အောင်ဒွန်း၊ ဦး(ဧရာဝဏ်)

ဝီကီပီးဒီးယား မှ
(ဧရာဝဏ် ဦးအောင်ဒွန်း မှ ပြန်ညွှန်းထားသည်)

ဧရာဝဏ် ဦးအောင်ဒွန်း[ပြင်ဆင်ရန်]

မန္တလေးမြို့ မြောက်ပြင် ဇာတိဖြစ်သည်။ (၁၈) နှစ်သားအရွယ်တွင် စာရေးဆရာ ဖြစ်လာသည်။ ရုပ်သေးအဖွဲ့တွင် ဧရာဝဏ် ဇတ်ခင်းလျှင် ဆင်ရုပ်ဆွဲသူဖြစ်၍ ဧရာဝဏ် ဦးအောင်ဒွန်းဟု ခေါ်တွင်သည်။ ဦးဖိုးစိန်ဇာတ်၌ ဇာတ်ကြီးဆယ်ဘွဲ့အီနောင်ဇာတ်စသည့်တို့ ကပြရာတွင် ဇာတ်လမ်း၊ ဇာတ်ကွက် ငိုချင်းနှင့် တေးသီချင်းများ တာဝန်ယူ ရေးပေးရသည်။ ကာရန် နဘေထပ်စကားများ၊ တေးသီချင်းများကို မျက်မြင်လက်တန်း စပ်ဆိုတတ်ပြီး တင်ကြိုရေးပေးလေ့ မရှိကြောင်း မှတ်သားရသည် ။ ဦးအောင်ဒွန်းသည် မြစ်ဝကျွန်းပေါ် ဖျာပုံခရိုင် ဒေးဒရဲအပိုင်၊ ဆီးဖြူ ကုန်းရွာ၊ (၁၀)ရွာအုပ် သူကြီးဖြစ်သည်။ ဦးဖိုးစိန်က မိမိ၏ဇာတ်အတွက် လိုအပ်သည့်အခါမှ ကိုယ်ပိုင်မော်တော်ဖြင့် ဦးအောင်ဒွန်းအား သွားရောက်ခေါ်ယူပြီး ဇာတ်သီချင်းများ ရေးခိုင်းရသည်ဟု ဆိုသည်။ [၁]

ရည်ညွှန်းချက်[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)