ဥရောပလွတ်လပ်စွာ ကုန်သွယ်ရေးအသင်း

ဝီကီပီးဒီးယား မှ

၁၉၆ဝ ပြည့်နှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် နော်ဝေ၊ ဆွစ်ဇာလန်၊ ဒိန်းမတ်၊ ဆွီဒင်၊ ပေါ်တူဂယ်၊ ဩစတီးယားနှင့် ဗြိတိန်နိုင်ငံတို့သည် ဥရောပ စီးပွား ရေးအဖွဲ့ ဥရောပဘုံဈေးအဖွဲ့ နှင့် ဆက်သွယ်၍ ဥရောပလွတ်လပ်စွာ ကုန်သွယ်ရေးဒေသတစ် ခုကို ဖန်တီးရန်အတွက် စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ကြသည်။ ယင်းစာချုပ်အရ ၁၉၆ဝ ပြည့်နှစ် မေလ ၃ရက် နေ့တွင် ဥရောပလွတ်လပ်စွာ ကုန်သွယ်ရေးအသင်း(အီးအက်ဖတီအေ)ဟူ၍ ပေါ်ပေါက်လာပြီး အထက်ပါနိုင်ငံ ခုနစ်နိုင်ငံတို့သည် အဖွဲ့ဝင်များအဖြစ် ပါဝင်ကြသည်။ ၁၉၆၁ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဖင်လန်နိုင်ငံသည် ယင်းအသင်းနှင့် ပူးပေါင်းဆောင် ရွက်လာသည်။

ဥရောပလွတ်လပ်စွာ ကုန်သွယ်ရေးအသင်း၏ ရည်ရွယ် ချက်မှာ အဖွဲ့ဝင်နိုင်ငံအချင်းချင်း အကောက် ခွန်မဲ့ လွတ်လပ်စွာ ကူးသန်းရောင်းဝယ် နိုင်ရေးပင်ဖြစ်သည်။ ၁၉၆၆ ခုနှစ် ဒီဇင်ဘာ လ ၁ ရက် နေ့မှစ၍ အဖွဲ့ဝင်နိုင်ငံအချင်းချင်းအကောက်အခွန်မဲ့ ကူးသန်းရောင်းဝယ်ရေးကို စတင်အကောင်အထည် ဖော်ခဲ့သည်။ သို့သော် အကောက်အခွန်မဲ့ ကူးသန်းရောင်းဝယ်ရေးတွင် စက်မှု ကုန်ပစ္စည်းများသာ အကျုံးဝင်၍ လယ်ယာကုန် ပစ္စည်းများမပါ ဝင်ချေ။

ဥရောပ လွတ်လပ်စွာ ကုန်သွယ်ရေး အသင်းတွင် အထွေထွေ လုပ်ငန်းများကို စီမံခန့်ခွဲ ဆောင်ရွက်ရန် အတွက် ကောင်စီအဖွဲ့ရှိသည်။ အဖွဲ့ဝင်နိုင်ငံတိုင်းမှ ကိုယ်စားလှယ်တစ်ဦး ကျစီသည် ကောင်စီဥက္ကဋ္ဌ အဖြစ် ခြောက်လတစ်ကြိမ်အလှည့်ကျ ဆောင်ရွက်ရသည်။ ဥရောပလွတ်လပ်စွာ ကုန်သွယ်ရေး အသင်း ၏ဌာနချုပ်ကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ထားရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)