ဥစ္စာသယန မဟာသယနမျိုး အပြား ၂၀

ဝီကီပီးဒီးယား မှ

ဥစ္စာသယန မဟာသယနမျိုး အပြား ၂၀။ ဘုရားဟောတော်မူသည်ဖြစ်၍ ရှစ်ပါးသီလသမားများ လိုက်နာရှောင်ကြဉ်ရမည့်မြင့်သောနေရာနှင့်မြတ်သောနေရာ အပြားနှစ်ဆယ်ဟူ၏။

  • (၁) အာသန္ဒိ - လူတမ်းစေ့သူတို့၏ တစ်တောင့်ထွာထက်လွန်သော အခြေရှိသည့် ညောင်စောင်းအင်းပျဉ် ခုတင် အထူးများ။
  • (၂) ပလ္လင်္ကအခြေ၌ ခြင်္သေ့ သားရဲရုပ်တပ်သော ပလ္လင်နေရာ။
  • (၃) ဂေါနက - လက်လေးသစ်ထက် ကျော်လွန်သော မွေးရှည်ကော်ဇောကြီး။
  • (၄) စိတ္တက - အရုပ် ပန်းကွက်တို့ဖြင့် ဆန်းကြယ်စွာ ယက်လုပ်ထားသော သားမွေးအခင်း။
  • (၅)ပဋိက - သားမွေးဖြင့်ပြုလုပ်အပ်သော ခင်းနှီးဖြူ။
  • (၆) ပဋလိက - ပန်းပြောက်ခြယ်သော သားမွေးအခင်း။
  • (၇) တုလိက - လဲမျိုး ၃-ပါးဖြင့် သွတ်သွင်းထားသော မွေ့ယာခင်း။
  • (၈) ဝိကတိက - ခြင်္သေ့ ကျား သစ် စသောအရုပ်တို့ဖြင့် ဆန်းကြယ်သော သိုးမွေးခင်းနှီး
  • (၉) ဥဒ္ဒလောမိ - နှစ်ဘက် အမွေးရှိသော သားမွေးခင်းနှီး။
  • (၁၀) ဧကန္တလောမိ - တစ်ဘက်သာ အမွေးရှိသော သားမွေးခင်းနှီး။
  • (၁၁) ကဋ္ဿ - ရတနာ ရွှေငွေတို့ဖြင့် ချုပ်ကပ် လိမ်းကျံထားသော ပိုးချည်ရက်အခင်း။
  • (၁၂) ကောသေယျ - ရတနာ ရွှေချည် ငွေချည်တို့အကြား၌ ပိုးချည်ဖြင့်ရက်လုပ်ထားသောခင်းနှီး။
  • (၁၃) ကုတ္တက - ကချေသည်မ ၁၆-ယောက်တို့ ကလောက်သော သားမွေးကော်ဇော်ကြီးမျိုး။
  • (၁၄) ဟတ္ထတ္ထရဏ - ကောင်းမြတ်သော ဆင်နှီးကုန်း။
  • (၁၅) အဿတ္ထရဏ - ကောင်းမြတ်သော မြင်းနှီးကုန်း။
  • (၁၆) ရထတ္ထရဏ - ရထား၌ခင်းသော နူးညံ့အိစက်သည့် ခင်းနှီး။
  • (၁၇) အဇိနပ္ပဝေဏိ ညောင်စောင်းပမာဏ ချုပ်လုပ်ထားသည့် သစ်နက်ရေအခင်းကြီး။
  • (၁၈)ကဒလိ မိဂပဝရ ပစ္စတ္ထရဏ - ဝံပိုင့်ရေဖြင့် ပြုလုပ်ထားသည့် မြတ်သောခင်းနှီး။
  • (၁၉)သဥတ္တရစ္ဆရဒ - နီသော ဗိတာန် မျက်နှာကြက်အောက်ရှိ သားမွေးခင်းနှီး။
  • (၂၀) ဥဘတော လောဟိတ ကူတဓါန - ခြေအုံး ခေါင်းအုံး နှစ်ဘက်တပ်ထားသည့် အခင်းတစ်မျိုး။ [၁]


ကိုးကား[ပြင်ဆင်ရန်]

  1. ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း