ စံ​တော်ချိန်မှာ တရုတ်စံ​တော်ချိန် (UTC+08:00) ဖြစ်သည်။

အသင်းများ ပွဲပေါင်း နိုင်ပွဲ သရေပွဲ ရှုံးပွဲ ရဂိုး ပေးဂိုး ဂိုးကွာခြားမှု ရမှတ်
 ဂျပန် ၁၂ +၁၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ် +၅
 မလေးရှား −၁
 မကာအို ၁၄ −၁၄

အ​ကောင်းဆုံး အုပ်စုဒုတိယအသင်းများ သတ်မှတ်ခြင်း[ပြင်ဆင်ရန်]

အ​ကောင်းဆုံးအုပ်စုဒုတိယအသင်း ၆ သင်း ​ရွေးချယ်ရာတွင် အုပ်စု (ဂ) နှင့် (င) တို့တွင် ၃ သင်းသာပါဝင်​သော​​ကြောင့် အုပ်စုဒုတိယအသင်းများ ညီတူညီမျှဖြစ်​စေရန် ၄ သင်းပါဝင်​သောအုပ်စု (ဃ)၊(စ)၊(ဆ)၊(ဇ) နှင့် (ဈ) တို့တွင် အုပ်စုဒုတိယအသင်းများနှင့်​အုပ်စုအောက်ဆုံးအသင်းများ၏ ထိပ်တိုက်​​​တွေ့ဆုံခဲ့​​သောရလဒ်များကိုမတွက်ချက်ဘဲ ရလာ​သော ထိုအုပ်စုဒုတိယအသင်းများ၏ရလဒ်များကိုကြည့်၍ဆုံးဖြတ်ခဲ့သည်။ အလားတူ ၅ သင်းပါဝင်​သော အုပ်စု (က) နှင့် (ခ) တို့မှအောက်ဆုံး ၂ သင်းစီနှင့် ၎င်းတို့အုပ်စုနှင့်သက်ဆိုင်ရာအုပ်စုဒုတိယအသင်းတို့၏ ​တွေ့ဆုံမှုရလဒ်များကိုမတွက်ဘဲ ရလာ​သော ယင်းအုပ်စုဒုတိယအသင်းများ၏ရလဒ်များကိုကြည့်ကာဆုံးဖြတ်ခဲ့သည်။

ထိုကဲ့သို့​ရွေးချယ်ရာတွင် ​အောက်ပါအချက်များဖြင့်ဆုံးဖြတ်ခဲ့သည်။

၁။အမှတ်အများဆုံးရ​သောအသင်းသည် အသာရမည်။

၂။ဂိုးကွာခြားချက် (+)ပိုရ​သောအသင်းသည် အသာရမည်။

၃။သွင်းဂိုးပိုရ​သောအသင်းသည် အသာရမည်။

၄။အဝါကတ်၊အနီကတ်ပြသခံရမှုပိုနည်း​သောအသင်းသည် အသာရမည်။

၅။မဲခွဲဆုံးဖြတ်မည်။

အုပ်စု အသင်းများ ပွဲပေါင်း နိုင်ပွဲ သရေပွဲ ရှုံးပွဲ ရဂိုး ပေးဂိုး ဂိုးကွာခြားမှု ရမှတ်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ် +၂
 ဩစတြေးလျ +၃
 တောင်ကိုရီးယား +၃
က  ဥဇဘက်ကစ္စတန် +၂
 ထိုင်း +၁
 ယီမင်
 ဆော်ဒီအာရေဗျ
 ဘင်္ဂလားဒေ့ရှ် −၅
 ပါလက်စတိုင်း −၁

ကိုးကား[ပြင်ဆင်ရန်]