ကာရန်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ကာရန်[ပြင်ဆင်ရန်]

ကာရန် ဟူသည်မှာ အက္ခရာ၏ အဆုံးသံဖြစ်သည်။ ကာရန္တ ဟူသော ပါဠိစကားမှာ ဆင်းသက်လာသော စကားဖြစ်သည်။ အက္ခရာ၏အဆုံးသတ် (သို့မဟုတ်) အဆုံး အက္ခရာဟု အဓိပ္ပါယ်ရပါသည်။ ဥပမာ - ကအက္ခရာ၏အသံသည် ဖြစ်သည်။ ကာအက္ခရာ၏အသံသည်အာဖြစ်သည်။ ကား အက္ခရာ၏ အသံသည် အား ဖြစ်သည်။ ခဲ ဟုဆိုလျှင် အဲ ကာရန်ဟု သိရမည်။ စူးဟုဆိုလျှင် အူး ကာရန်ဟု သိရမည်။ ကာရန်ယူရာတွင် အက္ခရာ၏အဆုံးသံချင်း အညီယူသည်လည်း ရှိသည်။ တပိုဒ်နှင့် တပိုဒ်တို့၏အဆုံးရှိ အသံချင်း အညီယူသည်လည်းရှိသည်။ နှစ်ပိုဒ်၊ သုံးပိုဒ် စသော ဝါကျတို့၏ အဆုံးရှိ အသံချင်း အညီယူသည်လည်း ရှိသည်။ အက္ခရာ၏ အဆုံးကာရန်ကို ဝဏ္ဏကာရန်၊ စာပိုဒ်၏အဆုံးကာရန်ကို ပဒကာရန်၊ ဝါကျ၏အဆုံးကာရန်ကို ဝါကျကာရန် ဟူ၍ခေါ်ကြသည်။

ကာရန် (၆၄) ပါး ရှိသည်။

ကာရန်တူများ[ပြင်ဆင်ရန်]

အောက်ပါတို့သည် ကာရန်တူများ ဖြစ်ကြသည်။

ကား = စား၊ ဝါး၊ ငါး၊ လား၊ ထွား၊ တား၊ ပွား၊ ပျား။

ခင် = မင်၊ ကြင်၊ မြင်၊ စင်၊ လွင်၊ ရှင်။

ကောင်း = ထောင်း၊ မောင်း၊ သောင်း၊ ကျောင်း၊ စောင်း။

မေ = ဖေ၊ ဆွေ၊ ဝေ၊ မြေ၊ ရွှေ၊ ငွေ။

စမ်း = ဂျမ်း၊ စွမ်း၊ ကမ်း၊ ဖမ်း၊ လမ်း။

စော = မော၊ တော၊ သော၊ ပြော၊ ကော။

အေး = ငေး၊ လေး၊ တွေး၊ ဆွေး၊ ရေး။

တိုး = ဖြိုး၊ စိုး၊ မိုး၊ အိုး၊ ကြိုး၊ ဆိုး။

ထွတ် = ကျွတ်၊ လွတ်၊ ဆွတ်၊ မွတ်၊ ရွှတ်။

နီ = တီ၊ စီ၊ ရီ၊ ပြီ၊ ချီ၊ သီ၊ ညီ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မိုးမခ မီဒီယာ စာနယ်ဇင်းအဖွဲ့မွ ထုတ်ဝေသော ကဗျာဆရာ တင်မိုး၏ မြန်မာကဗျာဖွဲ့နည်း၊(၂၀၁၁၊ ဩဂုတ်)