ကောသလ္လ၊ ဦး (ဓမ္မစေတီ)

ဝီကီပီးဒီးယား မှ
(ဦးကောသလ္လ (ဓမ္မစေတီ) မှ ပြန်ညွှန်းထားသည်)

ဘဒ္ဒန္တကောသလ္လ (ဓမ္မစေတီဆရာတော်) သည် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး သာသနတက္ကသီလ မဟာဓမ္မစရိယ (MA. Buddhism) ဘွဲ့ကို ရရှိထားသော ဆရာတော်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့(တပေါင်းလပြည့်နေ့)တွင် နိုင်ငံတော်အစိုးရက ဆပ်ကပ်သော ဓမ္မကထိကဗဟုဇနဟိတဓရဘွဲ့ကို ရရှိခဲ့သည်။

မွေးဖွားခြင်း[ပြင်ဆင်ရန်]

ဆရာတော်ကို ရန်ကုန်တိုင်းတောင်ဥက္ကလာပမြို့နယ်၊ ၁၃ ရပ်ကွက်၌ ခမည်းတော် ဆရာဦးသန်းမြင့်၊ မယ်တော် ဆရာမ ဒေါ်တင်လှ တို့မှ ၁၉၆၂ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့၊ မြန်မာသက္ကရာဇ် ၁၃၂၃ ခု၊ ပြာသိုလဆန်း ၃ ရက်၊ တနင်္လာနေ့တွင် မွေးဖွားခဲ့သည်။

သာသနာ့ဘောင်သို့ ဝင်ရောက်ခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၃၄၂ ခုနှစ်၊ ကဆုန်လတွင် ရှင်သာမဏေအဖြစ် ရောက်ရှိခဲ့ပြီး ဥပဇ္ဈာယ်ဆရာတော်မှာ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကျိုက္ကစံအနောက် ပရိယတ္တိမဉ္ဇူစာသင်တိုက်၏ ပဓာန နာယက ဆရာတော် ဘဒ္ဒန္တဝါယမ ဖြစ်သည်။ ဆရာတော်သည် ၁၃၄၃ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်နေ့တွင် ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ မဟာအောင်မြေ ရွှေကူတိုက်သစ်ဆရာတော် ဘဒ္ဒန္တဥက္တံသဗုဒ္ဓိကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။

စာပေလေ့လာခြင်း[ပြင်ဆင်ရန်]

ဥပဇ္ဈယ်ဆရာတော်များ၊ မစိုးရိမ်ဆရာတော် ဦးရာဇဓမ္မာဘိဝံသ၊ ဦးဝါသေဌာဘိဝံသ၊ ဆရာတော်ဦးတေဇနိယဉာဏတို့ထံ စာပေများလေ့လာခဲ့သည်။

ဓမ္မစေတီဟု ခေါ်တွင်ကြခြင်း[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ တိမ်မြုပ်နေသော ထေရဝါဒနည်းစနစ်ဖြင့် စေတီတော်ကို ကိုးကွယ်သည့်နည်းကို သင်တန်းဟောကြားသောကြောင့်လည်းကောင်း ဓမ္မစေတီထေရဝါဒသာသနာပြုကျောင်းတွင် သီတင်းသုံးသောကြောင့်လည်းကောင်း ဓမ္မစေတီဆရာတော်ဟု ခေါ်တွင်ကြခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]