၁၃၀၁ ခုနှစ်အကြောင်း သံချို

ဝီကီပီးဒီးယား မှ

၁၃၀၁ ခုနှစ်အကြောင်း သံချို ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

၁၃၀၁ ခုနှစ်အကြောင်း သံချို[ပြင်ဆင်ရန်]

ဗေဒင်ကျမ်းကိုဖြင့်၊ တခန်းထွင်ဉာဏ်ချိန်၍၊ မြန်ကဝိန် ဆရာဦးရယ်က၊ ထူးတလည် ကူးမည်နှစ်ကိုဖြင့်၊ သက္ကရာဇ်တထောင်သာတော့၊ ကျော်သုံးရာတစ်အစွန်းကိုဖြင့်၊ ရည်ညွှန်းလို့ ဟောရလျှင်။

ကဆုန်လ၊ ပုဏ္ဏတိထီဟု၊ ခေါ်တညီကျော် ၂ ရက်တွင်ဖြင့်၊ ဆင်ကြွက်နံ စနေပူးမှာမို့၊ လေးဦးဂြိုဟ်တွေဆုံတော့၊ မိန်ဘုံမှာ စနေကျသည့်ပြင်၊ ထိုလတွင်ပြည့်ကျော်တက်၊ ကိုးရက်တွင် အခြေမနှောင်းရအောင်၊ ဂြိုဟ်စနေမိဿသို့ ပြောင်းပါလိမ့် ကောင်းဘို့မြင်။

မိန်နာဂ၊ မိဿရာသီဟု၊ သွားမညီဗျဂ္ဃစာပြုသည့်ပြင်၊ ရာဟုမှာ ခွေ၍၊ ဗုဒ္ဓဂြိုဟ်နှစ်ခါထပ်၊ ကရကဋ်မိတ်အတွင်းဆီသို့၊ အတင်းဝင်နောက်ပြန်ကြွ၍၊ ဘောမပါပဂြိုဟ်က၊ ဒွါရစုံမကာရ၊ ကြာလှစွာ နိယထုံနှင့်၊ နောက်ပြန်ပုံ ဗျဂ္ဃစာကျင့်ပြန်တော့၊ တိုးဆင့်၍သည်နှစ်တွင်၊ တိုင်းပြည်ခွင်ချောက်ချား။

ကျမ်းအထွက် ဟောချက်ပေါင်းကာထုတ်ရလျှင်၊ လောကုတ်နေ့စဉ်မှန်းပါတဲ့၊ ရဟန်းသာမဏေငဲ့ပြင်၊ မိန်းမတွေဥပါဒ်များမည်မို့၊ ရွာသားရွာသူတို့၊ မီးအတူအနေကြပ်လို့၊ ငတ်မွတ်ကာ လူသူလု၊ ဂုရုအမည်ရပါတဲ့၊ ဘေမသခင်ဂြိုဟ်က၊ အထက်ကိုသူမဆန်ုဘု၊ နောက်ပြန်ကာ အားကုန်လွှင့်ပါ၍၊ ရက်တရာဗျဂ္ဃစာကျင့်ပါတော့၊ ဉာဏ်ရင့်သူ ကမ္ဘာကိုမထိန်းနိုင်ဘု၊ တက်လူတွေပွက်ဆူမဲ့ ကိန်းဟာမို့၊ သိမ်းပိုက်တရား။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ဤကဗျာကို မောင်းထောင်းဦးကံကြီးဆီမှ ရသည်။ စာအချို့ မှားယွင်းနေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။