ဦးပေါ်ဦးရဲ့ရွာ

ဝီကီပီးဒီးယား မှ

ဦးပေါ်ဦးရဲ့ရွာ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

ဦးပေါ်ဦးရဲ့ရွာ[ပြင်ဆင်ရန်]

မွေးသက္ကရာဇ်ကယ်က၊ ဧဧက်ကယ်အံဧကာတြံ၊ တထောင့်တရာခုရဲ့ ရတုနွေတန်ခူးတွင်မှ၊ ကြက်ဦးတွန်ရောင်ဖြူလင်းခဲ့၊ တနင်္ဂနွေရက်တွင်မှ၊ နေထွက်တွငမြော်မြင်ဘွားသတဲ့၊ ထင်ရှားအောင် အထူးခေါ်သမုတ်တဲ့၊ ဦးပေါ်ဦးသူ့နာမည်။

ပူရပြည်စတည်ပျိုးသည့်၊ မြတ်ဘိုးတော်ဧကရာဇ်ကယ်က၊ ပြေပြစ်စွာ အဇ္ဇာသယော ရယ်နှင့်၊ သဘောကိုလိုက်နာတို့တတ်တဲ့၊ ဆောမြို့ပိုင်နေရချွန်နှင့်၊ အတွင်းဝန် ယင်းကျွန်အနီးပေမို့၊ မင်းကြီးမဟာ နန္ဒသင်္ကြန်ဟု၊ ရာဇင်္ဂဏံ ဦးတင်သပါလို့၊ ဖူးမြင်ရသည်။

မင်းဝိဒေဟရာဇာ၊ မဟော်သဓာအမတ်ကြီးရယ်တို့၊ တတ်သီးပုံလိမ္မာရေးမတော့၊ သိင်္ဂါရွှေအချိန်တရာပေးသတဲ့၊ ရင်းအချာမင်းမဟာကလေးရယ်လို့၊ ရင်းသွေးပုတ္တံသားနှင့်၊ တည်လှူသည့် မဉ္ဇူဘုရားတဲ့၊ ဂူအလားနှင့် ငွေဥမင် မုဒ်ဒုရင်မှန်ကင်း။

ပေါင်းအတန်တန်၊ ကျောင်းကန်ဘုရားတွေနှင့်၊ ကောင်းစားပုံလယ်မြေယာနှင့်ဇယ်(တန့်ဆည်) မြေမှာကြွယ်ပေတဲ့ သူဌေးရယ်လို့၊ နုပျိုပုံကုသိုလ်အဟန်နဲမဝေးကြဘု၊ ဟိုရှေးအစဉ်က၊ ရှင်ဘုရင်ဦးပေါ်ဦးရယ်လို့၊ တော်ထူးချွန်အခွန်အခကြေးရယ်နှင့်၊ စေဒနာ ပြောကာမေးလိုက်တော့၊ မဟောသဓာလို ဩဘာမွေးသူရဲ့၊ မွေးဇာတိရင်း။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ ဧဧက်အံဧကဝ = တထောင့်တရာ့တဆယ့်တစ်။

၂။ အဇ္ဇာသယော = အဇ္ဇာသယ၊ အတွင်းသဘော။

၃။ နေရချွန် = အဆောင်အယောင်ဘွဲ့။

၄။ ရာဇင်္ဂဏံ = ရာဇင်္ဂဏ၊ မင်း၏ထံပါး။

၅။ စောဒနာ = ပြဿနာတင်၍ မေးတတ်သောအရာမျိုး။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။