ဦးကျော်လှအဆို အစောင်းသံချို

ဝီကီပီးဒီးယား မှ

ဦးကျော်လှအဆို အစောင်းသံချို ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

ဦးကျော်လှအဆို အစောင်းသံချို[ပြင်ဆင်ရန်]

ဘောမထသင့်ပါဘု၊ ဒေါသမှောင်မြူခြယ်၍ ကြူနွယ်မှာ လူရယ်မှကြိုက်စေတော့၊ ကြမ်းတိုက်တဲ့ စကားဆို။

ချီးမွမ်းသူတယောက်ကောင်းလျှင်ဖြင့်၊ တသောင်းလူကဲ့ရဲ့အုံးစေတော့၊ နှလုံးရည်ပုံ မဝရှာလို့၊ ဒေါသစိတ်ပို။

ကာလဉာဏ် ရေပေါ်သွားလိုဖြင့်၊ စော်ကားပေါင်သည်တည၊ ရယ်ရရုံ စာကလိလိုက်၊ မောင်းထောင်ကြီးတက္ကသိုလ်၊ ဝန်တို၍ မစောင်း။

ရပ်ပြစ်ရှစ်ဆိုတရား၊ နားမျက်စိ မမြင်ကွယ်တတ်သတဲ့၊ စင်လယ်မှာ မဖြေလောက်သော်ကြောင့်၊ စင်အောက်ကို မောင်ကြူဆင်းတော့၊ အခင်းရေပြန်နှင့် ဖက်သည့်ပြင်၊ ကျွက်ကျွက်ဆူ အော်ကာလန့်ရှာလိမ့်၊ မဒီတွေထမီဖြန့်ပါလို့၊ အဆီရေ အညှီပြန့်ပါလိမ့်မကွယ်၊ မင်းဉာဏ့်နှာခေါင်း။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။