ခင်မောင် (ဘဏ်)
ပုံပန်းသွင်ပြင်
(ဦးခင်မောင်(ဘဏ်) မှ ပြန်ညွှန်းထားသည်)
| ဦးခင်မောင် (ဘဏ်) | |
| ၇၅ နှစ် | |
| မွေးသက္ကရာဇ် | ၁၉၀၈ |
| အမည်ရင်း | ဦးခင်မောင် |
| မိဘအမည် | ဦးစု + ဒေါ်မြင့် |
| မွေးဖွားရာဒေသ | စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့ |
| နိုင်ငံသား | မြန်မာနိုင်ငံ |
| လူမျိုး | |
| ကိုးကွယ်သည့်ဘာသာ | |
| ပညာအရည်အချင်း | အိုင်စီအက်စ်၊ မန္တလေးဥပစာကောလိပ် |
| အလုပ်အကိုင် | ဘဏ်မန်နေဂျာ |
| ကြင်ဖော် | |
| သားသမီး | |
| ထင်ပေါ်ကျော်ကြားမှု | |
| ထင်ရှားသည့်လက်ရာများ | |
| ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ | |
| ကွယ်လွန်ရက် | ၂၀ ဒီဇင်ဘာ ၁၉၈၃ |
| ကွယ်လွန်ရာဒေသ | မန္တလေးမြို့ စိန်ပန်းယာဉ်ပုံရပ် |
| လက်မှတ် | [[Image:|100px]] |
| ကွန်ယက် | |
ဦးခင်မောင် (ဘဏ်) (၁၉၀၈ - ၁၉၈၃)
[ပြင်ဆင်ရန်]
၁၉၀၈ တွင် အဖ ဦးစု၊ အမိဒေါ်မြင့်တို့က ရွှေဘိုခရိုင် တန့်ဆည်မြို့တွင် မွေးဖွားခဲ့သည်။ ၁၉၃၂ တွင် မန္တလေးဥပစာကောလိပ်မှ အိုင်စီအက်စ် (ICS) တန်း အောင်မြင်ခဲ့သည်။
အမေရိကန် ဝါရှင်တန် ပန်းချီကျောင်းမှ လက်မှတ်ရ ဆရာ ဦးလှ (မိတ္ထီလာ) ထံမှ စာပေးစာယူဖြင့် ပန်းချီပညာ သင်ယူခဲ့သည်။
၁၉၃၄ တွင် အင်္ဂလန် ပန်းချီ စာပေးစာယူ သင်တန်းသို့ ဆက်သွယ်၍ ပညာ ဆက်လက် ဆည်းပူးခဲ့သည်။
၁၉၄၆ တွင် ဘီဘီအိုအေ ဘဏ်၌ လုပ်ကိုင်ခဲ့ပြီး၊ ၁၉၅၂ တွင် ဘဏ် မန်နေဂျာ အဖြစ် ၁၉၆၄ အထိ ဆောင်ရွက်ခဲ့ရာမှ ဦးခင်မောင် (ဘဏ်) ဟု ထင်ရှားခဲ့သည်။
၁၉၅၉ တွင် ပန်းချီကဏ္ဍသစ် စာအုပ်ကို ရေးသားခဲ့၍ ၁၉၇၉ - ၁၉၈၅ [ကိုးကားချက်လိုသည်]အထိ ပန်းရိုးမ ပြက္ခဒိန်တွင် ပန်းချီကားများ ရေးဆွဲခဲ့သည်။
၁၉၈၃ ဒီဇင်ဘာ ၂ဝ တွင် မန္တလေးမြို့ စိန်ပန်းယာဉ်ပုံရပ်၌ ကွယ်လွန်ခဲ့သည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ နေထွတ်ရဲ့ 'မန္တလေး အဘိဓာန်'