အ.လ.က(၃)ပုဇွန်တောင်

ဝီကီပီးဒီးယား မှ

ပုဇွန်တောင်မြို့နယ် အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း သည် အစိုးရ အလယ်တန်းကျောင်း တစ်ကျောင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် အမှတ်(၅)ရပ်ကွက် (ညောင်တန်း)တွင် တည်ရှိသည်။ ဒေသအခေါ် ညောင်တန်းကျောင်းဟု လူသိများကြသည်။ သူငယ်တန်း (KG)မှ အဌမတန်း (G-8) အထိ သင်ကြားပို့ချသော ကျောင်းတစ်ကျောင်းဖြစ်သည်။ ရှေးယခင်က ညောင်တန်းဘော့တံတား အနီး (ယခု အဏ္ဏဝါ ငါးလုပ်ငန်း လုပ်ကိုင်ရာနေရာ)တွင် တည်ရှိပြီး ယခု‌ လေးထပ်ကျောင်းဆောင် တည်ရှိရာသို့ ၁၉၉၈ခုနှစ်တွင် ကျောင်းဆောင်သစ် ဖွင့်ပွဲပြုလုပ်၍ ပြောင်းရွေ့လာရခြင်း ဖြစ်သည်။